home

အသည်းကင်ဆာ

ကျန်းမာရေးဗဟုသုတ

အသည်းကင်ဆာ

အသည်းဆိုတာဘယ်လိုအင်္ဂါမျိုးလဲ အသည်းဟာ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း နံရိုးတွေရဲ့အောက်မှာ တည်ရှိပါတယ်။ အသည်းဟာ ခန္ဓာကိုယ်အတွက် အင်မတန်မှအရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးပါတယ်။ ဒါတွေကတော့ အရက်၊ ဆေးဝါးနဲ့ ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ပစ္စည်းတွေကို ချေဖျက်ပေးခြင်း အဆီတွေကိုချေဖို့ရန်အတွက်သည်းခြေရည်ထုတ်လုပ်ပေးခြင်း ဂလူးကို့စ်နဲ့အခြားလိုအပ်တဲ့ဗီတာမင်တွေကိုသိုလှောင်သိမ်းဆည်းပေးထားခြင်း သွေးခဲဖို့ရန်လိုအပ်တဲ့ပရိုတိန်းများကိုပြုလုပ်ပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အသည်းကိုပျက်စီးစေနိုင်တဲ့အရာတွေကတော့အများကြီးပါပဲ။  အသည်းဆဲလ်ဟာ ပျက်စီးပြီးတဲ့နောက်မှာအသစ်ပြန်ဖြစ်ပါတယ်။ သို့သော်လည်းပျက်စီးခြင်းနဲ့အသစ်ပြန်လည် ဖြစ်ပေါ်ခြင်းတွေကြိမ်ဖန်များစွာဖြစ်လာရင်တော့အသည်းမှာအမာရွတ်တွေတင်ကျန်လာမှာပါ။ အမာရွတ်တွေနဲ့ ဆဲလ်တွေဟာ မူလဆဲလ်အကောင်းတွေလောက် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ မလုပ်နိုင်ပါဘူး။ အရက်သောက်ခြင်းကြောင့်အသည်းပျက်စီးရတယ်ဆိုတာသင်လည်းသိပြီးဖြစ်မှာပါ။ အရက်ဟာအသည်းပျက်စီးရတဲ့အဓိကအကြောင်းရင်းထဲကတစ်ခုပါ။ အသည်းဆဲလ်တွေ စတင်ပျက်စီးနေပြီဆိုတာ သိနိုင်မယ့်အချက်တွေကို ပြောပြပေးချင်ပါတယ်။ အရက်သောက်လိုက်တဲ့အခါ အရက်ကိုချေဖျက်ဖို့ရန် အသည်းကနေ အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။ အဆိပ်တွေကိုချေဖျက်တဲ့ဖြစ်စဉ်ကထွက်လာတဲ့ဘေးထွက်ပစ္စည်းတွေ ကြိမ်ဖန် များစွာဖြစ်လာတဲ့အခါ အသည်းကိုစတင်ထိခိုက်လာပါတော့တယ်။ ဦးစွာပထမအနေနဲ့ အသည်းမှာ အဆီတွေ စုပုံလာမယ်။ ဒီနောက်မှာတော့ အသည်းဟာရောင်ရမ်းလာပြီး အမာရွတ်တွေ ဖြစ်လာ ပါတော့တယ်။ အသည်းစတင်ပျက်စီးနေချိန်မှာ လက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့်သင်ဟာမိမိကိုယ်မိမိ ကျန်းမာနေတယ်လို့ပဲ […]

