home

အဆုတ်ကင်ဆာ

ကျန်းမာရေးဗဟုသုတ

အဆုတ်ကင်ဆာ

သင်သည် အဆုတ်ကင်ဆာ ခံစားနေရပြီဆိုလျှင် ဆရာဝန်ကသင့်တွင်ဖြစ်နေသော ကင်ဆာ အဆင့်ကို သတ်မှတ်ပေးပါလိမ့်မည်။ လူအများ၏အမြင်တွင် ကင်ဆာအဆင့်မြင့်လာလေလေ ရောဂါ ကျွမ်းလာလေလေ ဟု မြင်တတ်ကြပါသည်။ ထိုထင်မြင်ချက်သည် အတိုင်းအတာတစ်ခု အထိမှန်ကန်ပါသည်။ အဆုတ်ကင်ဆာတွင် သတ်မှတ်ထားသော အဆင့်များသည် အဆုတ်တွင် ကင်ဆာဘယ်လောက်ထိ ရှိနေပြီလဲ၊ ဘယ်အပိုင်းတွေကို ပြန့်နှံ့သွားပြီလဲ ဖော်ပြခြင်းဖြစ်ပါသည်။ ဘာကြောင့် အဆုတ်ကင်ဆာ အဆင့်များခွဲရန် လိုအပ်သလဲ။ ကင်ဆာ အဆင့်များကို ကြည့်ခြင်းဖြင့် ကင်ဆာ၏ အရွယ်အစား၊ ပြန့်နှံ့မှုတို့ကို သိနိုင်ပါသည်။ ထို့ပြင် ကင်ဆာနှင့် ပတ်သက်ပြီး ဆရာဝန်နှင့် လူနာကြားထဲတွင် အကောင်းဆုံး နားလည်အောင် ရှင်းပြနိုင်မည့်နည်း ဖြစ်သလို ကင်ဆာကြောင့် လူနာ၏ အခြေအနေကို ခန့်မှန်းနိုင်ရန် ကောင်းသော နည်းလည်းဖြစ်ပါသည်။ ထို့ကြောင့် ဆရာဝန်သည် ထိုအဆင့်များကို ကြည့်ပြီး လူနာအတွက် အကောင်းဆုံးဖြစ်စေမည့် ကုသမှုများကို […]

အဆုတ်ကင်ဆာ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အဆုတ်ကင်ဆာ

သင့်ထံတွင် အဆုတ်ကင်ဆာ၏ရောဂါလက္ခဏာများခံစားနေရသည်ဟု သံသယရှိပါက ဆရာဝန်နှင့် ရက်ချိန်းယူကာပြသပါ။ ထိုအခါ ဆရာဝန်က သင့်ရောဂါရာဇဝင်၊ ရောဂါဖြစ်နိုင်ချေနှင့် စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်သော စစ်ဆေးမှုများထပ်လုပ်ရန်လိုအပ်ပါက အထူးကုဆရာဝန်ထံလွှဲပေးလိမ့်မည်။ အဆုတ်ကင်ဆာကို အဖြေရှာသော စစ်ဆေးမှုများသည် နက်နဲနိုင်သော်လည်း ယေဘူယျစစ်ဆေးမှုများက အကျိုးရှိမရှိဆေးပညာအသိုင်းအဝိုင်းတွင် စဉ်းစားစရာ တခုဖြစ်နေသည်။ အချို့ကရောဂါသည်းနေသည့်တိုင် လက္ခဏာမပြသူများရှိသည်။ ထိုသူများအတွက် စစ်ဆေးမှုများပြုလုပ်ခြင်းသည် ရောဂါကိုစောလျင်စွာသိနိုင်ပြီး ကုသနိုင်သည့်အတွက် လူနာအတွက် အကျိုးရှိစေနိုင်သည်။ ထို့ကြောင့် သင့်တွင် အဆုတ်ကင်ဆာဖြစ်နိုင်ခြေများလျှင် သင့်ဆရာဝန်က ဆေးစစ်ချက်များပြုလုပ်ရန် ထောက်ခံလိမ့်မည်။ စစ်ဆေးခြင်း သင့်ဆရာဝန်က သင့်ကို အသက်ရှုသံ၊ နှလုံးခုန်သံနားထောင်ခြင်း၊ နှလုံးခုန်နှုန်းစစ်ဆေးခြင်း၊ အသည်းနှင့် ပြန်ရည်ကြောဖုများရောင်ရမ်းခြင်းကို စစ်ဆေးခြင်း စသည်တို့ ကိုပြုလုပ်ပြီး အဆုတ်ကင်ဆာ၏ရောဂါလက္ခဏာများခံစားနေရသည်ဟု သံသယရှိပါက အထူးကုဆရာဝန်ထံလွှဲပေးလိမ့်မည်။ စစ်ဆေးနိုင်သောနည်းလမ်းများစွာရှိပါသည်။ ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း ကွန်ပျူတာဓါတ်မှန်သည် သင့်ခန္ဓါကိုယ်ပတ်ပတ်လည်တွင် စက်ဖြင့်ပုံရိပ်များစွာကို ရိုက်ကူးနိုင်သောစက်ဖြစ်သည်။ ထိုဓါတ်မှန်သည် သင့်တွင်ဖြစ်နေသော အကြိတ်၏ ပုံစံ၊ အရွယ်အစားနှင့် တည်နေရာတို့ကို […]

