backup og meta

သွေးတိုးရှိတယ်။ ဆေးသောက်တာအပြင် ဘာလုပ်လို့ရသေးလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးရှိတယ်။ ဆေးသောက်တာအပြင် ဘာလုပ်လို့ရသေးလဲ။

    သွေးတိုးရှိတယ်။ ဆေးတွေပဲ သောက်နေရတယ်။ ဆေးသောက်နေတာတောင် သွေးတိုးက ကောင်းကောင်းထိန်းလို့ မရချင်ဘူး။ တခြားနည်းလမ်းရော မရှိဘူးလားဆိုသူတွေအတွက် ဒီဆောင်းပါးက သင့်အတွက်ပါ။ ကဲ … သွေးတိုးရှိတယ်။ ဆေးသောက်တာအပြင် ဘာလုပ်လို့ရသေးလဲ။ ဆိုတာကို ကြည့်လိုက်ရအောင်နော်။

    သွေးတိုးရောဂါက နာတာရှည်ရောဂါ ဖြစ်တဲ့အတွက် တစ်သက်လုံး ဆေးသောက်ရမှာပါ။ ဒါပေမဲ့ ဆေးသောက်ရုံနဲ့တင် မပြီးသေးပါဘူး။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုလည်း ထိန်းရမှာပါ။ သွေးတိုးလည်းတိုး နောက်က ဆေးလိုက်သောက်လိုက်ရုံပဲလို့ တွေးလိုက်လို့ မဖြစ်ပါဘူး။ တိုးချင်သလောက်တိုး ဆေးသောက်မယ်ဆိုရင် နောက်ဆုံးမှာ ဆေးတောင် မကယ်နိုင်ဘဲ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးသွားမှာပါ။

    ဒါကြောင့် ဆေးတွေသောက်နေတာတောင် သွေးတိုးက ကောင်းကောင်းမထိန်းနိုင်ဘူးလို့ ထင်ရင်  ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြန်ပြင်ကြည့်ပါဦး။

    သွေးတိုးတယ်ဆိုတာ

    သွေးပေါင်ချိန်က ကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိ မြင့်တက်သွားတာကို သွေးတိုးတယ် လို့ခေါ်ကြတာပါ။ သွေးတိုးက နောက်ဆက်တွဲရောဂါ အနေနဲ့ ဝင်လာနိုင်သလိုရှေ့ကနေ ဦးဆောင်သူအနေနဲ့လည်း ဝင်လာနိုင်ပါတယ်။

    သွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန် ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင်လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hgဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hgကျော်နေမယ်၊အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင်သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။

    သွေးအရမ်းတိုးတာကသွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ သွေးကြောတွေ ရောင်ရမ်းလာပြီး သွေးယိုစိမ့်တာ ဒါမှမဟုတ် သွေးရည်ကြည်လိုမျိုး အရည်တွေ ယိုစိမ့်တာမျိုး ဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ နှလုံးက သွေးတွေကို ထိထိရောက်ရောက် ညှစ်မထုတ်နိုင်တာ၊ လေဖြတ်တာတွေ ဖြစ်သွားနိုင်ပါတယ်။

    ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ……….

    သွေးတိုးတဲ့အခါ အများစုက ဘာလက္ခဏာမှ မခံစားရပါဘူး။ တချို့တွေမှာတော့

  • မအီမသာဖြစ်တာ
  • ခေါင်းတစ်ခြမ်းကိုက်တာ
  • နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာ
  • ချွေးစေးတွေပြန်တာမျိုး  တွေ ခံစားရနိုင်ပါတယ်။
  • သွေးတိုးရှိတယ်။ ဆေးသောက်တာအပြင် ဘာလုပ်လို့ရသေးလဲ။

    သွေးတိုးရှိတယ်။ ဆေးသောက်တာတောင် သွေးတိုးက ကောင်းကောင်းထိန်းလို့ မရချင်ဘူးဆိုရင်  အောက်က နည်းလမ်းတွေကို လိုက်နာကြည့်ပါ။

    သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

    ကိုယ်အလေးချိန် တိုးလာတာနဲ့အတူ သွေးပေါင်ချိန်ကလည်း တက်လာနိုင်ပါတယ်။ ဒီတော့ သွေးတိုး ကျစေဖို့ဆိုရင် လုပ်ရမယ့် အကောင်းဆုံး နည်းလမ်းက ပိုနေတဲ့ ကိုယ်အလေးချိန်တွေကို လျှော့ချဖို့ပါ။