အသည်းကင်ဆာ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အသည်းကင်ဆာ

သင့်စိတ်ခံစားမှုတွေကို ဘယ်လို ထိန်းချုပ်မလဲ။ အသည်းကင်ဆာ ကုသမှု ခံယူနေစဉ်အတွင်းနှင့် ခံယူပြီး နောက်တွင် မတူညီသော စိတ်ခံစားမှု များစွာကို ခံစားရနိုင် သည်။ ၎င်းသည် လူများစွာတွင် ဖြစ်ပွားသည်။ အချို့ လူများသည် ပြောင်းလဲမှုများ၏ အမှန်တရားကို ရင်ဆိုင်ရန် လွယ်ကူသည်။ အချို့သည် တစ်စုံတစ်ခု ကို သိရှိသွားပါက ထိတ်လန့်ကြသည်။ ၎င်းသည် အထူးသဖြင့် ကင်ဆာကဲ့သို့ ရှုပ်ထွေးသော ရောဂါ ခံစားနေရသူများတွင် အမှန်ဖြစ်သည်။ သင်သည် မကြာခဏ မရေရာသော ကြောက်လန့်မှုခံစားနေရပြီး ဘာဖြစ်မည်ကို မသိနိုင်ပါ။ နားလည်ခြင်းသည် စိုးရိမ် ပူပန်ခြင်းကို သက်သာစေသည်။ သင်သည် သင်ဖြစ်သော ကင်ဆာ အမျိုးအစား၊ ကုသမှုများအကြောင်း နှင့် သင် ဘာတွေ မျှော်လင့်နိုင်သည် ကို လေ့လာ နိုင်သည်။ အသည်းကင်ဆာ […]

အသည်းကင်ဆာ

ဆေးဖက်ဝင်ဆေးများသည် အပင်များ သို့မဟုတ် အပင် ပစ္စည်းများ အရောအနှော ကို အသုံးပြုထားပြီး ရောဂါ ကုသ ရန် နှင့် ခန္ဓါကိုယ်၏ ကာကွယ်နိုင်စွမ်းနှင့် ပြန်လည် ကောင်း မွန်နိုင်စွမ်းကို ထိန်းသိမ်းရန် ရည်ရွယ်ပါသည်။ ဆေးဖက်ဝင် ဆေးများသည် အသည်းကင်ဆာ ကုသရန်တွင် အသုံးများ ပါသည်။ ဓါတုကုထုံး နှင့် ဆေးများနှင့်အတူ အသုံးပြုသည်။ အသည်းကင်ဆာသည် အစောပိုင်းအဆင့်တွင် ကုသပါက လုံးဝ ပျောက်ကင်းနိုင်သည်။ ဆေးဖက်ဝင် ဆေးများသည် သင့်ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ယူဆောင် နိုင် သော်လည်း ၎င်းတို့ကို မသုံးမပြုမီ ဆရာဝန်နှင့် အမြဲတိုင်ပင် ဆွေးနွေးသင့်သည်။ ပို၍ စဉ်းစာ ဆင်ခြင်နိုင်ရန် ထို ဆေးဖက် ဝင်ဆေးများအကြောင်းကို ကြည့်ကြရအောင်။   ၁။ ဇီရာ ဇီရာသည် အစေ့ပုံ […]

အသည်းကင်ဆာ

အသည်းကင်ဆာကုသမှု ပြီးနောက် သို့မဟုတ် ကုသနေ စဉ်အတွင်း အစာစားချင်စိတ် ဆုံးရှုံးခြင်းမှာ ပုံမှန်ဖြစ်သည်။ သို့သော် အရေးကြီးသော အချက်မှာ သင်သည် အာဟာရ စားသုံးမှုကို ထိန်းသိမ်းထားရန် ဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်စွာစားခြင်းသည် ခန္ဓါကိုယ်အား ပြန်လည်ကောင်း မွန်စေရန်နှင့် ဘေးထွက်ဆိုးကျိုးများ နည်းစေရန် ကူညီပေး သည်။ ကယ်လိုရီ လုံလောက်စွာ စားခြင်းသည် ကိုယ်အလေး ချိန်ကျခြင်းကို ကာကွယ်ပေးရုံသာမက ကုသမှု ဒဏ်ခံနိုင်ရန် လည်း ကူညီပေးသည်။ အသည်းကင်ဆာ ကုသမှုပြီးနောက် အစာစားချင်စိတ် ဆုံးရှုံးမှုကို တွန်းလှန်နိုင်ရန် အောက်ပါ နည်းလမ်းများမှ အကူအညီရယူပါ။ ၁။ ရေဓါတ်ခန်းခြောက်မှု မဖြစ်ပါစေနှင့်။ ရေဓါတ်ခန်းခြောက်ခြင်းသည် ဓါတုကုထုံးဖြင့် ကုသမှု ခံယူနေသော ကင်ဆာလူနာများတွင် အလွန် အဖြစ်များ သည်။ ပါးစပ်ခြောက်ခြင်း၊ အစာ မျိုချရခက်ခြင်း၊ မောပန်း […]

