သင့်ကလေးကို သားချော့တေးများကို ဆိုပြပါ။ အသက်ကြီးလာလျှင် ကစားစရာကားများမှ ဟာသသီချင်းမျိုးကို ဆိုပြပါ။ တူရိယာတစ်ခုခု တီးပြနိုင်သော အခြေအနေသို့ ရောက်လာလျှင် သင့်အနေဖြင့် တတ်နိုင်သမျှ များများလုပ်လာနိုင်ပါသည်။ ဤသို့ပြုလုပ်ခြင်းများသည် သင့်ကလေးအား ဂီတချစ်မြတ် နိုးစိတ်ကို ပြုစုပျိုးထောင်ပေးရာ ရောက်သည့်အပြင် ချစ်ခြင်း မေတ္တာ ပြသရာလည်း ရောက်ပါသည်။
ဖြစ်နိုင်လျှင် သီချင်းကို အတူတူဆိုပါ။ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး သင့်ကလေးနှင့် အတူတူဆိုပါ။ မိသားစုဝင် များများနှင့် ဆိုလေ ပို၍ ပျော်စရာကောင်းလေ ဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်း များသည် သင့်ကလေးအား ပျော်ရွှင်ကြည်နူးနေချိန်၌ သီချင်း များနှင့် ထိစပ်ပေးသည့်အတွက် ဂီတမြတ်နိုးစိတ်ကို ပိုမိုမြှင့်တင် ပေးရာ ရောက်ပါသည်။
သီချင်းများကို သင်ထောက်ကူပစ္စည်းအဖြစ် သုံးပါ။
ကိန်းဂဏန်းများ၊ အက္ခရာများ သင်ရာ၌ ပျင်းရိဖွယ် သင်ခန်းစာများအစား စိတ်ဝင်စားဖွယ်ဖြစ်အောင် သီချင်းများဖြင့် သင်ကြားပေးပါ။ ယခုအခါ သင်ကြားမှုများ၌ သီချင်းများကို သုံးလာကြ၍ တကယ်လည်း အလုပ်ဖြစ်ပါသည်။ ဤနည်းဖြင့် အလုပ်နှစ်ခုကို တစ်ခါတည်း ပြီးမြောက်စေပါသည်။ သင့်ကလေးသည် ဗဟုသုတများကို လွယ်ကူလျှင်မြန်စွာနှင့် ကြာရှည်မြဲမြံစွာ မှတ်မိ၍ ဂီတကိုလည်း ပိုမိုခင်တွယ်လာပါလိမ့်မည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။