အသားအရေတင်းရင်းလှပစေမယ့် ကုထုံးများအကြောင်း
လေဆာကုထုံး – ရောင်ခြည်တွေကို အခြေခံထားတဲ့ကုထုံးပါ။ အသားအရေကိုတင်းရင်းစေရုံတင်မကဘဲ အသားအရေကို ချောမွေ့ပြီး အသားအရောင်ကောင်းမွန်စေတဲ့အပြင် အမာရွတ်တွေကိုပါသက်သာစေနိုင်ပါတယ်။ အသားအရောင်မညီတာ တွေကိုပါ သက်သာစေတဲ့ကုထုံးပါ။
Botox ထိုးမယ် – မျက်နှာပေါ်က အရေပြားအတွန့်အခေါက်တွေ၊ အရေးအကြောင်းတွေနဲ့ အသားအရေလျော့ရဲမှုတွေကို သက်သာစေဖို့ အရေပြားထဲကို ဆေးထိုးထည့်ရတဲ့ ကုထုံးပါ။ အရေးအကြောင်းကင်းပြီး တင်းရင်းလှပတဲ့ အသားအရေကိုရရှိမှာပါ။
Filler ထိုးမယ် – အသားအရေတွေကိုပြန်ပြည့်လာစေတဲ့ ကုထုံးတစ်ခုပေါ့။ မျက်နှာပေါ်က လျော့ရဲသွားတဲ့အသားအရေတွေကို ပြန်လည်ပြည့်ဖြိုးလာစေဖို့ထိရောက်တဲ့နည်းလမ်းပါ။ အသက်အရွယ်ရလာလို့ ပါး နဲ့ နှုတ်ခမ်းအရေပြားတွေတင်းရင်းမှု အားနည်းလာတာတွေအတွက် အထူးသင့်တော်ပါတယ်။
Chemical Peeling လုပ်မယ် – အပေါ်ယံအရေပြားပေါ်က ဆဲလ်သေတွေကို ဆေးရည်အသုံးပြုပြီး ဖယ်ရှားတဲ့နည်းလမ်းပါ။ နေလောင်တာကြောင့်ပျက်စီးတာ၊ ဝက်ခြံ၊ အသားအရေမညီတာ၊ အမာရွတ်နဲ့ မျက်နှာနဲ့လည်ပင်းပေါ်က အရေးအကြောင်းတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။