အသည်းကင်ဆာ

ဓါတုကုထုံးကို အထူးသဖြင့် ကင်ဆာကုရာမှာရောဂါစွဲကပ်နေတဲ့ ဆဲလ်တွေကို ဖျက်ဆီးဖို့အသုံးပြုပါတယ်။ ဓါတုကုထုံးကို တစ်ကိုယ်လုံးမှာ အသုံးပြုပါတယ်။ ဒီကုသမှုမှာ ကင်ဆာဆန့်ကျင်တဲ့ဆေးတွေကို ထိုးသွင်းပြီးတော့ပဲဖြစ်ဖြစ် သောက်သုံးပြီးတော့ပဲဖြစ်ဖြစ် အသုံးပြုပါတယ်။ ဒီဓါတုဆေးတွေက သွေးကြောတွေကတစ်ဆင့် တကိုယ်လုံးကိုရောက်မှာပါ။ ဓါတုကုထုံးကို မူလအသည်းကင်ဆာအတွက် အသုံးမပြုပါဘူး။ အကြောင်းကတော့ ကံမကောင်းစွာနဲ့ဘဲ အသည်းကင်ဆာက ဓါတုဆေးဝါးတော်တော်များများကို ခံနိုင်လို့ပါ။ သည်ကင်ဆာမှာအ သုံးအဝင်ဆုံးအထိရောက်ဆုံး ဓါတုဆေးတွေကတော့ doxorubicin (Adriamycin), 5 fluorouracil နဲ့ cisplatin တို့ဘဲဖြစ်ပါတယ်။ ဓါတုဆေးတွေက ကင်ဆာအကျိတ်ရဲ့အစိတ်အပိုင်းအနည်းငယ်ကိုပဲ ကျုံ့ပေးနိုင်ပြီး အကြာကြီးမခံနိုင်ပါဘူး။ ဓါတုဆေးတွေကို အထူးသဖြင့် ထပ်ပွားတဲ့ကင်ဆာ သို့မဟုတ် အသည်းကင်ဆာခွဲစိတ်မှု မစခင် ကင်ဆာဖြစ်နေတဲ့ပမာဏသေးသွားအောင်လုပ်တဲ့နေရာမှာသုံးပါတယ်။ သူတို့ကို ခွဲစိတ်မှုအပြီးမှာ ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ဖို့သုံးပါတယ်။ အကြောင်းက ဓါတုဆေးတွေက နေရာတော်တော်တော်များများဆီရောက်နိုင်ပြီး တခြားအင်္ဂါဆီကူးသွားတဲ့ ကင်ဆာကိုလည်း ကုနိုင်ပါတယ်။ သူတို့ကို […]