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ ကနဦးအဆင့်များတွင် ရောဂါလက္ခဏာပြလေ့မရှိဘဲ ကင်ဆာဆိုးလာမှ ပြလေ့ရှိကြသည်။ သင်သည် အဆုတ်ကင်ဆာလက္ခဏာများ ကို သိထားပါက ပိုကောင်းပြီး ထိရောက်သော ကုသမှုများကို ပြုလုပ်နိုင်ပါသည်။ အောက်ပါတို့သည်အဆုတ်ကင်ဆာ ၏ရောဂါလက္ခဏာများ ဖြစ်သည်။ မောပန်းနွမ်းနယ်ခြင်းသည် အဆုတ်ကင်ဆာ၏ အဖြစ်များသော လက္ခဏာတခုဖြစ်သည်။ အခြားသော လက္ခဏာများလည်း ဖြစ်နို င်ချေရှိပါသည်။ ချောင်းဆိုးမပျောက်ဘဲ ရက်ကြာနေခြင်းနှင့် ပိုဆိုးလာခြင်းတို့သည် အဆုတ်ကင်ဆာ ၏ရောဂါလက္ခဏာများ ဖြစ်သည်။ အက ယ်၍ ချောင်းဆိုးသွေးပါခြင်း၊ သလိပ်တွင်သွေးပါခြင်းဖြစ်လျှင် စစ်ဆေးမှုများပြုလုပ်သင့်သည်။ သွေး သို့မဟုတ် သံချေးရောင်အရည်များ အန်ခြင်း အသက်ပြင်းပြင်းရှုခြင်း၊ ချောင်းဟန့်ခြင်းနှင့် ရယ်ခြင်းတို့ပြုသောအခါ ရင်ဘတ်အောင့်ခြင်း အသံအိုးရောင်ခြင်းနှင့် အာရုံကြောများထိခိုက်ခြင်းကြောင့် အသံပြောင်းသွားခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်းနှင့် ကင်ဆာကြိတ်သည် အစာရေမျိုပြွန်ပေါ်ကို ဖိခြင်းကြောင့် အစားအသောက်ပျက်ခြင်း ကင်ဆာကြိတ်နှင့် အဆုတ်ပတ်လည်ရှိအရည်များ၏ ဖိအားကြောင့် အသက်ရှုမြန်ခြင်း၊အသက်ရှုမဝခြင်း အဆုတ်လေပြွန်များရောင်ခြင်း၊ နမိုးနီးယားအဆုတ်ရောင်ရောဂါတို့ […]

