ကလေးကို သူရဲ့ကစားစရာတွေနဲ့အတူ ဆရာဝန်လုပ်တမ်းကစားဖို့ အစဖော်ပေးလိုက်ပါ။ ကိုယ်တိုင်လည်း ပါဝင်ကစားရင်း လူနာတစ်လှည့် ဆရာဝန်တစ်လှည့်လုပ်ပေးပါ။ ဒီလိုကစားပေးရင်း ဆေးသောက်လာအောင် ဆွဲဆောင်လိုက်ပါ။
ဆေးတွေကို မျိုချတတ်အောင် သင်ပေးပါ
ကလေးကို အရွယ်လည်းနည်းနည်းရလာတာနဲ့ ဆေးတွေကို မျိုချတတ်အောင် သင်ပေးပါ။ ဆေးလုံးသေးသေးလေးတွေကနေစပြီး ဆေးလုံးအကြီးတွေအထိ တဖြည်းဖြည်းချင်းမျိုချတတ်လာအောင် သင်ပေးပါ။ ဆေးသောက်တဲ့အခါ ရေများများသောက်ခိုင်းပါ။
ဆေးကို တစ်လုံးချင်း တိုက်ပေးပါ
ကလေးတွေက လူကြီးတွေလိုမျိုး တစ်ခါတည်းနဲ့ အများကြီးကို မျိုမချနိုင်ပါဘူး။ ဒါကြောင့် ကလေးတွေကို ဆေးတိုက်တဲ့အခါ ဆေးတွေကို တစ်ခါတည်းအကုန်မသောက်ခိုင်းပါနဲ့။ တစ်လုံးပြီးမှ တစ်လုံးသောက်ခိုင်းပေးပါ။
ကလေးအပေါ်မှာ ရိုးသားပါ
ဆေးက ခါးနေတာကို ချိုလိုက်တာဆိုပြီး ပြောတာမျိုးမလုပ်ပါနဲ့။ ကလေးက တကယ်သောက်လိုက်တဲ့အခါ မချိုဘဲခါးနေတာသိသွားခဲ့ရင် နောက်တစ်ခါဆေးတိုက်ဖို့ ပိုခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဆေးတိုက်တဲ့အခါ ဆေးကတော့ခါးတယ်။ ဒါပေမယ့် ဒီဆေးသောက်လိုက်တဲ့အခါ နေမကောင်းတာ သက်သာသွားမယ်။ နေကောင်းသွားတဲ့အခါ သွားချင်တဲ့ဆီကို သွားလို့ရမှာဖြစ်သလို၊ စားချင်တာတွေလည်း စားလို့ရမယ်ဆိုတဲ့အကြောင်းနဲ့ သူငယ်ချင်းတွေနဲ့လည်း ကစားလို့ရမယ်ဆိုတဲ့အကြောင်း ရှင်းပြပေးပါ။
ဒီနည်းလေးတွေက ဆေးတိုက်ရခက်တဲ့ ဘေဘီလေးတွေရဲ့ဖေဖေမေမေတွေအတွက် အသုံးတည့်မယ်ထင်ပါတယ်။ ကလေးတိုင်း ကျန်းမာကြပါစေကြောင်း
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။