သွားတိုက်လိုက်တိုင်းမှာ သွားဖုံး က သွေးထွက်နေပြီလား။ ဒါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတော်တော်များများက သွားတိုက်ရင် သွားဖုံးက သွေးထွက်တတ်ပါတယ်။ ဘာမှမလုပ်ဘဲ ဒီတိုင်းနေရင်း သွေးထွက်တာမျိုးလည်း ရှိပါတယ်။ သွားဖုံးသွေးယိုတာက သွားနဲ့ ခံတွင်း ပြဿနာကြောင့် ဖြစ်နိုင်သလို တခြား ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာ သွားဖုံးက သွေးထွက်ရင် ဘာရောဂါတွေ ဖြစ်နိုင်လဲ။ ဘယ်လို လုပ်ကြမလဲဆိုတာ ပြောပြပေးပါ့မယ်။