backup og meta

မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ

    မျက်လုံးတွေ ကြည့်လို့ မကောင်းဘူး၊ ရီဝေဝေနဲ့ရယ်။ စာဖတ်လို့လည်း အဆင်မပြေဘူး။ ကြည့်ရတာ အားမရဘူး ဆိုတာ မကြာခဏ ကြားရပါတယ်။ အကြောင်းရင်းတွေက အများကြီး ရှိနိုင်တယ်နော်။ မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။

    မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ

    မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ ဆိုတော့

    • မျက်မှန်လိုနေပြီ

    မျက်စိအသုံးပြုရတာများလို့ အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် အဝေးမှုန်၊ အနီးမှုန် မျက်စိပါဝါတွေရှိလာတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်စိကျန်းမာရေးစစ်ဆေးပြီး မျက်မှန်လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

    • မျက်စိညောင်းနေတာဖြစ်နိုင်တယ်

    တီဗီ၊ ကွန်ပျူတာ သို့မဟုတ် ဖုန်းကို အကြာကြီး ကြည့်နေတတ်တဲ့သူလား။ ဒီလိုကြည့်တဲ့အခါ မျက်တောင်ခတ်တာနည်းတတ်ပါတယ်။ မျက်တောင်တစ်ခါခတ်တိုင်းမှာ မျက်လုံးထဲမှာ မျက်ရည်တွေကဖြန့်ကြက်ပြီး အစိုဓါတ်ပေးနိုင်တယ်၊လန်းဆန်းစေတယ် ။ ဒါ့ကြောင့် မျက်စိမညောင်းရအောင် ဒီလိုအကြာကြီးကြည့်တဲ့အခါ မကြာခဏမျက်တောင်ခတ်ဖို့ကို မမေ့ပါနဲ့။

    • အသက်ကြီးလာလို့

    အသက် ၄၀လောက်ရောက်တဲ့အခါ စာဖတ်တာကအစ အနီးကပ်အာရုံစိုက်ရအဆင်မပြေတော့တာ သတိထားမိလာပါလိမ့်မယ်။ ဒါဟာ အသက်ကြီးလာတဲ့ပုံမှန်လက္ခဏာတစ်ခုပါပဲ။ စာကြည့်မျက်မှန်တွေဖြစ်ဖြစ် ဆရာဝန်နဲ့တိုင်ပင်ပြီး အသုံးပြုသင့်ပါတယ်။

    သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းမထိန်းချုပ်နိုင်တဲ့အခါ မျက်စိမှန်ဘီလူးအတွင်းကို အရည်တွေ စိမ့်ဝင်စေနိုင်ပြီး ဖောင်းလာစေပါတယ်။ ဒါကို ကုသမှုမလုပ်မချင်း ဆက်ပြီး ဖြစ်နေနိုင်တဲ့ လက္ခဏာပါ။ သကြားဓာတ်ပမာဏပုံမှန်ဖြစ်မှ မှန်ဘီလူးလည်း ပုံမှန်ပြန်ဖြစ်မှာပါ။ ဆီးချိုရောဂါရှိတဲ့သူတွေမှာ retinopathy မျက်စိရောဂါ ဖြစ်နိုင်ခြေ ပိုများတာကြောင့် အမြင်အာရုံ မှုန်ဝါးလာရင် ဆီးချိုကိုလည်းသတိပြုပါ။

    • မျက်လုံးက ရောင်နေတာ

    မျက်လုံးမှာ ထိခိုက်ထားတာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်ကပ်မှန်တပ်ရင်း အိပ်မိတာ၊ သေချာမသန့်စင်တာ၊ သိမ်းဆည်းပုံ မမှန်ကန်ဘဲပစ်ထားတာတွေက မျက်စိကို ရောဂါပိုးဝင်စေနိုင်ပါတယ်။ ဆိုရီရေးစစ်အရေပြားရောဂါ၊ လေးဘက်နာအဆစ်ရောင်ရောဂါတို့လို ခန္ဓာကိုယ်တခြားအစိတ်အပိုင်းတွေမှာဖြစ်တဲ့ ကိုယ်ခံအားဆိုင်ရာရောဂါတွေကြောင့်လည်း မျက်စိကိုရောင်ရမ်းစေတတ်ပါတယ်။

    ရောဂါအခံ ဒါမှမဟုတ် ရေဓာတ်ခန်းခြောက်တာကြောင့် သွေးပေါင်ကျနေနိုင်ပါတယ်။ သောက်သုံးနေရတဲ့ ဆေးဝါးတချို့၊ နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတချို့၊ အာဟာရမပြည့်ဝတာ၊ ဟော်မုန်း မညီမျှတာ၊ အိပ်ရေးပျက်တာ စတာတွေက သွေးပေါင်ကျပြီး အမြင်အာရုံ ဝေဝါးစေတဲ့အကြောင်းရင်းတွေထဲပါဝင်ပါတယ်။

    • ရေတိမ်ဖြစ်တာ 

    ဒီလိုဖြစ်လာရင် မျက်စိအာရုံကြောမှာ ဖိအားဖြစ်စေပြီး ထိခိုက်စေနိုင်ပါတယ်။ အလင်းရောင်ကိုကြည့်လိုက်တဲ့အခါ အပျောက်လေးတွေမြင်နေရတယ်ဆိုရင်၊ မျက်စိနီရဲနေပြီး နာကျင်လာတယ်ဆိုရင်၊ ပျို့အန်ချင်နေတယ်ဆိုရင် acute angle glaucomaဆိုတဲ့ ရေတိမ်အမျိုးအစားဖြစ်နေနိုင်ပါတယ်။ရေတိမ်က ဆက်ဖြစ်လာတာမြန်လို့ မကုသရင် သိပ်မကြာခင်မှာပဲ အမြင်အာရုံကို ဆုံးရှုံးရနိုင်ပါတယ်။

    ပုံမှန်ဆို ကြည်လင်နေရမယ့် မျက်စိမှန်ဘီလူးမှာ တခုခုပိတ်ကာနေသလို ခံစားရတာမျိုးပါ။ အတွင်းတိမ်တွေက အသက် ၅၅ နှစ်နောက်ပိုင်းမှာ တဖြည်းဖြည်းချင်း ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမှာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်နော်။ မျက်စိထဲမှာ အရောင်တွေ မှိန်နေပြီး ညဘက်ဆို သိပ်မမြင်ရတော့ဘူးဆိုရင် အတွင်းတိမ်ကို သတိထားသင့်ပါတယ်။

    • ဦးနှောက်ထဲက ပြဿနာ

    ခေါင်းထိခိုက်လို့ သတိလစ်တာ ဒါမှမဟုတ် ဦးနှောက်ထိခိုက်မှုဖြစ်ထားရင် မျက်စိလုပ်ဆောင်ချက်တွေကိုထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်အကျိတ်ဆိုလည်းဖြစ်တဲ့နေရာ သို့မဟုတ် အရွယ်အစားကိုမူတည်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်တယ်။ အမြင်နှစ်ထပ်ဖြစ်ခြင်းက ဦးနှောက်ရောင်ရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာ တစ်ခုမဟုတ်ပေမယ့် အမြင်အာရုံ မှုန်ဝါးခြင်းက လေဖြတ်ခါနီးဖြစ်တတ်တာလည်း တချို့မှာတွေ့ရပါတယ်။

    ဆေးလိပ်သောက်ခြင်း၊ မျက်စိ ထိခိုက်မှု ဖြစ်ဖူးခြင်း၊ မျက်စိရောဂါ ဖြစ်ဖူးခြင်း၊ သွေးတိုး၊ ကိုလက်စထရော များခြင်းနဲ့ ဆီးချိုရောဂါတို့ကြောင့် မြင်လွှာ ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။

    ဒါတွေကဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေထဲက တချို့ကို ဖော်ပြထားတာဖြစ်လို့ တခြား အကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။ ကိုယ့်မျက်လုံးနဲ့ အမြင်အာရုံမှာ ထူးခြားတဲ့၊ ပုံမှန်နဲ့မတူတဲ့ လက္ခဏာတွေ ရှိလာတာ သတိထားမိတယ် ဆိုရင် ဆရာဝန် အမြန်ပြပြီး စစ်ဆေးမှုခံယူတာ ကောင်းပါတယ်။ မျက်လုံးဆိုတာ နုနယ်လွန်းတဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်တာမို့ လက္ခဏာ သေးသေးလေးလည်း ပေါ့ပေါ့ဆဆ မနေသင့်ပါဘူးနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 27/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement