ပရိုတင်း နဲ့ ကိုယ်ခံအား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 21, 2020 . 2 mins read
Share now

ရောဂါတွေ ပိုမိုဆန်းပြားလာတဲ့အချိန်မှာ ခန္ဓာကိုယ်ကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ကိုယ်ခံအား ကောင်းမှလည်း ရောဂါတွေကူးစက်ခဲ့ရင် အကောင်းဆုံး တိုက်ထုတ်နိုင်မှာပါ။ ဒီတော့ ကိုယ်ခံအားကောင်းစေဖို့က မဖြစ်မနေ လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ ကိုယ်ခံအား ကောင်းစေဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အာဟာရဓာတ်လေး တစ်ခုအကြောင်း ပြောပြပေးပါရစေ။

ပရိုတင်းက ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ……….

အသားဓာတ်လို့ သိထားကြတဲ့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်က တစ်ရှူးတွေကို ဖြစ်ပေါ်စေဖို့ နဲ့ ပြုပြင်ပေးရာမှာ အရေးပါပါတယ်။ ခန္ဓာကိုယ်ကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်မခံရအောင် ကာကွယ်ပေးတဲ့နေရာမှာလည်း အဓိက ပံ့ပိုးပေးတဲ့ အာဟာရဓာတ်ပါ။

ပရိုတင်းက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်ခုပါ။ ဆံပင်တွေ၊ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေနဲ့ လက်သည်းခြေသည်းတွေကို ပရိုတင်းနဲ့ ဖွဲ့စည်းထားတာပါ။ ပရိုတင်းကို တစ်ရှူးတွေ ထိခိုက်ပျက်စီးသွားတဲ့အခါ ပြုပြင်ရာမှာ အသုံးပြုသလို အင်ဇိုင်းတွေ၊ ဟော်မုန်းတွေ နဲ့ ခန္ဓာကိုယ်က အခြားဓာတုပစ္စည်းတွေဖြစ်ပေါ်စေဖို့လည်း ပရိုတင်းကိုပဲ သုံးပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ နှလုံး ကျန်းမာရေးကစလို့ ခန္ဓာကိုယ်တစ်ခုလုံးကြီးထွားဖွံ့ဖြိုးဖို့လည်း တာဝန်ယူ ပေးပါသေးတယ်။ ခန္ဓာကိုယ်မှ စီးဆင်းနေတဲ့ သွေးတွေ၊ အရိုး နဲ့ ကြွက်သား၊ အရေပြား နဲ့ အရိုးနုလေးတွေ ဖြစ်ပေါ်စေဖို့လည်း ပရိုတင်းက အားဖြည့်ပေးထားပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံး အကောင်းဆုံးလည်ပတ်စေဖို့အတွက် လိုအပ်တဲ့ လောင်စာပေါ့။ နောက်တစ်ချက်က ခန္ဓာကိုယ်က ပရိုတင်းကို မသိုလှောင်ထားနိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ်တိုင်းမှာ အသစ်အသစ်သော ပရိုတင်းတွေကို ဖြည့်ဆည်းနိုင်ဖို့ လိုအပ်မှာပါ။

ကိုယ်ခံအားစနစ်မှာပါဝင်ဖွဲ့စည်းထားတဲ့ ဆဲလ်တွေ အမြှေးပါးတွေ ကျန်းမာနေစေဖို့လည်း ပရိုတင်းကပဲ အားဖြည့်ပေးထားတာပါ။ ဒီတော့ ရောဂါတွေ ထူပြောလာတာနဲ့အမျှ ကိုယ်ခံအားကောင်းစေဖို့ဆိုရင် မဖြစ်မနေ နေ့စဉ် ပရိုတင်းပါအောင် စားသုံးပေးဖို့လို ပါမယ်။ ဒါမှ ခန္ဓာကိုယ်မှာ အင်အားပြည့်ဝပြီး ကျန်းမာပျော်ရွှင်နေမှာပါ။

ပရိုတင်း နည်းနေပြီလား………..

ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်နည်းနေတဲ့အခါ

  • အားနည်းမယ်
  • ပင်ပန်းနွမ်းနယ်မယ်
  • ခြေကုန်လက်ပမ်းကျ လွယ်မယ်
  • စိတ်ပါဝင်စားမှု အားနည်းမယ်
  • ကိုယ်ခံအားနည်းမယ်
  • ခဏခဏ ဖျားနာလွယ်မယ်စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

တစ်နေ့တာမှာ ပရိုတင်းဘယ်လောက် စားသင့်လဲ…………..

တော်တော်များများ ကြားမိထားနိုင်တဲ့ အယူအဆအမှားတစ်ခုက ပရိုတင်းများများစားရင် ကြွက်သားတွေတက်လာ နိုင်တယ်ဆိုတာပါ။ တကယ်ကတော့ ကြွက်သားတွေ သန်မာစေဖို့ဆိုရင် လေ့ကျင့်ခန်း များများလုပ်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။

ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ဆိုရင် ပရိုတင်း လုံလောက်မျှတတဲ့ ပမာဏ ရရှိဖို့လိုပါမယ်။ ဒါပေမယ့် ပရိုတင်းများလို့ အင်အားတွေ ပိုများလာမယ် ကြွက်သားတွေ ပိုသန်မာလာမယ်ဆိုတာကတော့ မဟုတ်ပါဘူး။

အသက်အရွယ်အလိုက် ပရိုတင်း လိုအပ်ချက်ကတော့ ကွာခြားနိုင်ပါတယ်။

  • အသက် ၂ နှစ် ကနေ ၆ နှစ်အတွင်း ကလေးငယ်တွေ၊ အမျိုးသမီးတွေ နဲ့ သက်ကြီးရွယ်အိုတွေ အနေနဲ့ကတော့ တစ်နေ့ကို ၅ အောင်စလောက် စားသုံးပေးဖို့ လိုပါမယ်။
  • ဆယ်ကျော်သက်အရွယ်တွေနဲ့ လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးတွေကတော့ တစ်နေ့ကို ပရိုတင်း ၆ အောင်စလောက် စားပေးဖို့ လိုပါမယ်။

ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေများလဲ………..

ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကများပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပရိုတင်းကို ရဖို့ဆိုရင်တော့

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း ဆိုတာ အစားအစာ တစ်ခုခုကို စားပြီး သိပ်မကြာခင်မှာ ကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့  တုံ့ပြန်မှု တစ်ရပ်ပါ။ ဓာတ်မတည့်မှု ဖြစ်တဲ့အခါ .....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

မျှော်လင့်ချက်ထား တာဟာ လူတိုင်း လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံတစ်မျိုးပါ။ မျှော်လင့်ချက်မထားရင် ရည်မှန်းချက်ပျောက်ဆုံးနေတာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read