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ ဖြစ်ရင် စိတ်ကျမှု အဖြစ်များပါတယ်။ သင့်ကလေးမှာ အဆုတ်ကင်ဆာရောဂါ ရှိရင် စိတ်ကျခြင်းလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျခြင်းဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ စိတ်ကျခြင်းဟာ ကင်ဆာအမျိုးအစား အားလုံးမှာ အဖြစ်များပြီး ရောဂါရှိသူတွေရဲ့ ၂၅%မှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဆုတ်ကင်ဆာ ဖြစ်ရင်တော့ ရာခိုင်နှုန်း ပိုများနိုင်ပါတယ်။ မကြာသေးမီက လေ့လာမှုတစ်ခုက ပါဝင်သူတွေရဲက ၂၉%ဟာ စိတ်ကျမှု ဖြစ်တတ်ပါတယ်။ အဆုတ်ကင်ဆာကြောင့် စိတ်ကျခြင်း များလာခြင်းဟာ အဆုတ်ကင်ဆာ လူအများစုက ယခုလောလောဆယ် (သို့) အရင်တုံးက ဆေးလိပ်သောက်ဖူးသူတွေ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ငယ်ရွယ်သူတွေမှာ ဒီလို အပြစ်ရှိတယ်လို့ ခံစားရမှုဟာ စိတ်ကျမှုကို ဖြစ်စေပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်တဲ့ အခြားအကြောင်းရင်းတစ်ခုကတော့ သူဟာ အခြားကင်ဆာရောဂါတွေထက် နာကျင်မှု ပိုဖြစ်စေခြင်းပဲ ဖြစ်ပါတယ်။ နာကျင်မှုဟာ စိတ်ကျရောဂါကို ဖြစ်နိုင်စေပါတယ်။ တကယ်လို့ […]

အဆုတ်ကင်ဆာ

ဆေးကုသဖို့ဖြစ်စေ အပျော်သက်သက်ဖြစ်စေ ကင်ဆာရောဂါနှင့် ခရီးသွားရခြင်းသည် ကြိုတင်စီစဉ်ပြင်ဆင်ထားမှုများရှိလျှင် စိတ်ချလုံခြုံရပြီး ပျော်ရွှင်စရာကောင်းစေပါသည်။ သင်သည် ခရီးသွားခြင်းကို ဆေးစမ်းသပ်ကုသခြင်း ခံရသလိုယူဆနိုင်ပြီး တစ်ချိန်လုံး ရွှေ့ဆိုင်း ရှောင်ကြဉ်ခြင်းများ ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ သင့် ကျန်းမာရေးလုံခြုံစိတ်ချရစေရန် သင့်ခရီးစဉ်အတွက် အောက်ပါ အချက်များ ထုတ်နုတ် လိုက်နာကြည့်လိုက်ပါ။ သင့်အတွက် လုံခြုံစိတ်ချ ပျော်ရွှင်ရသော ခရီးစဉ်တစ်ခုကို သင်ရရှိနိုင်မှာဖြစ်ပါတယ်။ သင့်ဆရာဝန်နဲ့ စကားပြောပါ။ သင့်ရောဂါကို ကုသပေးနေသော ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် သူတို့သည် သင်ခရီးသွားပြီး ရေခြားမြေခြားရောက်နေစဉ် သင့်အခြေအနေကို စီမံခန့်ခွဲနိုင်ဖို့ အကြံဉာဏ်များပေးနိုင်မည်ဖြစ်သည်။ သူတို့သည် လိုအပ်လျှင် ဆေးပညာဆိုင်ရာ အချက်အလက်များ ထောက်ပံ့ပေးနိုင်ပါသည်။ ထို့ပြင် သင်သွားဖို့မသင့်တော်သော နိုင်ငံများကို အကြံပြုပေးနိုင်ပြီး သင်လေယာဉ်စီးသင့် မစီးသင့်ကိုလည်း ဆွေးနွေးပေးနိုင်ပါသည်။ သင့်ရောဂါနှင့် ပတ်သက်သော ဆေးဖက်ဆိုင်ရာ အချက်အလက်များ စီစဉ်ထားပါ။ သင်ဘယ်သွားသွား သင့်ခရီးသွားအာမခံကို […]

