backup og meta

ရောဂါ ကာကွယ်ဖို့ တပ်ကြတဲ့ ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကလေးတွေကို ဖန်စီကျကျ အလှဆင်ကြမယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရောဂါ ကာကွယ်ဖို့ တပ်ကြတဲ့ ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကလေးတွေကို ဖန်စီကျကျ အလှဆင်ကြမယ်။

    ကိုဗစ်ကာလမှာ အပြင်သွားရင် မဖြစ်မနေ ယူသွားဖို့ လိုတဲ့အရာလေး တစ်ခု တိုးလာခဲ့ပါတယ်။ ဒါကတော့ ပါးစပ်နှင့်နှာခေါင်းစည်း(mask)လေးပါ။

    အရင်က အပြင်သွားမယ်ဆိုရင် ထီးပါပြီလား၊ ဖုန်း၊ ပိုက်ဆံအိတ် စသဖြင့်ပဲ စစ်ကြပေမယ့် အခုဆိုရင် ပါးစပ်နှင့်နှာခေါင်းစည်း(mask)ပါရဲ့လား စစ်ရပါတယ်။ နောက်တစ်ခုကတော့ ရေမလိုလက်သန့်ဆေးရည် ဒါမှမဟုတ် ပိုးသတ်တစ်သျှူးပါ။

    ကိုဗစ် စတင်ဝင်ရောက်စဉ်က ပါးစပ်နှင့်နှာခေါင်းစည်း(mask)ယူတာကို အကျင့်မရပေမယ့် အခုဆိုရင် ကိုဗစ်ကို ရင်ဆိုင်လာရတာ ဒုတိယလှိုင်းတောင်ဖြစ်ပြီး တစ်နှစ်ပြည့်ခါနီးလာပြီဆိုတော့ အပြင်သွားရင် ပါးစပ်နှင့်နှာခေါင်းစည်း(mask)တပ်တာ၊ မတ်ခ် အပိုဆောင်သွားတာက လုပ်နေကျ အလေ့အထလေးလိုတောင် ဖြစ်လာပါပြီ။

    ဒါပေမယ့် နေ့တိုင်း မတ်ခ်တပ်တဲ့အခါ အရောင်ပြောင်းတပ်တယ်ဆိုပေမယ့် ဖက်ရှင်ကျကျ လှလှပပတပ်ချင်သူတွေအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(mask)လေးတွေကို ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး ဖန်စီကျကျ လှလှပပလေးဖြစ်အောင် ဘယ်လို ဖန်တီးရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။

    ပါးစပ်နှင့်နှာခေါင်းစည်း(mask)လှလှလေး ကိုယ်တိုင် ဖန်တီးကြမယ်

    ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကလေးကို ကိုယ်တိုင် ဖန်တီးတော့မယ်ဆိုရင် အရင်ဆုံး မှာချင်တာက လှပဖို့ဆိုပေမယ့် ဘေးကင်းဖို့ကို အဓိက ဂရုစိုက်ဖို့ပါ။ ဘေးကင်းဖို့ဆိုတဲ့ နေရာမှာ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်နိုင်တဲ့ နှာခေါင်း၊ ပါးစပ် စတဲ့နေရာတွေကို ပိတ်ဆို့နေတာမျိုး မဟုတ်ဘဲ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တာမျိုး ဖြစ်ဖို့ပါ။

    နောက်တစ်ချက်ကတော့ အသားအရေကို ထိခိုက်စေတာမျိုး မရှိတဲ့ သဘာဝ ချည်သား၊ သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုဖို့ပါ။ ချည်သားကို အသုံးပြုပြီး ပါးစပ်နှင့်နှာခေါင်းစည်း(mask) ချုပ်တဲ့အခါ တစ်ထပ်တည်းဆို မလုံလောက်ပါဘူး။ အနည်းဆုံး ၃ ထပ်လောက် အထပ်ထပ် ချုပ်ဖို့ လိုပါမယ်။

    ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကို အလှဆင်တော့မယ်ဆိုရင်

    ပိတ်စ ပြောင်ဖြစ်ပါစေ။

    အလှဆင်လို့ လှဖို့ဆိုရင် ပိတ်စက ဗြောင်ဖြစ်နေဖို့ လိုပါမယ်။ အ​ဖြူဆိုလည်း အဖြူဗြောင်၊ အနက်ဆိုလည်း တစ်ရောင်တည်း၊ အပြာ၊ ပန်းရောင်၊ ခရမ်း စသဖြင့်ပေါ့။ ချည်သား စစ်စစ်ဖြစ်ဖို့ကိုလည်း မမေ့ပါနဲ့။

    အဝတ်မှာဆွဲတဲ့ ရောင်စုံဖယောင်း

    အရင်ဆုံး စာရွက်ပေါ်မှာ လိုချင်တဲ့ ဒီဇိုင်းပုံစံကို ပုံဖော်ပြီး ဆွဲပါ။ ပြီးရင် ပုံဖော်ထားတဲ့ စက္ကူကို အဝတ်မတ်ခ်ပေါ်မှာ ကပ်ပြီး မီးပူနဲ့ သေချာ တိုက်ပါ။ ဒီလို တိုက်လိုက်တာက ဒီဇိုင်းဆွဲရပို လွယ်ကူစေပြီး ပုံလှလှလေး ထွက်စေပါတယ်။

    ဒီဇိုင်းဖော်ပြီးတဲ့အခါ ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကိုသေချာ လျှော်ဖွတ်ပြီးမှာ အသုံးပြုပါ။

    အဝတ်မှာ ဆွဲတဲ့ Markers

    ဒါကလည်း အဝတ်မတ်ခ်ကို လှလှလေး ပုံဖော်ပေးနိုင်မယ့် အရာပါ။ လက်ငြိမ်ငြိမ်လေး ဆွဲဖို့တော့ လိုပါမယ်။ ဒီဇိုင်းဆွဲပြီးရင် ခြောက်သွားအောင် နေလှန်းတာ ဒါမှမဟုတ် ဆံပင်အခြောက်ခံစက်၊ မီးပူတို့နဲ့ မိနစ် ၃၀ လောက် အပူပေးပါ။

    နောက်ထပ် အလှဆင်နိုင်မှာ တစ်ခုက အရင်ကာလတွေကတည်း သုံးခဲ့ကြတဲ့ အဝတ်တွေကို အရောင်တင်တဲ့ သဘာဝဆိုးဆေးကို အသုံးပြုတာပါ။ ခရမ်းရောင် ဂေါ်ဖီ၊ ကြက်သွန်နီခွံ၊ နနွင်းစတာတွေကို အသုံးပြုပြီး နှာခေါင်းစည်းကို အလှဆင်လို့ ရပါတယ်။

    အလှဆင် ပစ္စည်းလေးတွေ

    နောက်ထပ်တစ်နည်းကတော့ ချည်လေးတွေ ထိုးတာ၊ ပုတီးစေ့လေးတွ၊ အလှဆင်ပစ္စည်းလေးတွေ ကပ်ပြီး အလှဆင်တာပါ။ အလှဆင်ပစ္စည်းလေးတွေ တပ်တဲ့အခါ နှာခေါင်းနဲ့ ပါးစပ်နေရာကို ပိတ်မနေစေဘဲ ဘေးဘက်ခြမ်းတွေမှာ တပ်ဆင်တာက အကောင်းဆုံးပါ။

    ဒီလို အလှဆင်ထားတဲ့ ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကလေးတွေကို တပ်ဆင်ပြီးတိုင်း ဆပ်ပြာနဲ့သေချာလျှော်ဖွတ်ပြီး ခြောက်အောင် လှမ်းပါ။ နောက်တစ်ကြိမ် အသုံးမပြုခင် မီးပူသေချာတိုက်ပေးပါ။ ချည်သားတွေ ကျဲလာတာမျိုး ရှိမယ်ဆိုရင် အသစ်လဲပေးပါ။

    ကဲ…ဒီထဲက နည်းလေးတွေထဲက အနှစ်သက်ဆုံးနည်းလမ်းကို သုံးပြီး စိတ်ကြိုက်ဒီဇိုင်းလေးတွေနဲ့ ဖန်စီကျကျ ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကလေးတွေ ဖန်တီးလိုက်ပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement