backup og meta

ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ

    ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ အကြောင်း သိပြီးပြီလား! လိင်မှုကိစ္စဆိုတာ မျိုးဆက်ပွားကျန်းမာရေးဆိုတာထက် ပိုတဲ့ သဘာဝ ဖြစ်ရပ်တစ်ခုပါ။ ကျေနပ်စရာ စွမ်းဆောင်ရည်နဲ့ ပြီးမြောက်မှုကို ရယူနိုင်တယ်ဆိုရင် လူရောစိတ်ပါ ကျန်းမာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အချစ်စွမ်းဆောင်ရည် လို့ တင်စားခေါ်ကြတာပါ။

    ဒါပေမယ့် လူတိုင်းကတော့ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းမွန်နေတတ်တာမျိုးမဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အိပ်ယာပေါ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ အခက်တွေ့ရတတ်ကြပါတယ်။

    စိတ်ကျေနပ်စရာ စွမ်းဆောင်ရည်ကို မပြသနိုင်ရင် ကိုယ့်ကိုယ်ကိုယ် မလုံမလဲတဲ့ စိတ်ခံစားချက်မျိုး ပေါ်လာတတ်ပြီးတော့ ဒီစိတ်က ပြင်ပလူနေမှုဘဝအထိ သက်ရောက်လေ့ရှိပါတယ်။ ဒီလိုစိတ်ခံစားချက်မျိုးမဖြစ်စေဖို့ဆိုရင် ကိုယ့်ရဲ့ ကျန်းမာကြံ့ခိုင်အမှုအပိုင်းကို သေချာကြိုတင်ပြင်ဆင်ထားဖို့တော့ လိုအပ်တာပေါ့။

    လေ့ကျင့်ခန်းလုပ်ခြင်းဟာ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည် မြင့်မားစေဖို့ အထူးကို အထောက်အကူ ဖြစ်စေပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်ရင် လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ်ဆိုတာကို သိနားလည်ထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

    အိပ်ရာပေါ်မှာ အချစ်စွမ်းဆောင်ရည် ကောင်းပြဖို့ ဆိုရင်

    လိင်မှုကိစ္စဟာ စိတ်စွမ်းရည်ကို တိုးတက်ကောင်းမွန် စေရုံသာမက မိမိ ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် မဖြစ်မနေ လိုအပ်တဲ့ ကိစ္စလို့ လေ့လာသုတေသနပြုမှုရလဒ်တွေက ဆိုကြတယ်။ နောက်ပြီး လိင်ဆိုတာက လူအများစုရဲ့ ဘဝမှာ သဘာဝဗီဇ လိုအပ်ချက်လည်းဖြစ်တယ်မဟုတ်လား။

    တကယ်တမ်းမှာတော့ အချစ်စွမ်းဆောင်ရည် ဆိုတာကိုက သဘာဝ Workout လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ လေ့လာချက်တွေအရဆိုရင် အမျိုးသားတွေဟာ လိင်ဆက်ဆံခြင်းကြောင့် တစ်မိနစ်ကို ၄.၂ ကယ်လိုရီ ချေဖျက်နိုင်ပြီးတော့ အမျိုးသမီးတွေကတော့ ၃.၁ ကယ်လိုရီ ချေဖျက်နိုင်ပါတယ်တဲ့။ ဒါပေမယ့် ပျမ်းမျှ မိနစ် ၂၀ လောက်တော့ ဆက်ဆံဖို့ လိုအပ်မှာပါ။

    မိနစ် ၃၀ လောက်ကြာအောင် ဆက်ဆံဖြစ်မယ်ဆိုရင်တော့ အမျိုးသားတွေဟာ ၂၇၆ ကယ်လိုရီအထိ ခြေဖျက်နိုင်မှာဖြစ်ပြီးတော့ အမျိုးသမီးတွေကလည်း ၂၁၃ ကယ်လိုရီအထိ ချေဖျက်နိုင်မှာဖြစ်ပါတယ်တဲ့။

