backup og meta

အဆစ်အမြစ်ရောင်တတ်တဲ့သူတွေ ဒါတွေ ရှောင်စားပါ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆစ်အမြစ်ရောင်တတ်တဲ့သူတွေ ဒါတွေ ရှောင်စားပါ ။ ။

    အဆစ်အမြစ်ေတွရောင်ရမ်းနာကျင်ပြီး လမ်းတောင် မလျှောက်နိုင်တဲ့သူတွေရှိကြမှာပါ။ ထိခိုက်မိလို့ပဲ ဖြစ်ဖြစ်၊ ရောဂါအခံတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တဲ့ အဆစ်အမြစ်တွေ ကိုက်ခဲတဲ့ ဝေဒနာကို လူတိုင်း မခံစားချင်ကြပါဘူး။ ဒီလို နာကျင်လွန်းတဲ့ အဆစ်အမြစ်ကိုက် ဝေဒနာသက်သာအောင် ဆေးတွေသောက်၊ လေ့ကျင့်ခန်းတွေ လုပ်နေပေမယ့် အရမ်းကြီး မသက်သာတဲ့အခါမှာတော့ ကိုယ့်စားနေတဲ့အစားအသောက်တွေကို ထည့်စဉ်းစားဖို့လိုလာပါပြီ။ အဆစ်အမြစ် ရောင်တာကို ပိုဆိုးစေတဲ့ အစားအသောက်တွေကို စားနေမိလားပေ့ါ ။

    အဆစ်အမြစ်ကိုက်ခြင်းကို ပိုဆိုးစေတဲ့ အစားအသောက်တွေက ဘာတွေလဲ ။ ။

    Gluten ဓါတ်များတဲ့အစားအသောက်တွေ ။ ။

    Gluten ဓါတ်များတဲ့ အစားအသောက်တွေကို အစာအိမ်က ဖြိုခွဲလိုက်တဲ့အခါ inflammatory response လို့ခေါ်တဲ့ ရောင်ရမ်းကို အားပေးတဲ့ ဓါတ်တွေ၊ ထွက်လာပါတယ်။ အထူးသဖြင့်အစာအိမ်စုပ်ယူအားကောင်းတဲ့ လူတွေမှာဆို ဒီဓါတ်တွေဟာ ခုခံအားကို လှုံ့ဆော်ပြီး ရောင်ရမ်းခြင်းကို ပိုဖြစ်စေတတ်တာကြောင့် အဆစ်အမြစ်ကိုက်ခဲတဲ့သူတွေ Gluten ဓါတ်များတဲ့ အစားအသောက်တွေ ကို ရှောင်သင့်ပါတယ်။ ( ဂျုံ၊ ဘာလီ)

    နို့နဲ့နို့ထွက်ပစ္စည်းတွေ ။ ။

    နို့နဲ့နို့်ထွက်ပစ္စည်းတွေမှာ casein လို့ခေါ်တဲ့ပရိုတင်းဓါတ်တစ်မျိုးပါပြီး အဲဒီ ဓါတ်ဟာ အဆစ်အမြစ်နဲ့ တစ်ရှူးတွေ ရောင်ရမ်းတာကို ပိုဆိုးစေလို့ အဆစ်အမြစ်ရောင်ရမ်းတဲ့သူတွေ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။

    ပြောင်းဖူးဆီ ။ ။

    ပြောင်းဖူးဆီလိုမျိုး အိုမီဂါ 6 ကြွယ်ဝတဲ့ ဘယ်အစားအသောက်မဆို ရောင်ရမ်းခြင်းကို အားပေးတဲ့အတွက် ပြောင်းဖူးဆီ ၊ နေကြာဆီ၊ ကန်နိုလာဆီ၊ ပဲပိစပ်ဆီတွေ ကို ရှောင်စားသင့်ပါတယ်။

    ဆီြေကာ်မုန့်တွေ၊ တာရှည်ခံအောင်လုပ်ထားတဲ့ အစားအသောက်တွေ ။ ။

    ဆီကြော်မုန့်တွေ နဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ အစားအသောက်တွေ လျှော့စားတဲ့အခါ ကိုယ်တွင်းရောင်ရမ်းခြင်းတွေ လျော့ကျသွားမယ့်အပြင် သွေးကြောတွေကို ကျန်းမာစေလို့ လုံလောက်တဲ့ အောက်ဆီဂျင်တွေ အပြည့်အဝရကာ ကျန်းမာစေပါတယ်။

    ဆား ။ ။

    အငန်ဓါတ်ပြင်းပြင်းနဲ့ အရသာမှုန့်တွေ အများကြီးထည့်ထားတဲ့ အစားအသောက်တွေဟာ စားလို့တော့ကောင်းပေမယ့် အဆစ်အမြစ်ရောင်ရမ်းခြင်းဖြစ်နေတဲ့သူတွေကိုတော့ သူတို့က ဒုက္ခပေးပါတယ်။ ဒါကြောင့် ရောင်ရမ်းခြင်းကို အားပေးတဲ့ အငန်ဓါတ်နဲ့ အရသာမှုန့်တွေကို လျှော့စားဖို့ လိုပါတယ်။ ။ အသင့်စားသရေစာမုန့်တွေ၊ စားသောက်ဆိုင်က စားကောင်းအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေပေါ့။ ။

    သကြား ။ ။

    သကြားဟာ cytokine လို့ခေါ်တဲ့ ရောင်ရမ်းခြင်းကို အားပေးတဲ့ ဓါတ်တစ်မျိုး ထုတ်ပေးတဲ့အတွက်ကြောင့် အဆစ်အမြစ်ရောင်တဲ့သူတွေ အချိုလျှော့စားသင့်ပါတယ်။

    ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ် ။ ။

    ဂျုံမှုန့်၊ အာလူးနဲ့ ဖြူအောင် ချွတ်ထားတဲ့ ဆန်တို့ဟာ glycemic index များတဲ့ အစားအသောက်တွေ ဖြစ်တာကြောင့် အဝလွန်ခြင်း၊ ဆီးချိုနဲ့ နှလုံးရောဂါတို့ကို ဖြစ်စေတဲ့အပြင် ရောင်ရမ်းခြင်းကိုလည်း အားပေးတဲ့အစားအသောက်တွေပါ ။ ။

    အရက်နဲ့ ဆေးလိပ် ။ ။

    ထုံးစံအတိုင်း ကျန်းမာရေးအတွက် ဘာကောင်းကျိုးမှ မပေးတဲ့ ဒီ အရက်နဲ့ ဆေးလိပ်ဟာ ရောင်ရမ်းခြင်းကို ပိုဆိုးစေတဲ့အပြင် အခြား ကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်စေတာကြောင့် ရှောင်သင်တဲ့ ထိပ်ဆုံးက အရာတွေပါ ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement