မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ခံတွင်းကင်ဆာဆိုတာ လျှာ၊ ပါးစပ်၊ နှုတ်ခမ်း သို့မဟုတ် သွားဖုံးမျက်နှာပြင်တွေကနေ အကြိတ်တွေထွက်လာခြင်းကိုခေါ်ပါတယ်။
ဒီအကြိတ်တွေဟာ တံတွေးဂလင်းတွေ၊ tonsils တွေနဲ့ pharynx (ပါးစပ်ကနေ လေပြွန်ထိရှိတဲ့ လည်ချောင်းအစိတ်အပိုင်း)တွေကနေလည်း ထွက်ပေါ်လာတတ်ပေမယ့် ဒါတွေက အဖြစ်နည်းပါတယ်။
ခံတွင်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့
• လည်ချောင်းနာ မပျောက်တာ
• နှုတ်ခမ်းအနားသတ်မှာရှိတဲ့အသားတွေထူလာခြင်း၊ ဖောင်းလာခြင်း
• ပါးစပ်တွင်းမှာ အဖြူရောင် သို့မဟုတ်အနီရောင်အကွက်တွေဖြစ်နေခြင်း
• သွားကျွတ်ခြင်း
• သွားတု၊ အံကပ်များ လျော့ရဲလာခြင်း
• လျှာနာခြင်း
• မေးရိုးနာကျင်ခြင်း သို့မဟုတ် တင်းကြပ်နေခြင်း
• ဝါးရာမှာခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း
• မြိုချရာမှာ ခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း
• လည်ချောင်းနာခြင်း
• လည်ချောင်းထဲ တစ်ခုခုတစ်နေသလို ခံစားရခြင်း တို့ပါဝင်ပါတယ်။
အထက်ဖော်ပြပါအချက်တွေမဟုတ်ဘဲ အခြားလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ လက္ခဏာတစ်ခုခုရှိတယ်ထင်ရင် ဆရာဝန်သို့မဟုတ် ဆေးပညာကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။
သင့်မှာပြနေတဲ့ လက္ခဏာတွေက ၂ပတ်ကျော်လာတာတောင် မပျောက်သေးဘူးဆိုရင် ဆရာဝန်နဲ့တွေ့ပါ။ သူက သင့်ရဲ့ရောဂါလက္ခဏာတွေကြည့်ပြီး အခြားဖြစ်နိုင်တဲ့အကြောင်းရင်းတွေ ဥပမာ ပိုးဝင်ခြင်းကဲ့သို့သော အကြောင်းရင်းတွေကို တွေ့ကောင်းတွေ့ရှိနိုင်ပါလိမ့်မယ်။
သင့်ရဲ့ ခံတွင်းကျန်းမာရေးကောင်းမွန်လာစေဖို့အတွက် သင်လုပ်သင့်တာကတော့
ဆေးရွက်ကြီး မသုံးပါနဲ့။
ခံတွင်းကင်ဆာတွေဟာ ဆေးရွက်ကြီးသုံးတာနဲ့ ဆက်နွယ်နေပါတယ်။ စီးကရက်၊ဆေးပေါ့လိပ်၊ဆေးတံ၊ဆေးရွက်ကြီးဝါးခြင်း၊အမှုန့်ရှူခြင်း အစရှိသဖြင့် အားလုံးဟာ ဆေးရွက်ကြီးသုံးခြင်းတွေပါပဲ။ ခံတွင်းကင်ဆာဖြစ်တဲ့လူတိုင်းကတော့ဆေးရွက်ကြီးသုံးနေကြတာမဟုတ်ပါဘူး။ ဒါပေမယ့် သင်လုပ်ခဲ့ရင်တော့ ခုချိန်မှာ ရပ်သင့်ပါပြီ။
• ဆေးရွက်ကြီးသုံးခြင်းဟာ ကုသမှုတွေကို ထိရောက်မှုအားနည်းစေပါတယ်။
• ခွဲစိတ်ပြီးတဲ့အခါမှာလည်း ပြန်လည်ပျောက်ကင်းဖို့ခက်ခဲစေပါတယ်။
• အနာဂတ်မှာ အခြားသောကင်ဆာတွေဖြစ်နိုင်ချေ ပိုများပါတယ်။
ဆေးလိပ်သောက်ခြင်းနဲ့ ဆေးရွက်ဝါးခြင်းတွေကိုဖြတ်ရမှာတော့ ခက်ခဲနိုင်ပါတယ်။ ပြီးတော့ ကင်ဆာရောဂါဆိုတာကြီးဖြစ်လာပြီး စိတ်ဖိစီးမှုများနေတဲ့အချိန်မှာဆိုတော့ ပိုပြီးခက်ခဲတာပေါ့။ ဆရာဝန်ကတော့ ဆေးဝါးတွေ၊ နီကိုတင်းအစားထိုးပစ္စည်းတွေနဲ့ အကြံပေးဆွေးနွေးခြင်းစတဲ့ နည်းလမ်းပေါင်းစုံကို ဆွေးနွေးပေးပါလိမ့်မယ်။
အရက်မသောက်ပါနဲ့။
အရက်သောက်ခြင်းနဲ့ ဆေးရွက်ကြီးနဲ့ရောလိုက်ပြီဆိုရင်တော့ ခံတွင်းကင်ဆာဖြစ်နိုင်ခြေ အတော်များသွားပါပြီ။ သင်အရက်သောက်နေတယ်ဆိုရင် ခုရပ်လိုက်ပါ။ ဒါကသင့်ကို ဒုတိယမြောက်ကင်ဆာဖြစ်စေတဲ့ အန္တရာယ်အနေအထားကိုလျှော့ချပေးနိုင်ပါတယ်။ အရက်မသောက်တော့ခြင်းက ခံတွင်းကင်ဆာအတွက် ကုသမှုတွေကိုလည်း ပိုပြီးအကျိုးသက်ရောက်စေပါတယ်။
ခံတွင်းကင်ဆာကိုကာကွယ်နိုင်တဲ့နည်းလမ်းရယ်လို့တော့မရှိပါဘူး။ ဒါပေမယ့်ဖြစ်နိုင်ခြေတွေကိုလျော့ကျစေမယ့်နည်းတွေတော့ရှိပါတယ်။ တကယ်လို့သင်က
• ဆေးရွက်ကြီးသုံးတာကို ရပ်လိုက်ရင် သို့မဟုတ် အစမလုပ်ရသေးရင်ပေါ့။ ဆေးရွက်ကြီးသုံးနေရင် ရပ်ပါ။ မသုံးရသေးဘူးဆို မစလိုက်ပါနဲ့။ ဆေးရွက်ကြီးကို ရှူတာ ဝါးတာဘာပဲလုပ်လုပ် ခံတွင်းထဲမှာရှိတဲ့ ဆဲလ်တွေကို ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့ပေးလိုက်သလိုပါပဲ။
• ဖြစ်နိုင်ရင် မလွှဲသာလွန်းမှသာ အရက်သောက်ပါ။ ကာလရှည်ကြာအရက်သောက်တာဟာ ခံတွင်းထဲက ဆဲလ်တွေကိုထိခိုက်စေပြီး ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုများစေပါတယ်။ သင်ကအမျိုးသမီးဆိုရင် တစ်ရက်ကို တစ်ခွက်ပဲသောက်ပြီး အမျိုးသားဆိုရင်တော့ ၂ခွက်လောက်သာသောက်ဖို့ ကိုယ့်ကိုကိုယ်ကန့်သတ်လိုက်ပါ။
• ဟင်းသီးဟင်းရွက် သစ်သီးဝလံ မျိုးစုံစားပါ။ များများစားပါ။ သူတို့ထဲမှာပါတဲ့ ဗီတာမင်နဲ့ antioxidants တွေဟာ ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။
• နှုတ်ခမ်းကို နေရောင်ခြည်နဲ့ထိတွေ့လွန်းခြင်းမှရှောင်ကြဉ်ပါ။ ဖြစ်နိုင်ရင် အရိပ်ထဲမှာနေခြင်းနဲ့ နှုတ်ခမ်းအသားအရည်ကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။ အဝိုင်းကြီး ပြန့်ကျယ်တဲ့ဦးထုပ်တေါကိုဆောင်းခြင်းက နှုတ်ခမ်းအပါအဝင် မျက်နှာတစ်ခုလုံးကို ထိရောက်စွာ အရိပ်ပေးနိုင်ပါတယ်။ နေရောင်ကာလိမ်းဆေး နှုတ်ခမ်းပေါ်သုံးလို့ရတာမျိုး (sunscreen lip product)ကို နေရောင်ခြည်ဒဏ်ကာကွယ်တဲ့ သင်လိမ်းနေကျ ပစ္စည်းစာရင်းထဲထည့်ထားပါ။
• သွားဆရာဝန်ကို ပုံမှန်ပြပါ။ ပုံမှန်သွားကျန်းမာရေးစစ်ဆေးတဲ့အချိန်မှာ ဆရာဝန်ကို ခံတွင်းကင်ဆာဖြစ်နိုင်တဲ့ ပုံမှန်မဟုတ်တဲ့ နေရာတွေကို စစ်ဆေးပေးဖို့ သို့မဟုတ် ကင်ဆာအကြိုပြောင်းလဲမှုတွေ (ကင်ဆာရောဂါဖြစ်နိုင်တဲ့ ပြောင်းလဲမှုတွေ)ရှိနေသလားဆိုတာသိရဖို့ ပါးစပ်တစ်ခုလုံးကို စစ်ဆေးခိုင်းပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။