၆။ အသံပြောင်းလဲမှု
ကြီးထွားမှုဖြစ်စဉ် နှေးလာတဲ့အချိန်၊ အသက် ၁၈နှစ် မပြည့်ခင်မှာ အသံပြောင်းလဲမှုတွေ စတင်ဖြစ်လာပါတယ်။ အသံရဲ့ အတိုးအကျယ်ကို ထိန်းညှိပေးတဲ့ အသံအိုးကလည်း ကြီးလာတဲ့အတွက် အသံက သြသြကြီးဖြစ်လာမယ်။ ကလေးတုန်းကလို အသံမဟုတ်တော့ဘဲ လူကြီးတစ်ယောက် လေသံအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
၇။ စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း
ဟော်မုန်းအပြောင်းအလဲကြောင့် ဆယ်ကျော်သက်ယောက်ျားလေးတွေရဲ့ စိတ်မှာ ပြောင်းလဲမှုတွေ များစွာ ဖြစ်နေနိုင်ပါတယ်။ ကလေးဘဝကထက် ပိုပြီး စိတ်ခံစားလွယ်တာ၊ အထီးကျန်တာ၊ ဝမ်းနည်း၊ စိတ်ဆိုး၊ ဒေါသထွက်လွယ်တာတွေ ပိုဖြစ်တတ်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ကလေးနဲ့ ဘယ်လိုတိုင်ပင်ကြမလဲ။
ဆယ်ကျော်သက်အရွယ်ရောက်လာပြီ ဖြစ်တာကြောင့် ကလေးတွေက အရင်ကလို လူကြီးတွေနဲ့ အမြဲတိုင်ပင်စကားပြောနေတော့မှာ မဟုတ်ပါဘူး။ ဒီလိုအချိန်မှာ အတင်းအကြပ်လုပ်ယူတာထက် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ၊ သူတို့ စိတ်အားထက်သန်တဲ့ အကြောင်းအရာလေးတွေကို အမြဲပြောပေးပါ။ မိသားစုအတူ ထမင်းလက်စုံစားနေတဲ့အချိန် ပျော်ပျော်ရွှင်ရွှင် စကားပြောပါ။ သူတို့အနေနဲ့ မိဘတွေနဲ့ စကားပြောရတာ စိတ်ထဲသက်သောင့်သက်သာဖြစ်တယ်လို့ ခံစားရပြီဆိုရင် ခံစားနေရတဲ့ ပြဿနာတွေကို ဖွင့်ပြောပြပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။