ချောင်းဆိုးချွဲကြပ်နေတယ်၊ ဆေးတိုက်ဖို့ကျတော့လည်း ကလေးကငယ်နေသေးတယ်ဆို ဒါတွေလုပ်ကြည့်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 17, 2020 . 2 mins read
Share now

လူကြီးတစ်ယောက် ချောင်းဆိုးချွဲကြပ်ရင် ဆေးလေးဝယ်သောက်လိုက်တာဟာ ကိစ္စမရှိပေမယ့် ကလေးအရွယ်တွေကျတော့ တွေ့ကရာဆေးသောက်လို့ မရပါဘူး။ ကလေးဆေးတွေက ပမာဏကို ချိန်တွက်ပြီးမှ သောက်ရတာကြောင့် သေချာနားမလည်ရင် ပိုသောက်မိသွားပြီး ကလေးမှာ အန္တရာယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူကြီးတွေတောင် ခံရတာ နုနယ်တဲ့ကလေးတွေဆို ပြောစရာလိုမယ်မထင်ပါဘူး။ ဒါကြောင့် အိမ်က ကိုယ့်ကလေးတွေ ချောင်းဆိုးချွဲကြပ်ရင် ဆေးတွေတိုက်ဖို့ မစဉ်းစားဘဲ သဘာဝကုထုံးလေးတွေနဲ့အရင် သက်သာအောင်လုပ်ကြည့်ပ့ါ။

ကလေးတွေ ချောင်းဆိုးချွဲကြပ်တာကို သက်သာစေမယ့် သဘာဝကုထုံးများ။ ။

  • ကလေးခေါင်းကို မြင့်နေအောင်ထားပါ။ ။

အိပ်ချိန်ဆို ကလေး ကျော၊ ပခုံးနဲ့ ခေါင်းအောက်မှာ ခေါင်းအုံးလေးတွေထားပေးပါ။ ဒါမှ ချွဲတွေ အပေါ်ကို ပြန်တက်မလာလို့ လည်ချောင်းယားသက်သာသွားပြီး ချောင်းဆိုးချင်တော့မှာ မဟုတ်ပါဘူး။ ခေါင်းကိုကိုယ်ထက်မြင့်နေအောင်ထားလိုက်တာကြောင့် ကလေး အသက်ရှူရတာလည်း ပိုကောင်းသွားပါလိမ့်မယ်။

  • ရေချိုးခန်းကို ရေနွေးငွေ့တွေပြည့်နေအောင်လုပ်ထားပါ။

မိုးလင်းပြီဆိုတာနဲ့ ရေချိုးခန်းထဲက ရေပူပိုက်ကို ဖွင့်ပြီးတံခါးပိတ်ထားလိုက်ပါ။ ပြီးတာနဲ့ကလေးကို ချီပြီး ရေနွေးငွေ့ပြည့်နေတဲ့ ရေချိုးခန်းထဲမှာ ဝင်ထိုင်နေပါ။ ရေနွေးငွေ့တွေကြောင့် ကလေးရဲ့ နှာခေါင်းနဲ့ လည်ချောင်းထဲမှာ ရှိတဲ့ချွဲတွေ တဖြည်းဖြည်း ပျော်လာပြီး ကလေး ဟတ်ထုတ်ရ လွယ်သွားပါလိမ့်မယ်။ ကလေးဟတ်ထုတ်ရခက်နေရင် ချွဲတွေကျေဖို့အတွက် ကလေးကျောကို ဖြည်းဖြည်းလေးပုတ်ပေးပြီး ကူညီပေးပါ။ ဒါကလည်း ကလေးချွဲကြပ်တာကို သက်သာစေမယ့် နည်းတစ်မျိုးပါ။

  • ရေငွေ့ပေးစက်သုံးပါ။

ညဘက်ကလေးအိပ်ချိန်ဆို ရေငွေ့ပေးစက်လေးဖွင့်ပေးထားလိုက်ပါ။ ရေငွေ့ပေးစက်ကထွက်တဲ့လေတွေဟာ အသက်ရှူလမ်းကြောင်းကို စိုစွတ်စေလို့ ချွဲတွေပျော်အောင် ကူညီပေးပါလိမ့်မယ်။ ချွဲတွေ မကြပ်တော့ရင် အသက်ရှူရကောင်းသွာပြီး ချောင်းဆိုးချင်မှာလည်း မဟုတ်တော့ပါဘူး။ မနက်ရောက်ရင်တော့ အခန်းထဲက ရေငွေ့တွေ ခြောက်အောင် ပြတင်းပေါက်ကို ဖွင့်ထားပါ။ အခန်းထဲမှာ ရေငွေ့တွေ အများကြီးစုလာရင် မှိုတွေ ပေါက်တတ်လို့ပါ။