    ဒါပေမယ့် အရေးအကြီးဆုံး သိထားဖို့ကတော့ အိပ်ရာပေါ်မှာ ခုလို ကြာကြာဆက်ဆံနိုင်ပြီး ကယ်လိုရီတွေ ချေဖျက်နိုင်ဖို့ဆိုရင် ကိုယ့်မှာ အဲ့ဒီလောက် စွမ်းဆောင်နိုင်မယ့် ကြံ့ခိုင်သန်စွမ်းမှုမျိုးရှိထားဖို့တော့ လိုအပ်မယ်ဆိုတာပါပဲ။ ဒီလိုမဟုတ်ဘူးဆိုရင် သူငယ်ချင်းအချင်းချင်း နောက်ပြောင်နေကြစကားလို “တက်ထွက်ကြီး” ဖြစ်နေမှာပေါ့။

    လိင်စိတ်ဆန္ဒပြင်းပြဖို့၊ ကျေနပ်မှုရဖို့၊ အချစ်စွမ်းဆောင်ရည် ကောင်းရဖို့ သွေးလည်ပတ်နှုန်းကောင်းရမယ်၊ နှလုံးခုန်နှုန်းကောင်းရမယ်၊ အသက်ရှူနှုန်းလည်း ကောင်းရမယ်၊ တင်ပါးဆုံရိုးနဲ့ ကြွက်သားတွေလည်း တောင့်တင်းသန်မာရမယ်။ ဒါတွေဖြစ်လာစေဖို့ဆိုရင် အရင်ဆုံး လေ့ကျင့်ခန်းတွေလုပ်ဖို့ လိုအပ်ပါတယ်။

    ကောင်းမွန်တဲ့ လိင်စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ဆိုရင် တစ်နေ့ကို ၃ ကြိမ်လောက် ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ တစ်ကြိမ်ကို မိနစ် ၂၀-၃၀ ဝန်းကျင်လောက်ပေါ့။

    ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ

    ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ ကတော့ အောက်ပါအတိုင်းပါပဲ။

    • Plank – ၂၀ စက္ကန့်
    • Glute bridges – ၁၅ ကြိမ်
    • Jump squats – ၁၀-၁၅ ကြိမ်
    • 10 Kegels – ၅-၁၀ စက္ကန့်
    • Pushups – ၁၀-၁၅ ကြိမ်
    • Pigeon pose – ခြေထောက်တစ်ဖက်လျှင် ၁ မိနစ်စီ။

    (Youtube မှာ လေ့ကျင့်ခန်း လုပ်နည်း အသေးစိတ်ကို ရှာကြည့်ပါ။)

    ဒီလေ့ကျင့်ခန်းတွေကို နေ့စဉ် ပုံမှန်လုပ်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ အိပ်ရာပေါ်က အချစ်စွမ်းဆောင်ရည် ဟာ သိသိသာသာတိုးတက်လာမှာပါ။ လေ့ကျင့်ခန်းအချိန်တွေနဲ့ အကြိမ်ရေတွေကို မိမိအဆင်ပြေသလို ချိန်ညှိလုပ်ဆောင်လို့ရပါတယ်။

    “Practice makes perfect” ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်မဟုတ်လား။ ဒီလိုနေ့စဉ်လေ့ကျင့်ခန်းလုပ်ပေးတဲ့အခါ စိတ်ရောလူပါ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်လာမှာဖြစ်တာမို့ စိတ်ကျေနပ်စရာ လိင်မှုဘဝကို ရရှိပိုင်ဆိုင်လာမှာဖြစ်ပါတယ်။

    တစ်လက်စတည်းပြောချင်တာကတော့ လိင်ဆက်ဆံခါနီးမှာ ရှောင်ကြဉ်သင့်တဲ့ ကိစ္စတွေဖြစ်ပြီးတော့ အောက်ပါဖော်ပြထားတဲ့ အပြုအမူမျိုးတွေကို ရှောင်ကြဉ်မယ်ဆိုရင် ပိုပြီးစိတ်ကျေနပ်စရာ အခြေအနေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါတွေကတော့

  • လိင်မဆက်ဆံခင် အစားအများကြီးစားတာ၊
  • ပူရှိန်းသကြားလုံးနဲ့ပီကေတွေစားတာ၊
  • အရက်သောက်ခြင်း၊ ဆေးလိပ်သောက်တာ၊
  • သင့်ရဲ့ ခန္ဓာကိုယ်ပုံစံနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်များတာတွေပါပဲ။
  • ဒါတွေကို သတိထားနိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အချစ်စွမ်းဆောင်ရည် ကို ရရှိလာမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement