ဝှေးစေ့သည် သုက်ရည်များသိုလှောင် သိမ်းဆည်းထားခြင်း၊ ကျားဟော်မုန်းထုတ်လွှတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးတဲ့ အမျိုးသား မျိုးပွားအင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်၊ ညာ ၂ဘက် ရှိပါတယ်။ ဝှေးစေ့ဟာ ဥ ပုံသဏ္ဍာန်အရွယ်အစားရှိပြီး ပျမ်းမျှ အရှည်ကတော့ ၁.၈ လက်မမှ ၂လက်မအဖြစ် သတ်မှတ်ထားပါတယ်။ ၁.၄ လက်မအောက် ငယ်တဲ့ ဝှေးစေ့ကိုတော့ အရွယ်အစား သေးငယ်တယ်လို့ ယူဆနိုင်ပါတယ်။