အဆုတ်ကင်ဆာ

ကင်ဆာကို သဘာဝအတိုင်း တိုက်ထုတ်အနိုင်ယူဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကင်ဆာမဖြစ်အောင်ကာကွယ်ရန် နေထိုင်မှုပုံစံပြောင်းလဲဖို့ပဲဖြစ်ပါတယ်။ ကင်ဆာကုသမှုအစီအစဉ်မှာ ကျန်းမာပြီး အာဟာရပြည့်ဝသော အစားအသောက်သည် မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကင်ဆာမှကာကွယ်ပေးနိုင်သော အဓိကဗီတာမင် ငါးမျိုးကို ဤဆောင်းပါးတွင် ဖေြာ်ပလိုက်ပါတယ်။ ဘီတာကယ်ရိုတင်း ၎င်းသည် ဗီတာမင်အေ ရှေ့ပြေးဓါတ်ပစ္စည်းတစ်မျိုးဖြစ်ပြီး လိမ္မော်သီး နှင့် အစိမ်းရောင်ဟင်းရွက်များ (မုန်လာဥ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ကိုက်လန်၊ အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ)တွင် တွေ့ရသည်။ ၎င်းသည် အဆုတ်ကင်ဆာနှင့် ဆက်နွယ်နေသော ဓါတ်ပစ္စည်းများ၏ အန္တရာယ် မှ အဆုတ်ကို ကာကွယ်နိုင်သော ထူးခြားသည့် အာဟာရဓါတ်တစ်မျိုးဖြစ်ကြောင်း လေ့လာမှုများအရတွေ့ရှိရသည်။ နောက်ထပ်တွေ့ရှိရသော လေ့လာမှုတစ်ခုအရ ဘီတာကယ်ရိုတင်းကြွယ်ဝသော အစိမ်းရောင်နှင့် အဝါရောင် ဟင်းသီးဟင်းရွက်များကို နေ့စဉ် စားသုံးသော ယခင်က ဆေးလိပ်သောက်ဖူးသူများသည် အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေ အန္တရာယ်လျော့နည်းကြောင်း သိရသည်။ ဗီတာမင် ဘီ ၆ ဗီတာမင်ဘီ၆ သည် […]

အဆုတ်ကင်ဆာ

အသက်ရှူလေ့ကျင့်ခန်းတွေဟာ စိတ်ရောကိုယ်ပါ ကျန်းမာစေရုံသာမက သွေးပေါင်ကို ထိန်းပေးပြီး စိတ်တည်ငြိမ်စေတာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။ အသည်းကင်ဆာရှိသူ အတော်များများ (သို့) အဆုတ်ကို ပြန့်လာတဲ့ ကင်ဆာရှိသူတွေဟာ မောခြင်းကို ခံစားရတတ်ပါတယ်။ သင့်မှာ ဒီလက္ခဏာ ရှိနေပြီဆိုရင် အသက်ရှူခြင်းကို ဘယ်လို ထိန်းချုပ်သင့်တယ်ဆိုတာ သိသင့်ပါတယ်။   ပြင်ဆင်ခြင်း အသက်ရှူခြင်းကို မလေ့ကျင့်မီ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်သင့်ပါတယ်။ စိတ်ကို လျှော့ထားနိုင်စေတဲ့ စိတ်တည်ငြိမ်ရာ နေရာကို ဖန်တီးသင့်ပါတယ်။ သင့်ကို သက်တောင့်သက်သာ ရှိစေတဲ့ အဝတ်အစားကို ဝတ်ဆင်သင့်ပြီး ကြွက်သားတွေကို လျှော့သင့်ပါတယ်။ အမှန်တကယ် အသက်ရှူ လေ့ကျင့်ခန်းများ ညီမျှတဲ့ အသက်ရှူခြင်း ဒီနည်းဟာ ရိုးရှင်းပြီး နေရာတိုင်း အချိန်တိုင်းမှာ ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းကို တည်ထွင်ခဲ့တဲ့ ယောဂနည်းပြဆရာက ဒီလေ့ကျင့်ခန်းဟာ အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး၊ အာရုံစူးစိုက်မှုကို မြင့်တက်စေကာ၊ […]

