ဘေဘီလေး နဲ့ ချိုလိမ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 6, 2020 . 1 min read
Share now

ဘေဘီလေးကို အငိုတိတ်စေဖို့ ချော့မြူဖို့ ဆိုပြီး ချိုလိမ်လေးတွေကို မေမေဖေဖေတို့ တော်တော်များများ အသုံးပြုလေ့ ရှိကြပါတယ်။ ဒီ ချိုလိမ် အသုံးပြုတာက လူတိုင်း သုံးလို့သာ သုံးလိုက်တယ်။ ကောင်းလား ဆိုးလားလည်း မသိပါဘူး။ ကလေးကိုရော ထိခိုက်စေမလား ဆိုပြီး စိုးရိမ်နေတဲ့ မေမေတွေအတွက် ဒီဆောင်းပါးလေး ကနေ ပြောပြပေးပါရစေ။

ဘေဘီလေးအတွက် ချိုလိမ်ရဲ့ ကောင်းကျိုး

ဘေဘီလေးတွေအတွက် ချိုလိမ် ပေးသုံးတာက

ကလေးကို အငိုတိတ်စေတယ် – ဘေဘီလေးတွေဟာ ချိုလိမ် ဒါမှမဟုတ် မေမေ့နို့၊ နို့ဘူးတွေကို စို့ရချိန်က သူတို့ရဲ့ အပျော်ဆုံး အချိန်ပါ။

ကလေးကို အာရုံပြောင်း ပေးနိုင်တယ် – ကလေးကို ကာကွယ်ဆေး ထိုးတာ၊ သွေးဖောက် စစ်ဆေးတဲ့အခါ နာကျင်မှုကို အာရုံ မရောက်စေဖို့ ချိုလိမ်လေးကို အသုံးပြုပေးလို့ ရပါတယ်။

ကလေးကို အိပ်ပျော်စေတယ် – ကလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စေချင်တယ် ဆိုရင် ချိုလိမ်ကို အသုံးပြုပေးလို့ ရပါတယ်။

ကလေးကို မအီမသာ ဖြစ်တာ သက်သာစေတယ် – ကလေးက ကားစီးရင်း ကားမူးတာကို သက်သာစေဖို့လည်း ချိုလိမ်လေးကို အသုံးပြုပေးလို့ ရပါတယ်။

မွေးကင်းစကလေးငယ် ရုတ်တရက် သေဆုံးမှု မဖြစ်အောင် ကာကွယ်ပေးတယ် – အိပ်ချိန်မှာ ဘေဘီလေးကို ချိုလိမ် ပေးစို့ထားတာက ဘေဘီလေးမှာ ရုတ်တရက် သေဆုံးမှု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ချိုလိမ်ပေးမစို့ခင် သတိထားဖို့ လိုမှာလေးတွေ

ချိုလိမ်ကို ကလေး အသက် ၁ လကျော်မှ စတင် မိတ်ဆက်ပေးသင့်ပါတယ်။ ဒီလို မိတ်ဆက်ပေးတဲ့အခါမှာလည်း ဒီ အချက်လေးတွေကို သိထားဖို့ လိုပါမယ်။

ကလေးကို အစောကြီး ချိုလိမ်ပေးစို့တာက နို့တိုက်ရခက်စေတယ် – ကလေးကို ချိုလိမ် ပေးစို့တာ၊ နို့ဗူး တိုက်တာတွေက ကလေးကို မိခင်နို့စို့တာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ ကလေးက မိခင်နို့ မစို့ဘဲ ချိုလိမ်ပဲ စို့ချင်တာ၊ နို့ဘူးပဲ သောက်ချင်တာတွေ ဖြစ်လာနိုင်ပါတယ်။

ကလေးက ချိုလိမ် မပါရင် မအိပ်တာမျိုး ဖြစ်နိုင်ပါတယ် – ကလေးကို ချိုလိမ်က အိပ်ပျော်စေပေမယ့် အမြဲ ချိုလိမ် ပေးသုံးတာက ကလးကို ချိုလိမ်ပေါ်မှာ  မှီခိုလွန်းတဲ့ စိတ်ဖြစ်စေပြီး ချိုလိမ် မပါရင် အိပ်မပျော်တာမျိုး ဖြစ်နိုင်ပါတယ်။

အတွင်းနား ပိုးဝင်ကူးစက် ခံရနိုင်တယ် –  ချိုလိမ် ပေးစို့တာက ဘေဘီလေးရဲ့ အတွင်းနားကို ပိုးဝင်ကူးစက်တာမျိုး ခံစားရနိုင်ပါတယ်။

သွားပြဿနာ ခံစားရနိုင်တယ် – ချိုလိမ်စို့တာက ဘေဘီလေးကို သွားမညီတာ၊ သွားပေါက် နောက်ကျတာမျိုး သွား နဲ့ ခံတွင်း ပြဿနာတွေ ခံစားရနိုင်ပါတယ်။

ဒါကြောင့် မေမေတို့ ဉာဏ်လေးနဲ့ ယှဉ်ပြီး ဘေဘီလေးကို ချိုလိမ်ပေးသင့် မပေးသင့် စဉ်းစားကြပါလို့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 20, 2021 . 2 mins read

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဘေဘီလေးတွေဟာ အသက် တစ်နှစ်တာမှာ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာပါ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာပါတယ်။  ဘေဘီလေးတွေက သူတို့ရဲ့ ပထမနှစ်မှာဘာတွေ ဖွံ့ဖြိုးသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 18, 2021 . 3 mins read

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ……………….

လူတစ်ယောက်စီမှာ ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စ အမျိုးမျိုးရှိစမြဲပါ။ ဒီလိုပါပဲ မေမေတွေမှာလည်း ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စရပ်တစ်ခု ရှိပါတယ်။ ဒါကတော့............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ရောဂါ (၆) မျိုး ကနေ ကလေးတွေကိုဘယ်လိုကာကွယ်မလဲ။

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ရောဂါ (၆) မျိုး ကနေ ကလေးတွေကိုဘယ်လိုကာကွယ်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 29, 2021 . 2 mins read
ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read
ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read