ကလေးတွေကို စည်းကမ်းတင်းကျပ်ပြီးပုံစံချလွန်းတာမကောင်းသလို သွန်သင်ထိန်းကျောင်းမှုမရှိလို့လည်းမဖြစ်ပါဘူး။ ကလေးတွေကို ပျိုးထောင်ရာမှာလည်း နည်းလမ်းမှန်ကန်ဖို့က အရေးကြီးပါတယ်။ ကလေးတွေကို သွန်သင်ထိန်းကျောင်းရင်း မိဘတွေလုပ်မိတတ်တဲ့ အမှား တွေရှိပါတယ်။ မသိလိုက်ဘဲ လုပ်မိနေတဲ့ နည်းလမ်းမှားတွေက ကလေးတွေရဲ့ကြီးပြင်းမှုမှာ အကျိုးဆက်မကောင်းတဲ့ ဂယက်တွေဖြစ်လာစေနိုင်ပါတယ်။ အခု သင့်ကလေးကို ပျိုးထောင်တဲ့နည်းလမ်းကရော မှန်ကန်ရဲ့လားဆိုတာ အောက်မှာဖော်ပြထားတဲ့ မိဘတွေရဲ့အမှား တွေကို ကြည့်ရအောင်။