အဆုတ်ကင်ဆာ

ပင်ပန်းခြင်းဟာ ကင်ဆာ လူနာတွေ ကုသမှုယူနေချိန်မှာ အဖြစ်များပါတယ်။ ကင်ဆာကြောင့် ပင်ပန်းနွမ်းနယ်ခြင်းဟာ ကုသမှုရဲ့ ဆိုးကျိုးတွေကြောင့် ဖြစ်နိုင်သလို ကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချို့နည်းတွေကို လိုက်နာခြင်းဟာ အဆုတ်ကင်ဆာကြောင့် ပင်ပန်းခြင်းကို သက်သာစေနိုင်ပါတယ်။ သင့်စွမ်းအင်တွေကို ချွေတာခြင်းအားဖြင့် ပင်ပန်းခြင်းကို ကုသခြင်း။ ပင်ပန်းခြင်းဟာ စွမ်းအင် မရှိတာကြောင့် ဖြစ်တဲ့အတွက် ပင်ပန်းခြင်း မဖြစ်စေဖို့ အားအင် ချွေတာဖို့က အရေးကြီးပါတယ်။ သင့်အားအင်တွေကို တစ်နေ့မှာ အရေးကြီးတဲ့ အလုပ်တွေဖြစ်တဲ့ ဟင်းချက်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ ဝါသနာပါတဲ့ အလုပ်တွေလုပ်ခြင်း အစရှိသည်ဖြင့် လုပ်နိုင်ပြီး အိမ်အလုပ်တွေကို အခြားသူကို အကူအညီတောင်းဖို့လည်း မရှက်သင့်ပါဘူး။ အချို့အချိန်တွေမှာ သင်ဟာ ပုံမှန်ထက်ပိုပင်ပန်းခြင်းကို ခံစားရနိုင်ပါတယ်။ biphasic sleep schedule ရှိတဲ့ နိုင်ငံတွေမှာ လူတွေဟာ နေ့လည်ခင်း (သို့) ညနေပိုင်းမှာ ပိုပင်ပန်းလေ့ရှိကြပါတယ်။ […]

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာကြောင့်ဖြစ်သော စိတ်ဖိစီးမှုသည် သင့်ကို စိတ်ပိုင်းဆိုင်ရာသာမက အဆုတ်အပေါ်တွင်ပါ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်စေပါသည်။ လေ့လာမှုများအရ စိတ်နှင့် ကိုယ်သည် ဆက်စပ်နေသည်ဟု ဆိုသည်။ စိတ်ဖိစီးမှုသည် အဆုတ်ကို ကျုံ့စေပြီး အသက်ရှုမဝခြင်း၊ မောခြင်းကို ဖြစ်စေသည်။ အဆုတ်ကင်ဆာနှင့် အသက်ရှင်နေရသော ဘဝတွင် စိတ်ဖိစီးမှုကို ရှောင်လွှဲဖို့ဆိုတာ ခက်ခဲလှပါသည်။ အဆုတ်ကင်ဆာရောဂါသည် သင့် နိစ္စဓူ၀ ကိစ္စရပ်များကို ဆောင်ရွက်နိုင်စွမ်း ကျဆင်းစေပြီး စိတ်ဖိစီးမှုကို ဖြစ်ပွားစေသည်။ သင့်စိတ်ဖိစီးမှုကို ကူညီဖြေရှင်းပြီး အသက်ရှုချောင်စေမည့် နည်းလမ်းအချို့ကို ဤဆောင်းပါးတွင် ဖော်ပြပေးလိုက်ပါသည်။   စိတ်ဖိစီးစေသည့် အကြောင်းရင်းများ အဆုတ်ကင်ဆာ (သို့) အခြားသော ကင်ဆာရောဂါကို ခံစားနေရလျှင် စိတ်ဖိစီးမှု ဖြစ်မည်မှာ သဘာဝပင်ဖြစ်သည်။ အဆုတ်ကင်ဆာရောဂါကြောင့် ဖြစ်သော စိတ်ဖိစီးမှုသည် ရှေ့ဆက်ဘာတွေဖြစ်လာမလဲ၊ ဘာပြောင်းလဲမှုတွေရှိနိုင်မလဲဆိုတာ မသိနိုင်သော မသေချာမရေရာမှုတွေကနေ အစပျိုးသည်။ သင်သည် […]