    ကိုယ်အလေးချိန် လျှော့ချနိုင်မှုနဲ့အတူ သွေးတိုးကလည်း ကျလာပါလိမ့်မယ်။ ခန္ဓာကိုယ်က အလေးချိန် ၂.၂ ပေါင် ကျသွားတိုင်း သွေးပေါင်ချိန်က ၁ mm Hg ကျသွားပါလိမ့်မယ်။

    • အမျိုးသားတွေအနေနဲ့ ခါးဆိုဒ်က ၄၀ လက်မထက်ကျော်နေမယ်ဆိုရင် သွေးတိုး ခံစားရနိုင်ခြေက များနေမှာပါ။
    • အမျိုးသမီးတွေမှာ ဆိုရင်လည်း ခါးဆိုဒ်က ၃၅ လက်မထက်ကျော်နေမယ်ဆိုရင် သွေးတိုး ခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေမှာပါ။

    လေ့ကျင့်ခန်း လုပ်ပါ

    လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက ခန္ဓာကိုယ်ကိုရော စိတ်ကိုပါ ကျန်းမာစေနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ တစ်ပတ်ကို မိနစ် ၁၅၀ ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးတာက သွေးတိုး ရှိသူတွေမှာ သွေးပေါင်ချိန် ၅ mm Hg ကနေ ၈ mm Hg အထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

    သွေးတိုးကြောင့် နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေဖို့ဆိုရင် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။ အနည်းဆုံး လမ်းလျှောက်တာဖြစ်ဖြစ်ပေါ့။

    စားသောက်မှုပုံစံ ပြောင်းပါ

    သွေးတိုးရှိနေတယ်ဆိုရင် သန့်စင်ထားတဲ့ ကောက်နှံတွေ၊ အချိုများတဲ့ အစားအစာတွေ၊ ပြည့်ဝဆီတွေကို ရှောင်ပြီး လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အမျှင်ဓာတ်ပါတဲ့ စားစရာတွေ၊ အဆီမပါတဲ့ အသားတွေ ပါဝင်အောင် စားပေးပါ။

    ဆား လျှော့စားပါ

    ဆား အစားများတကလည်း သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြော်င့ သေါးတိုးရှိမယ်ဆိုရင် ဆားစားသုံးမှုကို တတ်နိုင်သမျှလျှောပဖိုပလိုပါမယ်။ ဆားဆိုတဲ့နေရာမှာလည်း ဆားချည်းသက်သက် မဟုတ်ပါဘူး။ အငန်ဓာတ်ပါနေတဲ့ ငါးပိ၊ငါးခြောက်၊ ငံပြာရည် လိုမျိုး အငန်ပါတာတွေ။ ငါးချဉ်၊ ပုစွန်ချဉ်နဲ့ အချိုမှုန့် ပါဝင်မှု များတာတွေကိုပါ ရှောင်ရပါမယ်။

    ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်သောက်တာက သွေးကြောတွင်းက နံရံတွေကို ပျက်စီးစေနိုင်ပြီး သွေးကြောတွေကို တောင့်တင်းစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိနေတယ်ဆိုရင် အကောင်းဆုံးက ဆေးလိပ်ဖြတ်လိုက်ပါ။

    အယ်လ်ကိုဟော လျှော့သောက်ပါ

    အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတာက သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက သွေးတိုးနေတယ်ဆိုရင် အယ်လ်ကိုဟောကို ဖြတ်တာပါ။ တကယ်လို့ မဖြတ်နိုင်ဘူးဆိုရင် တစ်နေ့ကို ၂ ခွက်ထက် ပိုမသောက်ပါနဲ့။ လေဒီတွေဆိုရင် တစ်နေ့ကို ၁ ခွက်ထက်ပိုမသောက်ပါနဲ့။

    စိတ်ဖိစီးမှုကို ဖြေလျှော့ပါ

    စိတ်ဖိစီးမှုများတာက သွေးတိုးစေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ စိတ်ဖိစီးမှု များတဲ့အခါ သွေးပေါင်ချိန်က မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့်စိတ်ဖိစီးမှုပြေလျော့စေဖို့ တရားထိုင်တာ၊ ထိုက်ချိ ကစားတာ၊ ယောဂ ကစားတာနဲ့ ပုံဆွဲတာ။ အပင်စိုက်တာတွေ လုပ်ကြည့်ပါ။

    ကဖင်း လျှော့ပါ

    ကဖင်းကလည်း သွေးတိုးစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ကဖင်းက သွေးပေါင်ချိန်ကို ၁၀ mm Hg အထိ မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိတယ်ဆိုရင် ကော်ဖီလျှော့သောက်တာက အဆင်အပြေဆုံးဖြစ်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement