ကာဗိုဟိုက်ဒရိတ် ပြည့်ဝစေဖို့အတွက်ကတော့
- အုတ်ဂျုံ
- ကောက်နှံစတာတွေကို စားသုံးပေးဖို့ လိုပါမယ်။
အဆီဓာတ် လုံလောက်စေဖို့ အတွက်ကတော့
- သစ်ကြားသီး
- အယ်လ်မွန်စေ့
- သံလွင်ဆီ
- မုန်ညှင်းဆီ စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို စားသုံးပေးဖို့ လိုပါမယ်။
ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစေဖို့အတွက်ကတော့
- အာလူး
- မုန်လာဥဖြူ
- မုန်လာဥနီ
- ကိုက်လန်
- ပြောင်းဖူး
- ပန်းဂေါ်ဖီစိမ်း
- နာနတ်သီး
- မာလကာသီး
- ငှက်ပျောသီး
- နဂါးမောက်သီး စတဲ့ အရောင်အသွေး စုံလင်တဲ့ အသီးအရွက်တွေကို နေ့စဉ် ပြည့်ဝမျှတအောင် စားသုံးဖို့ လိုပါမယ်။
ဒါတွေအပြင် ကိုယ်ခံအားအတွက် အရေးပါတဲ့ ရေဓာတ် ပြည့်ဝစေဖို့လည်း တစ်နေ့ကို ရေ ၂ လီတာထက် မနည်း သောက်သုံးပေးဖို့ လိုပါမယ်။ စိတ်ခံစားမှု ကောင်းစေဖို့ ကိုကိုး ၇၀ ရာခိုင်နှုန်းပါတဲ့ ချောကလက်ကို နည်းနည်းလောက် စားသုံးပေးလို့ ရပါတယ်။
တကယ်လို့ ဝမ်းသွားတာမျိုး အော့အန်တာမျိုး ရှိမယ်ဆိုရင် ဓာတ်ဆားရည် သောက်သုံးပေးဖို့ လိုမှာပါ။ လည်ချောင်းနာနေမယ် အနံ့ အရသာ ပျောက်နေမယ်ဆိုရင်တော့ ခပ်ပျော့ပျော့နဲ့ မျိုချရလွယ်တာမျိုးကို စားသုံးပေးလို့ ရပါတယ်။
ကိုဗစ် ခံစားနေရချိန်မှာ အချိုကဲ၊ အငန်ကဲတာတွေကိုတော့ မစားသင့်ပါဘူး။ လတ်ဆတ်တဲ့ အိမ်ချက် အစားအစာတွေကိုပဲ စားသုံးပေးသင့်ပါတယ်။ အချိုကဲ၊ အငန်ကဲတဲ့ အစားအစာတွေက သွေးတွင်း သကြားဓာတ် မြင့်တာနဲ့ သွေးတိုးတာတွေကို ဖြစ်စေပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။
နောက်ဆုံးတစ်ချက်က တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ဖို့ နဲ့ လေဝင်လေထွက် ကောင်းတဲ့နေရာမှာ နေဖို့ပါ။
ကဲ…. ဒီအချက်လေးတွေကို လိုက်နာပြီး ကိုဗစ်ကို အကောင်းဆုံး ခုခံ လိုက်စို့နော်………..
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။