ဒီလို နေလောင်တဲ့အခါ
မိတ်ကပ်လိမ်းရတာ အဆင်မပြေသလို ဘာလိမ်းလိမ်း အဆင်မပြေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကင်းစေချင်တယ်ဆိုရင် ရေများများသောက်ရုံပါ။ ရေဓာတ် ပြည့်ဝမှုက နေလောင်တာကို သိသိသာသာ သက်သာစေ နိုင်ပါတယ်။
ဝက်ခြံ သက်သာစေနိုင်တယ်
လှပမှုကို တစ်စိတ်တစ်ပိုင်း ထောက်ပံ့ပေးနေတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှုပါ။ ဒီလို အဆိပ်အတောက် ကင်းစင်တာက အသားအရေကို ကြည်လင်စေပြီး ဝက်ခြံတွေကို ကင်းစေမှာပါ။
ဒါကြောင့် ကိုယ်တွင်း အဆိပ်အတောက် ကင်းစင်ပြီး ဝက်ခြံကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ဆိုရင် ရေများများသောက် ပေးလို့ရသလို မနက်ခင်းတိုင်းမှာ ရေနွေးနွေး တစ်ခွက်ထဲကို သံပုရာရည်ညှစ်ပြီး သောက်ပေးလို့ ရပါတယ်။
ဆံပင်ကျွတ်တာကို သက်သာစေတယ်
ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေ ကျွတ်နေလို့ စိတ်ညစ်နေပြီလား……… ဆံပင်ကျွတ်တာက ဆံသား ထိန်းသိမ်းမှု အပိုင်းမှာ လိုအပ်ချက် ရှိတာ၊ ဆံသားသုံး ပစ္စည်းတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဖြစ်နိုင်သလို ရေသောက်နည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်က ရေဓာတ် လုံလောက်စွာ မရတဲ့အခါ အသားအရေအပါအဝင် ဦးရေပြားရော ဆံသားကိုပါ ထိခိုက်စေနိုင်ပါတယ်။ ရေဓာတ် မပြည့်ဝမှုက အချိန်ကြာလာတဲ့အခါ ဆံပင်ကျွတ်တာက ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် ဆံပင်တွေ ကျွတ်နေပြီဆိုရင် ရေလုံလောက်အောင် သောက်မိရဲ့လား ဆိုတာ သေချာလေး ဆန်းစစ်ကြည့်စေချင်ပါတယ်။
ကဲ..ရေကို လုံလုံလောက်လောက်သောက်လို့ လှပတဲ့ လေဒီလေးဖြစ်ဖို့ အဆင်သင့်ပဲလား………………..
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။