တစ်ခါတလေမှာ ခံတွင်းနံ့ဆိုးတာက ခံတွင်း သန့်ရှင်းရေး အားနည်းလို့ မဟုတ်ဘဲ စားလိုက်တဲ့ အစားအစာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အနံ့ပြင်းတဲ့ စားစရာတွေကြောင့် ခံတွင်းအနံ့ဆိုးတာကို သက်သာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးပါရစေ။
ထွက်မှာ သေချာပြီလား။
တစ်ခါတလေမှာ ခံတွင်းနံ့ဆိုးတာက ခံတွင်း သန့်ရှင်းရေး အားနည်းလို့ မဟုတ်ဘဲ စားလိုက်တဲ့ အစားအစာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အနံ့ပြင်းတဲ့ စားစရာတွေကြောင့် ခံတွင်းအနံ့ဆိုးတာကို သက်သာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးပါရစေ။
ခံတွင်း အနံ့ဆိုးစေတဲ့ စားစရာတွေက
အစားအစာကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့ဆိုရင်
ခံတွင်းနံ့ဆိုးတာက ခံတွင်းခြောက်တဲ့အခါမှာ ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် ခံတွင်းအနံ့ဆိုးတာ သက်သာစေဖို့ ရေများများ သောက်ပါ။
ခံတွင်းအနံ့ဆိုးတာကို သက်သာစေဖို့ လုပ်လို့ရတဲ့ နောက်ထပ် နည်းလမ်းတစ်ခုက အရည်ရွှမ်းတဲ့ အသီးအနှံတွေ ဖြစ်ကြတဲ့ ဖရဲသီး၊ သခွားသီး၊ တရုတ်နံနံ၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး စတာတွေ စားပေးပါ။
လျှာမှာက စားကြွင်းစားကျန်တွေ၊ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ ကပ်တွယ်နေနိုင်ပါတယ်။ ဒါတွေက ခံတွင်း အနံ့ဆိုးတာကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် သွားတိုက်တဲ့အခါ သွားပွတ်တံနဲ့ လျှာကို တိုက်ပါ။ အဝတ်စသန့်သန့်လေးမှာ ရေနွေးနွေးလေး ဆွတ်ပြီး လျှာကို သန့်ပေးပါ။
လေးညှင်းပွင့်ကို ဝါးပေးတာကလည်း ခံတွင်း အနံ့ဆိုးတာကို သက်သာစေပါတယ်။
သကြား မပါတဲ့ ပီကေ ဝါးတာကလည်း ခံတွင်း နံ့ဆိုးတာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းပါ။
အယ်လ်ကိုဟောမပါတဲ့ ခံတွင်းသန့်ဆေးရည်ကို သုံးပါ။ ဒါကလည်း ခံတွင်းနံ့ဆိုးတာကို သက်သာစေနိုင်ပါတယ်။
ရေစင်အောင် ဆေးထားတဲ့ သံပုရာခွံ ဒါမှမဟုတ် လိမ္မော်ခွံ ခပ်ရွယ်ရွယ်လေးကို ဝါးစားပေးပါ။ ဒါက ခံတွင်းနံ့ ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူနိုင်ပါတယ်။
မာလကာရွက်ကို ရေစင်အောင်ဆေးပြီး ဝါးစားပေးပါ။ ဒါကလည်း ခံတွင်းနံ့ဆိုးတာကို သက်သာစေနိုင်ပါတယ်။
ရေနွေး နွေးနွေးတစ်ခွက်ထဲမှာ Baking Soda လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ထည့်မွှေပြီး ပလုတ်ကျင်း ပေးပါ။
ဆားရည်နဲ့ အာလုပ်ကျင်းတာကလည်း ခံတွင်းနံ့ကို သက်သာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
7 Home Remedies for Treating Bad Breath https://www.saveteeth.com/bad-breath-home-remedies Accessed Date 1 July 2020