အဆုတ်ကင်ဆာ

မိဘတိုင်းသည် သားသမီးများကို ကာကွယ်လိုကြသည်။ သို့သော် ကိုယ်တိုင် အဆုတ်ကင်ဆာ ခံစားနေရတယ်ဆိုတာကို ကလေးအား လျှို့ဝှက်ထားခြင်းသည် အကြံဉာဏ်ကောင်းမဟုတ်ပါ။ ကလေးများသည် မိသားစုတွင်း ဘာတွေဖြစ်ပျက်နေသည် ဆိုတာကို သိဖို့လိုအပ်သည်။ အဆုတ်ကင်ဆာ ရောဂါဖြစ်နေမှန်းသိရသောအခါတွင် လူနာသည် မိသားစုနှင့် သူငယ်ချင်းများကို ဖွင့်ပြောဖို့ ကြောက်ရွံ့ပူပန်နေတတ်သည်။ ထိုသတင်းဆိုးကို ကလေးကို ပြောပြရမည် ဆိုသောအခါတွင်တော့ ပို၍ပင် စိုးရိမ်ပူပန်မိမှာ အမှန်ဖြစ်သည်။ ရိုးသားပွင့်လင်းပါ။ ကလေးနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရှိခြင်းသည် သူတို့အတွက် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ကလေးကို ထိုသတင်းဆိုးမှ ကာကွယ်ပေးလိုခြင်းသည် လူကြီးတစ်ယောက်၏ စေတနာ ဖြစ်သော်လည်း ထိုအရာသည် အဆုံးတွင် မလိုအပ်ဘဲ ရှုပ်ထွေးစေကာ ဆိုးရွားသွားစေနိုင်ပါတယ်။ အကယ်၍ ကလေးနှင့်သင့်ကြား ယုံကြည်မှု ဆက်လက်တည်ဆောက်လိုလျှင် သင်ခံစားနေရသော အဆုတ်ကင်ဆာအကြောင်း လျှို့ဝှက်ထိန်ချန်ဖို့ ကြိုးစားရင်း ထိုယုံကြည်မှုကို မဖျက်ဆီးမိပါစေနဲ့။ ရိုးသားဖြောင့်မတ်ခြင်းသည် သူတို့ဘဝထဲဝင်ရောက်လာသော ထိုကြောက်စရာကောင်းသော […]

အဆုတ်ကင်ဆာ

ကလေးအရွယ်တွင်ခံစားရသော အချို့သော အဆုတ်ကင်ဆာများသည် ကုသပြီးနောက်ပိုင်း အောက်ပါအကျိုးဆက်များခံစားရနိုင်ပါသည်။ · ဟော့ခ်ျကင်း အကြိတ်ကင်ဆာ · ကျောက်ကပ်အကြိတ်ကင်ဆာ · ပင်မဆဲလ်ကိုအစားထိုးကုသရသော ကင်ဆာ အချို့သောကင်ဆာဆေး(ဓါတုဗေဒဆေး)များနှင့် ဓါတ်ရောင်ခြည်ပေးခြင်းတို့သည် ကင်ဆာကုပြီးနောက် သက်ရောက်မှုများကို ပိုဖြစ်စေပါသည်။ အောက်ပါတို့သည်ဖြစ်နိုင်ချေရှိသော ကျန်းမာရေးအခြေအနေများဖြစ်ပါသည်။ · အဆုတ်တွင် ကင်ဆာဖြစ်နေသောအစိတ်အပိုင်း နှင့် ရင်ဘတ်ကို ခွဲစိတ်ဖယ်ရှားခြင်း · Bleomycin, Busulfan, Carmustine, Lomustine စသည့်ကင်ဆာဆေး (ဓါတုဗေဒဆေး)ဖြင့်ကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့သည် အဆုတ်ကိုထိခိုက်စေသည်။ · ရင်ဘတ်ကို ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းသည် ဓါတ်ရောင်ခြည်ပမာဏအနည်းအများ၊ ဓါတ်ရောင်ခြည်ပေးသော အစိတ်အပိုင်းနှင့် ဓါတ်ရောင်ခြည်လက်ခံရရှိမှုအပေါ်မူတည်ပြီးအဆုတ်ကို ထိခိုက်မှု အနည်းအများကွာခြားပါသည်။ · ပင်မဆဲလ်ကိုအစားထိုးမကုသမီ တကိုယ်လုံးကို ဓါတ်ရောင်ခြည်ပေးခြင်း။ အဆုတ်ကင်ဆာကုထုံး၏ နောက်ဆက်တွဲကျန်းမာရေးပြသနာများသည် ခွဲစိတ်ခြင်း၊ စသည့်ကင်ဆာဆေး (ဓါတုဗေဒဆေး)ဖြင့်ကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့တွဲ၍ကုသရသော ကလေးများတွင် ပိုဖြစ်တတ်ပါသည်။ ထို့ပြင် အောက်ပါရောဂါများရှိလျှင်လည်း ဆေးဒဏ်ကို ပိုခံရနိုင်ပါသည်။ · ပင်မဆဲလ် အစားထိုးပြီးနောက် ဓါတ်မတည့်မှုဖြစ်ခြင်း၊ ပိုးဝင်ခြင်း · […]