backup og meta

ကိုယ်သုံးနေတဲ့ သွားပွတ်တံက ကိုယ်နဲ့ အဆင်ပြေရဲ့လား ဘယ်လိုသိနိုင်မလဲ...........

ကိုယ်သုံးနေတဲ့ သွားပွတ်တံက ကိုယ်နဲ့ အဆင်ပြေရဲ့လား ဘယ်လိုသိနိုင်မလဲ...........

ဖြူဖွေးသန့်စင်နေတဲ့ သွားတွေ၊ အနံ့အသက်ကင်းတဲ့ ခံတွင်းနံ့တို့က သင့်ကို ယုံကြည်မှု တိုးစေတဲ့အရာတွေဟုတ်။ ဒီခံတွင်းနံ့ သန့်ရှင်းစေဖို့ အထောက်အပံ့ပေးနေတဲ့ အရာလေးတွေ ရှိပါတယ်။ ဒါကတော့ ကောင်းမွန်တဲ့ သွားတိုက်ဆေးရယ် သွားနဲ့ အဆင်ပြေသင့်တော်တဲ့ သွားပွတ်တံရယ်ပါ။

သွားနဲ့ခံတွင်း ကျန်းမာစေဖို့ သွားတိုက်ဆေးက အရေးပါတယ်ဆိုပေမယ့် သွားတိုက်ဆေး ဘယ်လောက်ကောင်းကောင်း သွားပွတ်တံက အရည်အသွေးမကောင်းဘူးဆိုရင် သွားနဲ့ခံတွင်းကျန်းမာရေးကို ထိထိရောက်ရောက် မထောက်ပံ့ပေးနိုင်ပါဘူး။ ဒီတော့ ခံတွင်းကျန်းမာဖို့ဆိုရင် မဖြစ်မနေ ဂရုစိုက်ရမှာက သွားပွတ်တံပါ။

သွားပွတ်တံရဲ့ ဇစ်မြစ် 

သွားကို သန့်ရှင်းရေးလုပ်ပေးတဲ့ အရာတွေက ဘီစီ ၃၅၀၀ နောက်ပိုင်းမှာ စတင်ပေါ်ထွက်ခဲ့တယ်။ ဘေဘီလုံလူမျိုးတွေနဲ့ အီဂျစ်လူမျိုးတွေက သစ်ခက်လေးတွေရဲ့ တစ်ဖက်ကို ဖွာနေအောင်လုပ်ပြီး ဖွာနေတဲ့အစွန်းဘက်နဲ့ သွားကို သန့်ရှင်းကြတာပါတဲ့။ ၁၆၀၀ ဘီစီမှာတော့ တရုတ်လူမျိုးတွေက ခံတွင်းအနံ့ဆိုးကင်းစေဖို့အတွက် မွှေးကြိုင်တဲ့ သစ်ပင်တွေရဲ့အစိတ်အပိုင်းတွေကို ဝါးပြီး ခံတွင်းသန့်ရှင်းမှုတွေ လုပ်ခဲ့ကြပါတယ်။

၁၄၉၈ ခုနှစ်မှာတော့ တရုတ်လူမျိုးတွေက ခပ်တောင့်တောင့်လေးဖြစ်တဲ့ ဝက်ဂုတ်မွှေးလေးတွေကို အရိုးဒါမှမဟုတ် ဝါးတံလေးမှာ တပ်ဆင်ပြီး သွားပွတ်တံအဖြစ်အသုံးပြုခဲ့ပါတယ်။ ဥရောပမှာတော့မြင်းမွှေး နဲ့ ငှက်မွှေးတွေကို အသုံးပြုပြီး သွားပွတ်တံအဖြစ် တီထွင်အသုံးပြုခဲ့ကြပါတယ်။

သိပ်မကြာခင်ကာလမှာDu Pont က နိုင်လွန်ကို တီထွင်ခဲ့ပြီး ၁၉၃၈ ခုနှစ်မှာ အခုလက်ရှိ အသုံးပြုနေတဲ့ သွားပွတ်တံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပထမဆုံး နိုင်လွန် အမွှေးအမျှင်လေးတွေကို အသုံးပြုထားတဲ့ သွားပွတ်တံကိုDoctor West’s Miracle Toothbrush လို့ခေါ်ဝေါ်ခဲ့ပြီး နူးညံ့တဲ့ နိုင်လွန်အမွှေးအမျှင်လေးတွေပါတဲ့ သွားပွတ်တံတွေကို ၁၉၅၀ ခုနှစ်တွေမှာ စတင်အသုံးပြုခဲ့တာပါ။

ပထမဆုံး လျှပ်စစ်သွားပွတ်တံကတော့ ၁၉၃၉ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာပါ။

သွားပွတ်တံက ဘာတွေလုပ်ပေးလဲ……….  

သွားပွတ်တံက သွားတိုက်ဆေးနဲ့အတူ သွားနဲ့ ခံတွင်းကျန်းမာရေးကို ပံ့ပိုးပေးပါတယ်။ သွားပွတ်တံက

  • သွားချေးတွေကို ဖယ်ရှားပေးတယ်
  • သွား​ကြိုသွားကြားက စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးတယ်
  • သွားဖုံးတွေဆီကို သွေးစီးဆင်းမှုကောင်းစေတယ်
  • သွားမှာ ကပ်နေတဲ့အရာတွေကို ဖယ်ရှားပေးတယ်
  • သွားဖုံးရောဂါကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးတယ်
  • သွားဖုံးတွေ ကျန်းမာအောင်လှုံ့ဆော်ပေးတယ်
  • ခံတွင်းနံ့ဆိုး ကင်းစေတယ်
  • သွားပိုးစားတာကို ကာကွယ်ပေးတယ်
  • ဖြူစင်ကျန်းမာတဲ့သွားတွေကို ပိုင်ဆိုင်နိုင်စေတယ်။

သွားပွတ်တံရွေးချယ်တဲ့အခါ သတိထားရမယ့် အချက်လေးတွေက ဘာတွေများလဲ………..

သွားပွတ်တံတိုင်းက ကိုယ်နဲ့အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် သွားပွတ်တံရွေးချယ်တဲ့အခါ ဒီအချက်လေးတွေကို သတိထားရပါမယ်။

Brush – အပေါ်ယံကြွေလွှာတွေထိခိုက်ပျက်စီးနိုင်ခြေကို လျှော့ချပေးဖို့ brush ခပ်ပျော့ပျော့လေးကိုရွေးချယ်တာ အကောင်းဆုံးပါ။

Size ကိုဂရုစိုက်ပါသွားပွတ်တံက ပါးစပ်ထဲမှာရှိတဲ့ သွားတစ်ချောင်း မကျန်ဆီကိုရောက်နိုင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် သိပ်မကြီးဘဲ တစ်လက်မ ဒါမှမဟုတ် လက်မဝက်လောက်ရှိတဲ့ သွားပွတ်တံမျိုးကို ရွေးချယ်ပါ။

သွားပွတ်တံရဲ့ ပုံစံကိုဂရုစိုက်ပါ – သွားတိုက်တံ ပုံစံဆိုတဲ့နေရာမှာ သွားပွတ်တံရဲ့ ထိပ်ပိုင်းက စက်ဝိုင်း ပုံစံရှိသလို တြိဂံပုံစံ ခပ်လုံးလုံးလေးတွေ၊ သွားပွတ်တံထိပ်က ခပ်လုံးလုံးနဲ့ ခပ်ရှည်ရှည်ပုံစံပါ။ ဒီလိုပုံစံထဲကမှာ ကိုယ့်သွားတွေနဲ့ အဆင်ပြေစေမယ့် ပုံစံကို ရွေးချယ်ပါ။

လက်ကိုင်ကို ဂရုစိုက်ရွေးချယ်ပေးပါ – သွားတိုက်တဲ့နေရာမှာ အဆင်ပြေပြေ ဖြစ်စေဖို့ အတွက်က သွားတိုက်တံရဲ့ လက်ကိုင် အဆင်ပြေဖို့ လိုပါမယ်။ လက်ကိုင်က ခပ်ရှင်းရှင်းနဲ့ မိမိရရ ကိုင်လို့ရတာမျိုးက အဆင်အပြေဆုံး ဖြစ်မှာပါ။

ကိုယ်သုံးနေတဲ့ သွားပွတ်တံက ကိုယ်နဲ့ အဆင်ပြေရဲ့လား ဘယ်လိုသိနိုင်မလဲ...........

လက်ရှိ သွားပွတ်တံက အဆင်ပြေရဲ့လား သိနိုင်မယ့် အချက်တွေက ဘာတွေများလဲ…………

သွားကို မနက် အိပ်ရာထ တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် သေသေချာချာ တိုက်ပေးဖို့ လို အပ်ပါတယ်။ ဒီလို တိုက်ပေးတာကြောင့်

  • သွားကလည်း အစွန်းအထင်းကင်းတယ်
  • သွားချေးတွေ မရှိဘူး
  • သွားပိုးစားတာ မရှိဘူး
  • သွာဖုံး နာတာမရှိဘူး
  • သွားဖုံးက သွေးစီးဆင်းမှုလည်းကောင်းတယ် (သွားဖုံးတွေမှာ အနာဖြစ်တာ၊ သွားဖုံးတွေဖြူနေတာမျိုး မဖြစ်ဘူး)
  • သွားမှာ ကျောက်တွေလည်း ကပ်မနေဘူး
  • ခံတွင်းနံ့ဆိုးလည်း ကင်းတယ်
  • သွားကြိုသွားကြားတွေမှာလည်း စားကြွင်းစားကျန်တွေ ကျန်မနေဘူး
  • သွားကိုက်သွားနာလည်း မဖြစ်ဘူးဆိုရင် အသုံးပြုနေတဲ့ သွားပွတ်တံက ကိုယ့်သွားနဲ့ အကိုက်ညီဆုံးကို ရွေးချယ်ထားမိတယ်ဆိုတာပါ။

အပြုံးလေးတွေလှပြီး သန့်စင်လတ်ဆတ်တဲ့ ခံတွင်းနံ့ရစေဖို့ သွားပွတ်တံကို သေချာလေး ဂရုစိုက်ရွေးချယ်ကြစို့လား………………..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Picking Your Ideal Toothbrushhttps://www.arizonafamilydental.com/blog/picking-ideal-toothbrush/ Accessed Date 22 April 2020

Choosing a Toothbrush: The Pros and Cons of Electric and Disposablehttps://www.webmd.com/oral-health/guide/choosing-a-toothbrush-the-pros-and-cons-of-electric-and-disposable#1 Accessed Date 22 April 2020

Dos and don’ts of choosing the right toothbrush https://www.besthealthmag.ca/best-you/oral-health/dos-and-donts-of-choosing-the-right-toothbrush/Accessed Date 22 April 2020

ယခုပုံစံ

05/01/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွားနှင့် ခံတွင်းကျန်းမာရေးအတွက် အရေးအကြီးဆုံး သွားပွတ်တံ

သွားပွတ်တံ ကို စနစ်တကျ ဘယ်လို သိမ်းဆည်းမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement