COVID-19 က ဆီးချိုဝေဒနာကို ပိုမိုဆိုးရွားစေရတဲ့ အကြောင်းအရင်းကတော့ ဆီးချိုကို ပိုမိုဆိုးရွားစေတဲ့ Ketoacidosis နဲ့ Hyperosmolarity တွေကို ပိုမိုတွန်းအားပေးတာကြောင့်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့်လည်း ဆီးချိုဝေဒနာသည်တွေဟာ COVID-19 ကူးစက်ခံရရင် ရောဂါ ၂ မျိုးလုံးရဲ့ ရောဂါလက္ခဏာတွေကို ပြင်းပြင်းထန်ထန်ခံစားကြရတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီအချက်တွေကြောင့်တော့ ဆီးချိုဝေဒနာသည်တွေ COVID-19 ကူးစက်ခံရတာနဲ့ သေဆုံးမယ်လို့ တထစ်ချမှတ်ယူလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ပြန်လည်သက်သာလာသူတွေလည်း အများအပြားရှိနေလို့ပါ။
ပြင်သစ်ပညာရှင်တွေရဲ့ သုတေသနရလဒ်တွေမှာ ဖော်ပြထားချက်တွေအရဆိုရင် COVID-19 ကူးစက်ခံခဲ့ရတဲ့ ဆီးချိုဝေဒနာသည်တွေ ဆေးရုံကပြန်ဆင်းနိုင်တဲ့ ရာခိုင်နှုန်းက ၁၈% ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါသုတေသနမှာ ပါဝင်သူအများစုဟာ အမျိုးသားတွေဖြစ်ကြပြီး ပျမ်းမျှ အသက် ၇၀ အထိ အရွယ်စုံတွေဖြစ်ကြပါတယ်။
အိမ်မှာပဲနေပါ
ဆီးချိုဝေဒနာသည်တွေ COVID-19 ကူးစက်ခံရမယ့်ဘေးကို ရှောင်လွှဲနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အိမ်ပြင်မထွက်ပဲ နေအိမ်မှာပဲ နေထိုင်တာဖြစ်ပါတယ်။
ဒါ့အပြင်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။