အသည်းကင်ဆာ

အသည်းကင်ဆာရှိသောသင့်သူငယ်ချင်းကိုဘယ်လိုကူညီမလဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မှတ်တမ်းအရ ၂၀၁၂ ခုနစ် တွင် အသည်းကင်ဆာသည် သေဆုံးမှုပေါင်းအကြမ်းအား ဖြင့် ၇၄၅၀၀၀ ကို ဖြစ်စေသည်။ သူငယ်ချင်း၊ လုပ်ဖော်ကိုင် ဖက်၊ အိမ်နီးချင်းတွင် ကင်ဆာရှိသည်ဟုသိရှိရပါကသင် သည် ဘာလုပ်သင့်သည်ကိုစူးစမ်းမိမည်။ သင့်သူငယ်ချင်းတွင် ကင်ဆာဖြစ်ပါကသင့်အတွက် နည်းလမ်းအချို့ကိုပြော ပြပါမည်။   နေ့စဉ်အလုပ်များကိုကူညီလုပ်ကိုင်ပေးပါ။ သင့်သူငယ်ချင်းသည် အကူအညီတောင်းရန် ခက်ခဲနေ နိုင်သည်။ သို့သော်လည်းနေ့စဉ် တောက်တိုမယ်ရအလုပ်များကိုကူညီပေးခြင်းသည် သင် လုပ်ပေးနိုင်သောအကောင်းဆုံးအရာဖြစ်သည်။ ဈေးဝယ်ပေးခြင်း၊ ကလေးထိန်းပေးခြင်း၊ ကျောင်းမှ ကလေးကြိုပေးခြင်း၊ အဝတ်လျှော် ခြင်းစသည်တို့ ပြုလုပ်နိုင်သည်။ သင်သည် သင့်မိသားစုဖြင့် အပြင်သွား၍ ဈေးဝယ်ရန် ရှိပါကသင့်သူငယ်ချင်းအားဖုန်းခေါ်၍ သင်ဘာဝယ်လာရမလဲကိုမေးမြန်းပါ။ သင် ပြုလုပ်လိုသောအလုပ်များကိုစာရင်းပြုစု၍ သင်ဘယ်လိုကူညီနိုင် သည်ကိုသင့်သူငယ်ချင်းအားမေးပါ။   နားထောင်ပါ။ နားထောင်ခြင်းသည် ရိုးရှင်းပြီးအဓိပ္ပါယ်ရှိသောအကူညီပေးရာရောက်သောအရာဖြစ်သည်။ စကားစမြည်ပြောခြင်းကိုဘယ်လိုစတင်ရမည်ကိုမသိပါကထိုသို့ပြောသင့်သည်။ “မင်းနေရခက်တယ်ဆိုတာနားလည်ပါတယ်ကွာ’’ သို့မဟုတ် “ခက်ခဲလွန်းလို့ ဘာပြောရမှန်းတောင် မသိပါဘူးကွာ” အစရှိ သည်ဖြင့် […]

အသည်းကင်ဆာ

အသည်းကင်ဆာဖြင့် ရှင်သန်နေသူများအတွက် ထောက်ပံ့မှု အဖွဲ့ကိုဘယ်လိုရှာရမလဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၂ ခုနစ်တွင် ထုတ်ပြန် ချက်အရအသည်းကင်ဆာသည် အမျိုးသားများတွင် ပဉ္စမမြောက် အဖြစ်အများဆုံးကင်ဆာရောဂါဖြစ်သည်။ သင် သို့ မဟုတ် သင့်ဆွေမျိုးများတွင် အသည်းကင်ဆာ ဖြစ်ပွားပါကထိုခက်ခဲသောအချိန်များကိုရင်ဆိုင်နိုင်ရန် သင်သည် ထောက်ပံ့မှုများလိုအပ်ပါလိမ့်မည်။ အသည်းကင်ဆာ၊ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှု လိုအပ်ခြင်း။ အသည်းကင်ဆာရောဂါသည်များနှင့် သူတို့၏ မိသားစုဝင်များသည် ထိုသေစေနိုင်သောရောဂါနှင့် ပတ်သတ်၍ ကူညီနိုင်သောစိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများလိုအပ် သည်။ ကင်ဆာရောဂါသည်များသို့မဟုတ် ကင်ဆာရောဂါရှိ သူ၏ မိသားစုဝင်များသည် အပြန်အလှန် ထောက်ပံ့မှုရှိရန် လိုအပ်သည်။ အသည်းကင်ဆာလူနာအများစုမှာအမျိုးသားများ ဖြစ် သည်။ အမျိုးသားများသည် များသောအားဖြင့် ထောက်ပံ့မှု အဖွဲ့များတွင် ပါဝင်ဆင်နွဲလေ့မရှိပါ။ သို့သော်လည်းလူနာ နှင့် မိသားစုသည် တိကျသောအချက်အလက်များရရှိရန်နှင့် သောကများကို မျှဝေရန် ဆန္ဒရှိပါကအသည်းကင်ဆာကိုထိန်းချုပ်ရန် ပို၍ လွယ်ကူသည်။ အသည်းကင်ဆာ၊ အွန်လိုင်းမှ ထောက်ပံ့မှုအဖွဲ့များ အချို့လူများသည် အွန်လိုင်းမှ ထောက်ပံ့မှုအဖွဲ့များကိုဆက်သွယ်ရန် နှစ်သက်ကြသည်။ […]

