အိမ်ထောင်စု တစ်စုမှာ ဘေဘီလေး ရောက်ရှိလာခြင်းက ပျော်စရာကောင်းတဲ့ ကိစ္စတစ်ရပ်ပါ။ ဘေဘီလေးဆိုတာ တစ်အိမ်လုံးရဲ့ ချစ်မဝတဲ့ သူတွေပါ။ ဒီလိုကာလမှာ ဘေဘီလေး တစ်ယောက် မွေးဖွားလာတဲ့အခါ အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့ ကိုဗစ်ဆိုတဲ့ ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေလို့ပါပဲ။ ဒီတော့ ဘေဘီလေး ရောက်ရှိလာတာကြောင့် ပျော်ရွင်နေရတဲ့ အပျော်လေးတွေ ပျောက်မသွားစေဖို့အတွက် မွေးကင်းစ ဘေဘီလေးကို ကိုဗစ်ကာလမှာ ဒီလို ကာကွယ်ပါ ။