ဘယ်လိုအခြေအနေမှာ မသုံးသင့်ဘူးလဲ……………
• ရေမလို လက်သန့်ဆေးရည်ကို ရေနဲ့ဆပ်ပြာနေရာမှာ အစားထိုးပြီး မသုံးသင့်ပါဘူး။
• လက်တွေက အရမ်းကို ညစ်ပတ်ပေရေနေတာမျိုးဆိုရင် (မြင်သာအောင်ပြောရရင် ရွှံ့တွေနယ်ထားတဲ့ လက်ကို ရေမလိုလက်သန့်ဆေးရည်နဲ့တော့ မသန့်စင် သင့်ဘူးလေ)
• ဓာတုပစ္စည်းတွေ ပေကျံနေတဲ့အခါမျိုးမှာ
• ရောဂါပိုးကူးစက်နိုင်ခြေ အရမ်းမြင့်နေတဲ့အခါမျိုး တွေမှာ ရေနဲ့ဆပ်ပြာကိုပဲ သုံးပြီး ဆေးသင့်ပါတယ်။
ဘယ်လာက်ထိ အလုပ်ဖြစ်လဲ…………
ထိရောက်မှုက လက်သန့်ဆေးရည် တစ်ခုနဲ့တစ်ခုမတူနိုင်ပါဘူး။ ပါဝင်ပစ္စည်းတွေ ကွာသလို ထိရောက်မှုလည်း ကွာခြားပါ တယ်။ ထိရောက်မှုရှိစေဖို့ဆိုရင် အနည်းဆုံး အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်း ပါတာကို ရွေးပါ။
အထိရောက်ဆုံးဖြစ်စေဖို့ ဘယ်လိုသုံးမလဲ………..
ရေမလိုလက်သန့်ဆေးရည်ကို အထိရောက်ဆုံးဖြစ်စေဖို့ဆိုရင်
• အရင်ဆုံး လက်ဖဝါးထဲကို လက်သန့်ဆေးရည်ကို ထည့်လိုက်ပါ။
• ပြီးရင် လက်ဖဝါးနှစ်ဖက်ကို ပွတ်ပါ။
• လက်ချောင်းကြားတွေကို ပွတ်ပါ။
• လက်ထိပ်လေးတွေ၊ လက်သည်းလေးတွေကို ပွတ်ပါ။
• လက်မကို ပွတ်ပါ။
• ပြီးရင် လက်ဖမိုးကိုပွတ်ပါ။
• နောက်ဆုံး လက်ကောက်ဝတ်ကိုပွတ်ပါ။
• အခြောက်ခံပါ။
အရမ်းငယ်သေးတဲ့ ဘေဘီလေးတွေကိုတော့ ရေမလိုလက်သန့်ဆေးရည်နဲ့ ဆေးကြောပေးတာမျိုးမလုပ်ပါနဲ့။
ရေမလို လက်သန့်ဆေးရည်ရဲ့ အသုံးဝင်ပုံက
• လက်ခဏခဏမဆေးရအောင် အထောက်အပံ့ပေးတယ်
• ရောဂါပိုးတွေကို အမြန်ဆုံး သုတ်သင်ပေးနိုင်တယ်
• သန့်စင်ရမြန်ဆန်လွယ်ကူတယ်
• ရောဂါပိုးတွေ ကပ်တွယ်ခံရနိုင်ခြေ လျှော့ချပေးတယ်
• ရေနဲ့ဆပ်ပြာအသုံးပြု ဆေးကြောမှုကြောင့် လက်အသားအရေထိခိုက်တာကနေ ကာကွယ်ပေးနိုင်တယ်။
ကဲ..ရေမလို လက်သန့်ဆေးရည်ကို နည်းစနစ်မှန်မှန် အသုံးပြုလို့ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ကြရအောင်လား…
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။