အသည်းကင်ဆာ

အသည်းကင်ဆာအတွက် အာဟာရဆိုင်ရာနည်းလမ်းများ အသည်းကင်ဆာကုသမှုများတွင် မလိုလားအပ်သောဆိုးကျိုးများစွာရှိသည်။ မအီမသာဖြစ်ခြင်း၊ အစားအစာများအရင်ကကဲ့သို့ အရသာမရှိတော့ခြင်းတို့ ခံစားရနိုင်သည်။ ၎င်းသည် ကျန်းမာသောစားသောက်မှုကိုထိန်းသိမ်းရန် ခက် ခဲစေသည်။ လက်မြောက်အရှုံးမပေးသင့်ပါ။ စိတ်ဓါတ် တက် ကြွအောင်နေပြီးအသည်းကိုထောက်ပံ့ပေးသောကျန်းမာသောအစားအစာများကိုစားသုံးရန် အရေးကြီးသည်။ ကျန်းမာသောအစားအစာများစားသုံးရန် နည်းလမ်းအချို့ကိုဖော်ပြလိုက်ပါသည်။   အသည်း၏ အခန်းကဏ္ဍကဘာလဲ။ အသည်းအတွက် စားသောက်မှုပုံစံကိုမကျင့်သုံးမီအသည်းအကြောင်းပိုမိုနားလည်အောင် ပြုလုပ်ရအောင်။ အသည်းသည် ခန္ဓါကိုယ်မှ အစာခြေခြင်း၊ သွေးတွင်း အန္တရာယ်ရှိသောအဆိပ်အတောက်များကိုဖယ်ရှားခြင်း နှင့် စွမ်းအင်ကိုနောက်ပိုင်းတွင် ပြန်လည် သုံးစွဲနိုင်ရန် သကြားအဖြစ် သိမ်းဆည်းခြင်းစသည်တို့တွင် ကူညီပေးသောအရေးပါသောကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါသည်။ အသည်းသည်အစာခြေသောလုပ်ငန်းတွင် ကူညီပေးသောသည်းခြေရည်ကိုထုတ်ပေးပါသည်။ အသည်ကင်ဆာဖြစ်ပါကအသည်း၏ လုပ်ငန်းများပျက် ပြားပါသည်။ ခန္ဓါကိုယ်တစ်လျှောက် အန္တရာယ်ရှိသောသက်ရောက်မှုများကိုဖြစ်စေသည်။ ရောဂါ ပျံ့ပွားမှု အခြေအနေကို နှေးစေသောအကောင်းဆုံးနည်းလမ်းမှာအသည်းကိုကျန်းမာစေသောအစားအစာများစားသုံးခြင်း ဖြစ်သည်။   အသည်းကင်ဆာအတွက် ကျန်းမာသောစားသောက်မှုပုံစံကိုဘယ်လိုဖန်တီးမလဲ။ အစားအစာပိရမစ်ပုံကိုကြည့်ပါကကျန်းမာရေးအတွက် လိုအပ်သောအာဟာရ ၅မျိုးရှိကြောင်း သိနိုင်သည်။ ဗီတာမင်၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်၊ ပရိုတိန်း နှင့် အဆီပါသောအစားအစာတို့ဖြစ်သည်။ […]

အသည်းကင်ဆာ

အသည်းကင်ဆာရှိပါကရှောင်ရမည့် အစာများ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရအသည်းကင်ဆာသည် အမျိုးသားများတွင် ငါးခုမြောက် အဖြစ်အများဆုံးကင် ဆာဖြစ်သည်။ အသည်းကင်ဆာကဲ့သို့ ဆိုးရွားသောကျန်းမာရေး ပြဿနာများ ဖြစ်ပါကအသည်း ပြန်လည်ကောင်းမွန် စေမှုကိုကူညီရန် အာဟာရ ကြွယ်ဝသောကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများစားရန် လိုအပ်သည်။ အသည်းကင်ဆာဖြစ်ပါကရှောင်ကြဉ်သင့်သောအစားအစာအချို့ကိုအောက်တွင် ဖော်ပြထားသည်။   ဆားလျော့သုံးခြင်းဖြင့် အသည်းကိုကူညီပါ အရသာရှိရန် ဆားထည့်ရသည် ဆိုသည်ကိုအချို့ စားဖိုမှူးများပြောခြင်းသို့မဟုတ် ချက်ပြုတ်မှု အညွှန်းတွင် ရေးထားခြင်းကိုသင် မြင်ဖူးကြားဖူးလိမ့်မည်။ ဆားကိုအရသာရှိရန် သုံးသည်။ ဆားသည် အခါးဓါတ်ကိုလျော့ချပေးသည်။ စိတ်မကောင်းစွာဖြင့်ပင် အသည်းကင်ဆာဖြစ်ပါကဆားအသုံးပြုခြင်းကို ဖြတ်တောက်ရလိမ့်မည်။ အသည်းကင်ဆာ၏ ရောဂါလက္ခဏာများသည် ဆားနှင့် ဆားများများပါသောအစားအစာများစားပါကပိုဆိုးလာနိုင်သည်။ ဆားသည် အသည်းရှိ ရောင်ရမ်းမှု လက္ခဏာများကို နှိုးဆော်ပြီးပိုဆိုးစေနိုင်ပါသေးသည်။ ဆားသည် အသည်းတွင် ရေစုပြုံခြင်းကို ဖြစ်စေပြီးဖောရောင်စေသည်။ ဆားသည် ခန္ဓါကိုယ်ကိုရေပိုစုပ်စေပြီးရေများထိန်းသိမ်းထားစေသည်။ အစားအစာတွင် ဆားသုံးခြင်းကိုရှောင်ရုံသာမကအခြားဆားရင်းမြစ်များကိုလည်း ကြည့်သင့်သည်။ ထုပ်ပိုးထားသောအသင့်စားထုတ်ကုန်များ၊ စွပ်ပြုတ်ဘူး၊ အအေးခံထားသောညစာများ နှင့် […]

အသည်းကင်ဆာ

အသည်းကင်ဆာဖြစ်ပြီးနောက် နေထိုင်မှုပုံစံပြောင်းလဲမှုများ ကင်ဆာဖြစ်ပြီးနောက် လူနာများသည် စိတ်ဓါတ်ကျမှု ခံစားရသည်။ လူအများစုသည် ကင်ဆာပြန်ဖြစ်မည်ကိုစိုးရိမ် ရင်းနေထိုင်ကြရသည်။ လူနာများ၏ တစ်ဝက်မှ သုံးပုံနှစ်ပုံသည် ခွဲစိတ်ပြီး ၅ နှစ်အကြာတွင် ကင်ဆာပြန်ဖြစ်ခြင်း၊ ပထမကင်ဆာမှ ပျံ့ပွားခြင်းသို့မဟုတ် လက်ကျန်ကင်ဆာမှ အ သည်းကင်ဆာအသစ် ဖြစ်ပွားခြင်းစသည်တို့ ကြုံတွေ့ရ သည်။ မေးလိုသည်မှာလူနာများသည် ကင်ဆာဖြစ်ပြီးနောက် ပိုကောင်းမွန်သောဘဝရရန် စိတ်ဓါတ်ကိုဘယ်လိုမြင့်တင် ရမလဲပင်ဖြစ်သည်။   ၁။ မောပန်းနွမ်းနယ်မှုကိုရင်ဆိုင်ပါ။ ကင်ဆာလူနာများသည် အလွန်အမင်းမောပန်းခြင်းကိုခံစားရသည်။ ပုံမှန် မောပန်းခြင်းမျိုးမဟုတ်ဘဲအနားယူခြင်း ဖြင့် မသက်သာနိုင်သောစိတ်ရောကိုယ်ပါ မောပန်းခြင်း ဖြစ် သည်။ ကုသမှုအပြီးအချိန်ကြာစွာ ဖြစ်ပေါ်ပြီးနေ့စဉ် လှုပ်ရှားမှုများမလုပ်နိုင်အောင် တားဆီးပါသည်။ သို့သော်လည်းလေ့ ကျင့်ခန်းလုပ်ခြင်းဖြင့် ထိုအခြေအနေကိုတိုးတက်ကောင်းမွန် အောင် လုပ်နိုင်သည်။ သက်သေအနေဖြင့် လိုအပ်ချက်များ နှင့် ဆက်နွယ်သောလေ့ကျင့်ခန်းအစီအစဉ်များလုပ်သောလူများသည် ပိုကောင်းသောရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအခြေအနေများကိုရကြသည်။ အရေးကြီးသောအချက်မှာရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု အားလုံးသည် သင်၏ ကျန်းမာရေးအခြေအနေနှင့် သင့်လျော်ရန် […]

အသည်းကင်ဆာ

အသည်းကင်ဆာအတွက် အာဟာရဆိုင်ရာနည်းလမ်းများ အသည်းကင်ဆာကုသမှုများတွင် မလိုလားအပ်သောဆိုးကျိုးများစွာရှိသည်။ မအီမသာဖြစ်ခြင်း၊ အစားအစာများအရင်ကကဲ့သို့ အရသာမရှိတော့ခြင်းတို့ ခံစားရနိုင်သည်။ ၎င်းသည် ကျန်းမာသောစားသောက်မှုကိုထိန်းသိမ်းရန် ခက် ခဲစေသည်။ လက်မြောက်အရှုံးမပေးသင့်ပါ။ စိတ်ဓါတ် တက် ကြွအောင်နေပြီးအသည်းကိုထောက်ပံ့ပေးသောကျန်းမာသောအစားအစာများကိုစားသုံးရန် အရေးကြီးသည်။ ကျန်းမာသောအစားအစာများစားသုံးရန် နည်းလမ်းအချို့ကိုဖော်ပြလိုက်ပါသည်။   အသည်း၏ အခန်းကဏ္ဍကဘာလဲ။ အသည်းအတွက် စားသောက်မှုပုံစံကိုမကျင့်သုံးမီအသည်းအကြောင်းပိုမိုနားလည်အောင် ပြုလုပ်ရအောင်။ အသည်းသည် ခန္ဓါကိုယ်မှ အစာခြေခြင်း၊ သွေးတွင်း အန္တရာယ်ရှိသောအဆိပ်အတောက်များကိုဖယ်ရှားခြင်း နှင့် စွမ်းအင်ကိုနောက်ပိုင်းတွင် ပြန်လည် သုံးစွဲနိုင်ရန် သကြားအဖြစ် သိမ်းဆည်းခြင်းစသည်တို့တွင် ကူညီပေးသောအရေးပါသောကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါသည်။ အသည်းသည်အစာခြေသောလုပ်ငန်းတွင် ကူညီပေးသောသည်းခြေရည်ကိုထုတ်ပေးပါသည်။ အသည်ကင်ဆာဖြစ်ပါကအသည်း၏ လုပ်ငန်းများပျက် ပြားပါသည်။ ခန္ဓါကိုယ်တစ်လျှောက် အန္တရာယ်ရှိသောသက်ရောက်မှုများကိုဖြစ်စေသည်။ ရောဂါ ပျံ့ပွားမှု အခြေအနေကို နှေးစေသောအကောင်းဆုံးနည်းလမ်းမှာအသည်းကိုကျန်းမာစေသောအစားအစာများစားသုံးခြင်း ဖြစ်သည်။   အသည်းကင်ဆာအတွက် ကျန်းမာသောစားသောက်မှုပုံစံကိုဘယ်လိုဖန်တီးမလဲ။ အစားအစာပိရမစ်ပုံကိုကြည့်ပါကကျန်းမာရေးအတွက် လိုအပ်သောအာဟာရ ၅မျိုးရှိကြောင်း သိနိုင်သည်။ ဗီတာမင်၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်၊ ပရိုတိန်း နှင့် အဆီပါသောအစားအစာတို့ဖြစ်သည်။ […]