အိပ်ခါနီး ကလေးရင်ဘတ်ပေါ်ကို ရင်လူးဆေးလိမ်းပြီး လက်နဲ့ဖြည်းဖြည်းလေးပွတ်ပေးပါ။ ချွဲတွေကြေသွာပြီး ကလေးလည်း ချောင်းမဆိုးချင်တော့လို့ အိပ်ရေးပျက်ရတဲ့ညတွေထဲက သင်လွတ်မြောက်သွားမှာပါ။ ကလေးအသက် ၂ နှစ်ကျော်မှ ရင်လူးဆေးသုံးတာ ပိုကောင်းပါတယ်။

  • အရည်များများတိုက်ပါ။ ။

ရေဟာ လည်ချောင်းထဲမှာ ကြပ်နေတဲ့ ချွဲတွေကို ပျော်စေလို့ ဟတ်ထုတ်ရလွယ်စေတဲ့အပြင် လည်ချောင်းထဲမှာ ရှိနေတဲ့ ပိုးတွေကိုလည်း အစာအိမ်ထဲကို ရောက်သွားစေပြီး ပိုးတွေသေစေပါတယ်။

  • အချိုလျှော့ထားတဲ့ နွားနို့်လည်း တိုက်ပေးလို့ရပါတယ်။

အရည်များများဆို လူတိုင်းက ရေကိုပဲပြေးမြင်တတ်ကြပြီး နွားနို့ကို မေ့နေကြပါတယ်။ နွားနို့ဟာ ရေဓါတ်ကြွယ်ဝတဲ့အပြင် ခုခံအားကို ကောင်းစေတဲ့ ပရိုတင်းဓာတ်ေတွ အများကြီး ပါတာကြောင့် သင့်ကလေး ဆိုးနေတဲ့ ချောင်း အမြန်ဆုံးပျောက်သွားမှာပါ။

ဒါတွေဟာ ကလေးကို ဆေးမတိုက်ချင်ရင် ချောင်းဆိုးသက်သာအောင်လုပ်လို့ရတဲ့ သဘာဝ ကုထုံးတွေပဲဖြစ်ပါတယ်။ ။

ဘယ်အချိန်မှာ ဆရာဝန်ဆီသွားဖို့လိုလဲ ။ ။

  • ချောင်းဆက်တိုက်ကြီးဆိုးနေပြီ
  • အသက်ရှူတဲ့အချိန်မှာလည်း ရှိုက်သံတွေကြားနေရပြီ
  • ကိုယ်လည်းပူနေမယ်
  • ချောင်းဆိုးရင် သွေးတွေပါလာမယ်
  • ချောင်းဆိုးတာ ၂ ပတ်ထက်ကြာနေမယ်ဆိုရင်တော့ သင့်ကလေးကို ဆရာဝန်ဆီ သွားပြဖို့လိုအပ်ပါပြီ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Pandemic ဖြစ်နိုင်ခြေရှိနေတဲ့ ဗိုင်းရပ်စ်အသစ် တရုတ်မှာတွေ့

COVID-19၊ တရုတ်နိုင်ငံ၊ ကပ်ဘေး၊ ဝက်တုပ်ကွေးး၊ H1N1 ဗိုင်းရပ်စ်၊ ကိုယ်ခံအားစနစ်၊ ဆပ်ပြာ၊ လက်သန့်စင်ဆေး၊ မျက်နှာဖုံး၊လူစုလူဝေး၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု

ကျောက်ကပ် ကျောက်ကပ်ရောဂါ ကျောက်ကပ်ကျန်းမာရေး ဂရုစိုက်ခြင်း အပြုအမူ ဆောင်ရန်ရှောင်ရန် ကျောက်ကပ်ထိခိုက်ခြင်း အရက် ဆေးဝါး ရေ အစားအသောက် ရောဂါအခံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဘေဘီလေးကို ဘယ်အချိန်မှာ ချောကလက် စကျွေးမလဲ။

ဘေဘီလေး မေမေ့နို့ အစာစစား ပန်းဂေါ်ဖီစိမ်း အစာမာ ရေ မေမေဖေဖေ ချောကလက် ကဖင်းဓာတ် သွေးပေါင်ချိန် နှလုံးခုန်နှုန်း အာရုံကြောစနစ် label

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ညအိပ်ရာမဝင်ခင် ရေသောက်ရအောင်

လူတွေက အိပ်ပျော်နေတဲ့အချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်က တစ်ပေါင်ခွဲစာလောက် ဆုံးရှုံးနေပါတယ်။ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်နိုင်ဖို့ ရေကို လိုအပ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2020 . 2 mins read
ဖိုးဖိုးဖွားဖွားတို့ ဝမ်းချုပ်တာ သက်သာစေဖို့ အိမ်တွင်းကုထုံး

ဖိုးဖိုးဖွားဖွားတို့ ဝမ်းချုပ်တာ သက်သာစေဖို့ အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2020 . 1 min read

မိသားစုဝင်အချင်းချင်း အဖျားမကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 25, 2020 . 2 mins read
ရှုဆေးရှုတိုင်း ကောင်းရဲ့လား

ရှူဆေးရှူတိုင်း ကောင်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 17, 2020 . 2 mins read