backup og meta

ကလေးများ တစ်နေ့လျှင် သကြားပမာဏ မည်မျှစားသင့်သနည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများ တစ်နေ့လျှင် သကြားပမာဏ မည်မျှစားသင့်သနည်း

    ကလေးများသည် တစ်နေ့လုံး သကြားလုံး စားရရင်တောင်ရိုးအီသွားသည်ဟုမရှိပါ။ ထမင်းစားချိန်တွင်တောင်မှ အအေးများ၊ အချိုရည်များ သောက်ချင်ကြပါသည်။ ထိုအခါ မိဘများအနေနှင့် စဉ်းစားရခက်ပါသည်။ ကလေးများ၏ လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးရမလား။ သကြားဟာကလေးတွေအတွက် မကောင်း၍ သူတို့လိုအင်ဆန္ဒကိုဆန့်ကျင်ပြီး မကျွေးဘဲနေရမလား။ ဘယ်အရာသည်မှန်ကန်သောရွေးချယ်မှုလဲ။

    ၁။ ကလေးများသည်အဘယ်ကြောင့် သကြားများစွာ မစားသင့်တာလဲ။

    ယေဘုယျအားဖြင့် လူအတော်များများဟာ နေ့စဉ်သကြားများစွာ စားသုံးလျက်ရှိကြပြီး တစ်နေ့တာ စားသုံးသည့်သကြားပမာဏကို လျော့ချသင့်သည် ဆိုသောအကြံပြုချက် တွေကိုလည်း ရရှိလျက်ရှိသည်။ သကြားကို အစားအစာများ၊ ဖျော်ရည်များ၊ ပျားရည်၊ ကလေးသောက်ဆေးရည်အပြင် သကြားမပါဝင်သော သစ်သီးဖျော်ရည်ဟု တံဆိပ်ကပ်ထားသောပစ္စည်းများတွင်တောင်မှ သကြားကို ထည့်လေ့ရှိကြပါသည်။ ဤအစားအစာများတွင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် နို့တွင်ပါဝင်သော သဘာဝသကြားများ ပါဝင်လေ့မရှိကြပါ။ အကယ်၍ သင့်ကလေးကို ကောင်းမွန်စွာကြီးထွားစေချင်သည်ဆိုပါက ကလေးစားသောသကြားပမာဏကို ကန့်သတ်ပေးရပါမည်။

    သကြားသည် ကောင်းကျိုးထက်ဆိုးကျိုးကိုပိုဖြစ်စေပါသည်။ သကြားပါသောအစားအစာများ စားခြင်းအားဖြင့် အာဟာရဆိုင်ရာပြဿနာများအပြင်၊ အစာချေခြင်းဆိုင်ရာပြဿနာများကိုလည်း ဖြစ်ပွားစေနိုင်ပါသည်။ သင်သိသင့်သည်က သင့်ကလေးသည် စွမ်းအင်အာဟာရများ၊ အသားဓာတ်များ၊ ဗီတာမင်များနှင့် သတ္တုဓာတ်များ ပမာဏများစွာလိုအပ်ပါသည်။ သို့သော် သကြားပါသော၊ ချိုသော အစားအစာများတွင် သကြားနှင့်ကယ်လိုရီမှလွဲ၍ အထက်ပါလိုအပ်သော အာဟာရများ တစ်ခုမှ မပါဝင်ပါ။ အကယ်၍သင့်ကလေးသည် သကြားများစွာစားနေပြီဆိုပါက အချိန်ကြာလာလျှင် သင့်ကလေးတွင်အာဟာရချို့တဲ့မှု ၊ နှင့် အာဟာရမမျှတမှုများ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။

    ၂။ ကျွန်ုပ်တို့အနေနှင့် ကလေးများ၏ အစားအစာများထဲမှ သကြားကို ဘယ်လိုလျှော့ချမလဲ။

    သင်သည် ကလေးများ၏ နေ့စဉ်အစားအစာများထဲတွင် သကြားပါဝင်မှုကို လုံး၀ ဖြတ်တောက်လိုက်ရမည်ဟု မဆိုလိုပါ။ တကယ်တော့ ကာဗိုဟိုက်ဒရိတ်များသည် အဓိက အစားအစာအုပ်စုလေးစုအနက် တစ်ခုဖြစ်သည်။ အဓိကအစားအစာလေးခု ဆိုသည်မှာ ကာဗိုဟိုက်ဒရိတ်၊ အသားဓာတ်၊ အဆီ၊ ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်ပါသည်။ နေ့စဉ်အစားအစာများထဲသို့ ထည့်သော သကြားပမာဏကို လိုအပ်သလောက် အသင့်အတင့် ထည့်သင့်ပါသည်။ ထို့ထက်ပိုပြီး သကြားအစားများပါက အဝလွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါနှင့် နှလုံးသွေးကြောကျဉ်းဆိုင်ရာပြဿနာများ ဖြစ်နိုင်ပါသည်။

    ၃။ ကလေးများ၏ အချိုကြိုက်သော သဘာဝကို ဘယ်လိုတားဆီးမလဲ။

    နည်းလမ်းများစွာရှိပါသည်။ ကလေးတွေကို ကိတ်မုန့်၊ ဘီစကစ်နှင့် သကြားလုံးများ ကျွေးမည့်အစား ဆားမပါဝင်သော အစေ့အဆံ၊ ပေါင်မုန့်ချောင်း၊ သစ်သီးများ၊ ဆန်မုန့်များကျွေးနိုင်ပါသည်။ ဒုတိယအနေနှင့် သင့်ကလေးကို အချိုရည်များအစား သစ်သီးဖျော်ရည် သို့မဟုတ် ရေတိုက်နိုင်ပါသည်။ တတိယအချက်အနေနှင့် သင့်ကလေးကို မိသားစုအတွက် အစားအစာပြင်ဆင်ချက်ပြုတ်ရာမှာ ပါဝင်ခိုင်းပါ။ အဘယ်ကြောင့်ဆိုသော် အစားအစာပြင်ဆင်ချက်ပြုတ်ရာမှာ သင့်ကလေးကိုပါဝင်စေခြင်းအားဖြင့် သူတို့သည်ပိုမိုပြီးစားချင်စိတ်ဖြစ်ပေါ်ပါလိမ့်မည်။ နောက်ဆုံးတစ်ချက်ကတော့ ကလေးများသည် လူကြီးများ၏အမူအကျင့်များကို အတုခိုးတတ်ခြင်းကြောင့် သင်ကိုယ်တိုင် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာကို ရှေ့ဆောင်လမ်းပြစားပြပါ။

    အကြံဉာဏ်ပေးလိုသည်က သကြားကိုလုံးဝမစားဖို့ တားဆီးပိတ်ပင်ဖို့မဟုတ်ပါဘူး။ သင့်ကလေးကို ကျန်းမာရေးနှင့်ပိုမိုညီညွတ်သော အစားအသောက်များ ပိုမိုစားသောက်ဖို့ အားပေးစေလိုခြင်းဖြစ်ပါသည်။ သစ်သီးများ၊ဟင်းသီးဟင်းရွက်များ၊ အမျှင်ပါသောအစားအစာများ ပိုမိုစားစေပါ။ သင့်ကလေးကိုတက်ကြွပျော်ရွှင်နေစေဖို့လည်း အရေးကြီးတာကြောင့် အားကစားအမျိုးမျိုး၊ လုပ်ငန်းဆောင်တာအမျိုးမျိုးတွင် ပါဝင်လုပ်ဆောင်စေခြင်းကလည်း အရေးကြီးပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement