backup og meta

သာကူကပေးတဲ့ အလှအပ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 17/08/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သာကူကပေးတဲ့ အလှအပ

    သာကူက စားလို့ ကောင်းသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ သာကူက လေဒီလေးတို့ရဲ့ အလှအပ အတွက်လည်း အခုလို ထောက်ပံ့ပေးပါသေးတယ်။ သာကူကပေးတဲ့ အလှအပ က ဘာတွေဖြစ်မလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    သာကူမှာ ဘာတွေပါ……..

    သာကူမှာ

    စားကောင်းလှတဲ့ သာကူလေးက အလှအပအတွက်လည်း အခုလိုလေး ထောက်ပံ့ပေးပါသေးတယ်။

    ဝက်ခြံ သက်သာစေတယ်

    မျက်နှာပေါ်က ဝက်ခြံတွေ သက်သာစေဖို့အတွက်လည်း သာကူကို အသုံးပြုပေးလို့ ရပါတယ်။ သာကူ အဖြူကို ရေနဲ့ရောပြီး အနှစ်ရအောင် ကြိတ်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး ခြောက်အောင် ထားပေးပါ။

    ခြောက်သွားတဲ့အထိ ထားပေးပါ။ ပြီးရင် မျက်နှာကို ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် လုပ်ပေးပါ။ ဝက်ခြံတွေ သက်သာလာပါလိမ့်မယ်။

    အစိုဓာတ် ထိန်းပေးတယ်

    လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အသားအရေချင်းက မတူပါဘူး။ အသားအရေက ခြောက်သွေ့တာ၊ အဆီပြန်တာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အသားအရေကို ထိခိုက်စေတဲ့ အရာတွေကလည်း မနည်းပါဘူး။ ညစ်ညမ်းမှု၊ နေရောင်၊ ဓာတုပစ္စည်းတွေ စုံလို့ပါ။

    ဒီလို အရာတွေကြောင့် အသားအရေ ခြောက်သွေ့တာကို သက်သာစေဖို့ဆိုရင် သာကူကို ကြိုက်နှစ်သက်ရာ ခရင်မ် တစ်ခုခုနဲ့ ရောကြိတ်ပြီး အရေပြားပေါ်မှာ လိမ်းပေးပါ။ ခြောက်သွားရင် ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် ပုံမှန် လုပ်ဆောင်ပေးပါ။

    နေလောင်တာကို သက်သာစေတယ်

    အရေပြားက နေရောင်နဲ့ မကြာခဏ ထိတွေ့တဲ့အခါ အသားအရေမှာ နေလောင်တာတွေ ဖြစ်လာပါတယ်။ ဒီလို နေလောင်တာကို သက်သာစေဖို့ဆိုရင် သာကူကို အမှုန့်ကြိတ်ပြီး ရလာတဲ့ အမှုန့်ကို နနွင်းမှုန့်နဲ့ ရောစပ်ပါ။ ပြီးရင် နွားနို့လေး နည်းနည်းရောလိုက်ပါ။ ရလာတဲ့ အနှစ်ကို နေလောင်တဲ့နေရာမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေဆေးချလိုက်ရုံပါ။

    အရေးအကြောင်းတွေကို သက်သာစေတယ်

    အသက်အရွယ် ရလာတဲ့အခါ အရေးအကြောင်းတွေ ဖြစ်လာတာ ရှိသလို အချို့မှာ အရွယ်မတိုင်ခင် အိုမင်းမှုကြောင့် အရေးအကြောင်း ဖြစ်တာတွေလည်း ရှိပါတယ်။ ဒီလို အရေးအကြောင်းတွေ ဖြစ်လာတဲ့အခါ သက်သာစေဖို့ဆိုရင် သာကူကို အမှုန့်ကြိတ်လိုက်ပါ။

    ရလာတဲ့ အမှုန့်ကို ကြက်ဥအနှစ်နဲ့ ရောပါ။ ဆန်မှုန့် နည်းနည်းနဲ့ နွားနို့ အစိမ်း နည်းနည်း ထည့်ပါ။ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပေးပြီး ခြောက်တဲ့အထိ ထားပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချပေးလိုက်ပါ။

    ဆံသား တောက်ပြောင်စေတယ်

    ဆံသားဟာလည်း အရေပြားလိုပဲ ညစ်ညမ်းမှုကြောင့် ထိခိုက်ခံစားရပါတယ်။ ဒီလို ထိခိုက်တဲ့အခါ ဆံသားက အရောင်မွှဲတာမျိုးတွေ ဖြစ်လာပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် သာကူကို အမှုန့်လုပ်ပါ။

    ပြီးရင် ဒိန်ချဉ် နည်းနည်းနဲ့ ခပ်ပျစ်ပျစ်လေး ရောမွှေပါ။ ပြီးရင် ဆံပင်မှာ နှံ့အောင် လိမ်းပြီး ခဏထားပါ။ ပြီးရင် ခေါင်းလျှော်ရည် ခပ်ပျော့ပျော့လေးနဲ့ လျှော်လိုက်ပါ။ ဒီလို ပုံမှန် လုပ်ပေးတာက ဆံသားကို ပိုတောက်ပြောင်စေမှာပါ။

    ဆံပင်ကျွတ်တာကို သက်သာစေတယ်

    ဆံပင်ကျွတ်တာက အမျိုးသမီးတွေရော အမျိုးသားတွေပါ ရင်ဆိုင်ရတဲ့ ဆံသား ပြဿနာ တစ်မျိုးပါ။ ဒီလို ဆံပင်ကျွတ်တာကို သက်သာအောင် သာကူကို အသုံးပြုပေးလို့ ရပါတယ်။

    သာကူမှုန့်ကို သံလွင်ဆီနဲ့ ရောပြီး ဆံပင်မှာ လိမ်းပေးပါ။ ပြီးရင် မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ ဆံပင်ကျွတ်တာကို သိသိသာသာ သက်သာစေမှာပါ။

    စားကောင်းတဲ့ သာကူကပေးတဲ့ အလှအပ တရားတွေကတော့ ဒါတွေပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 17/08/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement