backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မာကျူရီ (ပြဒါး) များတဲ့ အစားအသောက်တွေစားမိပြီး မာကျူရီ အဆိပ်သင့်တယ်ဆိုတာ ဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မာကျူရီ (ပြဒါး) များတဲ့ အစားအသောက်တွေစားမိပြီး မာကျူရီ အဆိပ်သင့်တယ်ဆိုတာ ဘာလဲ

မာကျူရီ အဆိပ်သင့်ခြင်းဆိုတာကို အားလုံးကြားဖူးကြမယ်လို့ ထင်ပါတယ်။ ကြားဖူးပေမယ့် ဘယ်ကနေ ဘယ်လို ဒီလို အဆိပ်သင့်တာဖြစ်ရသလဲဆိုတာကိုတော့ အလုံးစုံ သိတဲ့သူတွေ သိပ်မရှိသေးတာမို့ ဒီဆောင်းပါးလေးမှာ မာကျူရီအဆိပ်သင့်တဲ့ အကြောင်းပြောပြပေးချင်ပါတယ်။

မာကျူရီ အဆိပ်သင့်( ပြဒါး အဆိပ်သင့်) တယ်ဆိုတာ ဘာလဲ။ 

မာကျူရီအဆိပ်သင့်ခြင်းဆိုတာ မာကျူရီအဆိပ်ဓာတ်ပါနေတဲ့ အစားအသောက် တွေကို စားမိရာက စတာပါပဲ။ မာကျူရီဆိုတာ အဆိပ်ရှိတဲ့ သတ္တုပစ္စည်းတစ်ခုဖြစ်ပြီး ပင်လယ်စာတွေမှာ အတွေ့များပါတယ်။ နည်းနည်းလေးစားမိရင် ကျန်းမာရေးကို မထိခိုက်စေတတ်ပေမယ့် မသိလိုက်ဘဲ အများကြီးစားလိုက်မိရင်တော့ မာကျူရီအဆိပ်သင့်ခြင်း စတင်ဖြစ်တော့တာပါပဲ။

မာကျူရီ အဆိပ်သင့်( ပြဒါး အဆိပ်သင့်)ခြင်းရဲ့ လက္ခဏာများ

မာကျူရီအဆိပ်ဟာ သင့်ရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို အဓိက ပြဿနာဖြစ်စေပါတယ်။

မာကျူရီပါတဲ့ အစားအသောက်တွေ နည်းနည်းချင်းစီစားမိနေတဲ့သူတစ်ယောက်ဟာ ကြာလာရင်

  • ခြေတွေ လက်တွေ ထုံကျင်လာမယ်
  • မှတ်ဉာဏ်ပိုင်းစွမ်းရည်တွေ ကျဆင်းလာမယ်
  • စိုးရိမ်မှုတွေ လွန်ကဲနေတတ်တယ်
  • အကြောင်းအရင်းမရှိဘဲ စိတ်ဓာတ်တွေ  ကျနေတတ်ပါတယ်။ ဒါတွေဟာ မာကျူရီတွေ နည်းနည်းချင်းစားမိရာကနေ ကိုယ်တွင်းမှာ တဖြည်းဖြည်းများလာပြီး ဦးနှောက်နဲ့ အာရုံကြောစနစ် ထိခိုက်ခြင်းပါပဲ။

မာကျုရီအများကြီးကို မသိလိုက်ဘဲ စားမိလိုက်ရင်ဖြစ်တဲ့ အဆိပ်သင့်တဲ့ လက္ခဏာတွေကတော့

  • ကြွက်သားတွေ အားနည်းလာမယ်
  • လမ်းလျှောက်ရင် ဟန်ချက်ညီအောင်လည်း မထိန်းနိုင်တော့ဘူး
  • လက်နဲ့ မျက်နှာမှာ ထုံနေပြီး အာရုံခံနိုင်စွမ်းတွေလည်း လျော့လာမယ်
  • အမြင်အာရုံနဲ့ အကြားအာရုံမှာ ပြဿနာရှိနေမယ့်အပြင်
  • လျှာတွေ ထုံနေပြီး စကားပြောရတာလည်း မကောင်းတော့ပါဘူး။

မာကျူရီ (ပြဒါး) များတဲ့ အစားအသောက်တွေစားမိပြီး မာကျူရီ အဆိပ်သင့်တယ်ဆိုတာ ဘာလဲ

ဒီလို မာကျူရီအဆိပ်သင့်ခြင်းဟာ ကလေးတွေမှာဆိုရင်

  • ကလေးတွေရဲ့ အသိဉာဏ်ဖွံဖြိုးခြင်းကို နောက်ကျစေပါတယ်။
  • လေ့လာသင်ယူခြင်းနဲ့ စကားပြောခြင်းကိုလည်း ပြဿနာဖြစ်စေပါတယ်။
  • ကလေးတွေ သွက်သွက်လက်လက် လှုပ်ရှားနိုင်မှုကိုလည်း ထိခိုက်စေတဲ့အပြင်
  • ကလေးနဲ့ မှတ်ဉာဏ်ပိုင်းစွမ်းရည်ကိုလည်း ကျဆင်းစေပါတယ်။

ကဲ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ မာကျူရီအဆိပ်သင့်ခြင်းက ဘယ်လိုမျိုးစဖြစ်နိုင်တာလဲ။

အဓိကကတော့ မာကျူရီပါတဲ့ အစားအသောက်တွေ စားမိရာကနေ မာကျူရီ အဆိပ်သင့်ခြင်းဖြစ်ရတာပါ။ ။

  • မာကျူရီပါဝင်တဲ့ ပင်လယ်စာတွေ ( ငါးသလောက်၊ ပုစွန်ဆိတ်၊ ငါးခူ)
  • မာကျူရီပါတဲ့ ငါးတွေ ( မက်ကရယ်ငါး၊ တူနာငါး၊ sword fish နဲ့ ငါးမန်း)
  • မာကျူရီဆိုတာ ငါးတွေမှာ နည်းနည်းချင်းစီပါနေနိုင်တာမို့ ငါးကို နေ့တိုင်းနီးပါးစားနေရင် တဖြည်းဖြည်း ကြာလာတဲ့အခါမှာ မာကျူရီအဆိပ်သင့်ခြင်းဖြစ်နိုင်ပါတယ်။

မာကျူရီ (ပြဒါး) များတဲ့ အစားအသောက်တွေစားမိပြီး မာကျူရီ အဆိပ်သင့်တယ်ဆိုတာ ဘာလဲ

ပင်လယ်စာတွေ အားလုံးမှာ မာကျူရီနည်းနည်းချင်းစီ ပါနေနိုင်တာမို့ ကိုယ့်ဘက်က သင့်တင့်တဲ့ ပမာဏလောက်သာ စားဖို့လိုပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်တွေ အနေနဲ့လည်း ဗိုက်ထဲကလေးကို မာကျူရီက ဒုက္ခပေးနိုင်တာမို့ တစ်ပတ်ကို တူနာငါး ၆ အောင်စ နဲ့ အခြားငါးတွေ ၈ အောင်စ ထက်ပိုမစားသင့်ပါဘူး။ ။

အခြား မာကျူရီအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်တဲ့ လမ်းကြောင်းတွေကတော့

  • အဖျားတိုင်းတဲ့ သာမိုမီတာ ကျိုးသွားတာက ထွက်လာတဲ့ မာကျူရီတွေ
  • ရွှေပန်းထိမ်လုပ်ငန်း လုပ်တဲ့သူတွေ
  • စက်ရုံကနေထွက်လာတဲ့ မာကျူရီ သတ္တုဓာတ်တွေကလည်း ပတ်ဝန်းကျင်က လူတွေကို မာကျူရီ အဆိပ်သင့်စေတဲ့ လမ်းကြောင်းတွေဖြစ်ပါတယ်။ ။

ကဲ ဒီလောက်ဆို မာကျူရီအဆိပ်သင့်ခြင်း အကြောင်းကို ပြည့်ပြည့်စုံစုံ သိလောက်ပြီလို့ ထင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement