backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Gingivitis ( သွားဖုံးရောင်ခြင်း ) အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 06/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Gingivitis ( သွားဖုံးရောင်ခြင်း ) အကြောင်း

သွားဖုံးရောင်ခြင်း ကအဖြစ်များတဲ့ သွားနဲ့ ခံတွင်းပြဿနာပါ။ အခန့်မသင့်ရင် ရေစီးကမ်းပြိုပြီး သွားတွေကိုပါ ထိခိုက်နိုင်တဲ့အတွက် လက္ခဏာတွေကိုသိထားဖို့ လိုပါတယ်။

Gingivitis ( သွားဖုံးရောင်ခြင်း ) ဆိုတာ

သွားနဲ့ သွားဖုံးတို့မှာ သွားချိုးများ စုပုံလာတဲ့အခါမှာ သွားဖုံးရောဂါများ ဖြစ်လာပါတယ်။ သွားဖုံးရောင်ခြင်း က  ပျောက်ကင်းနိုင်သော သွားဖုံးရောဂါတစ်မျိုးဖြစ်ပါတယ်။ သွားဖုံးရောင်ခြင်းကြောင့် သွားဖုံးများ နီမြန်း ဖောင်းကြွပြီး သွားတိုက်တဲ့အခါ အလွယ်တကူ သွေးထွက်စေပါတယ်။

သွားဖုံးရောင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

သွားဖုံးရောင်ခြင်း ရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာများကတော့

  • သွားတိုက်နေချိန်နဲ့ တိုက်ပြီးမှာ သွားဖုံးမှ သွေးထွက်ခြင်း
  • သွားဖုံးမှာ နီမြန်း၊ ဖောင်းကြွ၊ နာကျင်ခြင်း
  • ခံတွင်းနံ့နံခြင်း သို့မဟုတ် ခံတွင်းမှာ အရသာဆိုးခြင်း
  • သွားဖုံးနဲ့ သွားကြားမှာ အချိုင့်များဖြစ်ပေါ်ခြင်း
  • သွားများ နဲ့ခြင်း
  • အစာဝါးတဲ့အခါ အပေါ်အောက်သွားများ အံမကျခြင်း

Gingivitis (သွားဖုံးရောင်ခြင်း) ကို ဘာတွေက ဖြစ်စေသလဲ

သွားချိုးများမှာ သွားဖုံးရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ တခြားအချက်များကလည်း သွားဖုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ

  • ဟော်မုန်းပြောင်းလဲမှု – ကိုယ်ဝန်ဆောင်စဉ်၊ အပျိုဖော်ဝင်စ၊ သွေးဆုံးချိန်နဲ့ လစဉ် ရာသီလာချိန် စတဲ့အချိန်တွေမှာ သွားဖုံးတွေက အထိမခံ ပိုဖြစ်တတ်တာကြောင့် သွားဖုံးရောင်ပါတယ်။
  • ဖျားနာမှုများကလည်း သင့်သွားဖုံးများကို ထိခိုက်စေပါတယ်။ ဥပမာ ကင်ဆာ သို့မဟုတ် HIV တို့လို ကိုယ်ခံအားစနစ်ကို ထိတဲ့ ရောဂါများ၊ ဆီးချိုရောဂါများ ပါဝင်ပါတယ်။
  • ခံတွင်းသန့်စင်ဆေးများကလည်း သွားဖုံးကို ထိခိုက်စေနိုင်ပါတယ်။ တချို့ဆေးတွေက ခံတွင်းခြောက်စေတာကြောင့် သွားနဲ့ သွားဖုံးကို ထိခိုက်စေနိုင်ပါတယ်။
  • ဆေးလိပ်သောက်ခြင်းကလည်း သွားဖုံးတစ်ရှူးများ အနာကျက်နိုင်စွမ်းကို ခက်ခဲစေတတ်ပါတယ်။
  • နေ့စဉ် သွားတိုက်ခြင်း သွားကြားကြိုးခြစ်ခြင်း စသဖြင့် ခံတွင်းသန့်ရှင်းရေး ဂရုမစိုက်သူတို့မှာ သွားဖုံးရောင်ခြင်းမှာ အလွယ်တကူဖြစ်တတ်ပါတယ်။
  • မိသားစုမျိုးရိုးမှာ သွားရောဂါများရှိပါကလည်း သွားဖုံးရောင်ခြင်းကို ဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။
  • Gingivitis (သွားဖုံးရောင်ခြင်း)ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    သွားဖုံးရောင်ခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ဥပမာအားဖြင့်

    • ခံတွင်းသန့်ရှင်းမှု မကောင်းခြင်း
    • ဆေးရွက်ကြီးသုံးခြင်း
    • ဆီးချိုရောဂါရှိခြင်း
    • အသက်ကြီးခြင်း
    • သွေးကင်ဆာ၊ HIV/AIDS သို့မဟုတ် တခြားသော အခြေအနေများကြောင့် ကိုယ်ခံအားကျခြင်း
    • တချို့သောဆေးဝါးများ
    • တချို့သော ဗိုင်းရပ်စ်နဲ့ မှိုကူးစက်မှုများ
    • အာခြောက်ခြင်း
    • ဟော်မုန်းပြောင်းခြင်း ဥပမာ ကိုယ်ဝန်၊ ရာသီစက်ဝန် သို့မဟုတ် ကိုယ်ဝန်တားဆေး စသည်များ
    • အာဟာရ ချို့တဲ့ခြင်း
    • မူးယစ်ဆေး၊ အရက်သုံးခြင်း

    သွားဖုံးရောင်ခြင်းကို ဘယ်လိုအတည်ပြုပါသလဲ

    ခံတွင်းကို စမ်းသပ်ကြည့်ရှုတဲ့အခါ သွားဆရာဝန်က အောက်ပါတို့ကို စစ်ဆေးပါလိမ့်မယ်။

    • သွားဖုံးသွေးယိုခြင်း၊ ဖောင်းကြွခြင်း၊ မာခြင်း၊ သွားခွက်နက်ခြင်း (သွားနဲ့သွားဖုံးကြားကနေရာ ကျယ်ပြီးနက်လေလေ ရောဂါပြင်းထန်လေလေ ဖြစ်ပါတယ်။)
    • သွားလှုပ်ရှားပုံ၊ sensitivityနဲ့ သွားထက်အောက် အလိုင်းမင်းညီမညီ
    • မေးရိုး (သွားများတစ်ဝိုက်တွင် အရိုးပျက်စီးမှု ရှိမရှိ)

    သွားဖုံးရောင်ခြင်းကို ဘယ်လိုကုသပါသလဲ

    သွားရောဂါများကို ကုသရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျန်းမာတဲ့ သွားဖုံးများ ပြန်ဖြစ်စေဖို့၊ သွားနဲ့ ပြန်ပြီးမြဲအောင် တွယ်စေလိုလို့၊ ဖောင်းကြွမှုကို လျှော့ချဖို့၊ သွားခွက်နက်ခြင်းကို သက်သာစေဖို့၊ ပိုးမဝင်စေဖို့နဲ့ ရောဂါပိုမဆိုးစေဖို့ ဖြစ်ပါတယ်။

    ကုသမှုရွေးချယ်ခြင်းတဲ့အခါ ရောဂါအဆင့်၊ သင့်ကျန်းမားရေးအခြေအနေ စတာတွေအပေါ် မူတည်ပါတယ်။ မခွဲမစိတ်ဘဲ ဘက်တီးရီးယားပိုးကို ထိန်းချုပ်ခြင်းကနေ  ထောက်ပံ့တစ်ရှူးများကို ပြန်လည်းပြုပြင်ခွဲစိတ်ခြင်းအထိ ရှိပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    သွားဖုံးရောင်ခြင်းက ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အဓိကကတော့ သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာ

    • တစ်နှစ်ကို နှစ်ကြိမ် သွားချိုးသန့်စင်ခြင်း
    • နေ့စဉ် တစ်ရက် နှစ်ကြိမ် သွားတိုက်ခြင်း
    • သွားပွတ်ကြိုးအသုံးပြုခြင်း စတာတွေက သွားဖုံးရောင်ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

    တခြားသော လူနေမှုပုံစံပြောင်းလဲခြင်းများကလည်း သွားဖုံးရောဂါ ဖြစ်နိုင်ချေ၊ ပြင်းထန်နှုန်းနှင့် ရောဂါတိုးနှုန်းတို့ကို လျော့ချပေးနိုင်ပါသည်။

    • ဆေးလိပ်ဖြတ်ပါ – ဆေးရွက်ကြီးသုံးခြင်းက သွားဖုံးရောင်ခြင်းကို ဖြစ်စေတဲ့ အဓိကအချက်တစ်ခုပါ။ ဆေးလိပ်သောက်သူတွေက မသောက်သူတွေထက် ၇ ဆ ပိုဖြစ်နိုင်ပါတယ်။
    • စိတ်ဖိစီးမှုများကို လျှော့ပါ – စိတ်ဖိစီးမှုများက ခန္ဓာကိုယ်ရဲ့  ကိုယ်ခံအားကို ကျစေပြီး ပိုးများကို တိုက်နိုင်မည် မဟုတ်ပါ။
    • အာဟာရပြည့်ဝအောင် စားပါ– အာဟာရပြည့်ဝအောင် စားတာက ကိုယ်ခံအားကို ကောင်းစေပြီး ပိုးများကို တိုက်နိုင်စေပါတယ်။ ဓာတ်တိုးဆန့်ကျင့်ပစ္စည်းများ ဥပမာ ဗီတာမင်အီးပါသော ဟင်းသီးဟင်းရွက်ဆီ၊ ခွံမာသီး၊ အစိမ်းရောင်အရွက်များနဲ့ ဗီတာမင်စီ ပါတဲ့ ချဉ်တဲ့ သစ်သီးများ၊ ပန်းမုန်လာစိမ်း၊ အာလူးတို့က ပျက်စီးနေတဲ့ တစ်ရှူးများကို ပြန်ကောင်းအောင်ပြုပြင်ပေးနိုင်ပါတယ်။
    • သွားကြိတ်ခြင်းကို ရှောင်ပါ – ဒါက သွားအောက်ခံ ထောက်ပံ့တစ်ရှူးများကို ပိုအားသက်ရောက်စေပြီး တစ်ရှူးပျက်စီးမှုကို ဖြစ်စေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 06/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement