backup og meta

ကလေးတွေကို ကိုဗစ် စစ်ဆေးတော့မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို ကိုဗစ် စစ်ဆေးတော့မယ်ဆိုရင်

    အခုနောက်ပိုင်း ကြားရများလာက ကိုဗစ် ဖြစ်တဲ့ထဲမှာ ကလေးငယ်တွေ ပါဝင်မှု များလာတာပါ။ ကလေးငယ်တွေသက်ကြီးရွယ်အိုတွေက ရောဂါဒဏ်ကို ခုခံနိုင်စွမ်းနည်းတဲ့ အုပ်စုရယ်လို့ သတ်မှတ်ထားပေမယ့် အစောပိုင်း တွေ့ရှိချက်တွေအရ ကိုဗစ်က ကလေးငယ်တွေမှာ ဖြစ်နိုင်ခြေ နည်းတယ်ဆိုတဲ့ သုံးသပ်ချက် ထွက်ပေါ်ခဲ့ဖူးပါတယ်။

    ဒါပေမယ့်လည်း ကိုဗစ်က သန္ဓေပြောင်းလဲမှုတွေ ဖြစ်ရင်း ကူးစက်မှုနှုန်း မြန်လာသလို အခုဆို ကလေးကစပြီး ဖိုးဖိုးဖွားဖွားတွေအထိ အသက်အရွယ် အားလုံးကို ကူးစက်နေတာပါ။ လူကြီးတွေက ပိုးရှိလူနာနဲ့ ထိတွေ့မိလို့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab) ယူရမယ်ဆိုရင် အဆင်ပြေပြေ လုပ်ဆောင်နိုင်ပေမယ့် ငယ်ရွယ်လွန်တဲ့ သားသားမီးမီးတို့အတွက်တော့ ကြောက်စရာ ဖြစ်နေနိုင်ပါတယ်။

    ဒီတော့ ကလေးတွေအတွက် ကြောက်စရာကောင်းနေမယ့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab) ယူတာကို အဆင်ပြေပြေ လုပ်ဆောင်နိုင်စေဖို့ မေမေဖေဖေတို့အနေနဲ့ ဘယ်လို ကူညီပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

    ကိုဗစ် စစ်ဆေးမှုအတွက် ကလေး သက်သောင့်သက်သာဖြစ်စေဖို့

    ကလေးက မတော်တဆ ပိုးရှိတဲ့သူနဲ့ ထိတွေ့မိလို့ ကိုဗစ်ပိုး ရှိနေလားဆိုတာကို စစ်ဆေးရတော့မယ်ဆိုရင် ကြောက်လန့်တာ၊ စိုးရိမ်တာတွေ ကင်းစေဖို့ဆိုရင်

    ကလေးကို သေချာလေး ရှင်းပြပါ။

    မိဘ အတော်များများရဲ့ အတွေးက ကလေးကို ဆေးခန်းသွားမယ်ဆိုတာကို မပြောပြရင် ကလေးက ကြောက်စိတ်နည်းသွားမယ်။ ဆေးထိုးရမယ်ဆိုတာကို မပြောပြရင် ကလေးက ကြောက်မှာ မဟုတ်ဘူးလို့ပေါ့။

    တကယ်ကတော့ အ​ခြေအနေက ဒါနဲ့ ပြောင်းပြန်ပါ။ ကလေးကို ဆေးစစ်မှုရဲ့ အသေးစိတ်ကို ပြောပြပေးတာက ကလေးကို ကြောက်စိတ် ပိုကင်းစေတာပါ။ ဒါကြောင့် ကလေးကို တို့ဖတ်ယူရတော့မယ်ဆိုရင်။

    အခုကတော့ ဘယ်ကို သွားမယ်။ ဘယ်သူတွေနဲ့ တွေ့ရမယ်။ ဘယ်လို စစ်ဆေးမှုတွေ ခံရမယ်။ အနည်းငယ် နာကျင်တာမျိုး ရှိနိုင်တယ်။ အချိန်အားဖြင့် ဘယ်လောက်ကြာမယ်။ ကြောက်စရာမဟုတ်ဘူး။ ကျန်းမာရေးအတွက် လိုအပ်လို့ စစ်ဆေးရတယ် ဆိုတာကို သေချာလေး နားလည်အောင် ပြောပြပေးပါ။

    ဒါမှ ကလေးက စစ်ဆေးမှုမှာ အကောင်းဆုံး ပါဝင်နိုင်မှာ ဖြစ်သလို ကြောက်စိတ်လည်း ကင်းမှာပါ။

    ကလေးကို အားပေးပါ။

    ဆယ်ကျော်သက်အရွယ် မရောက်သေးတဲ့ ကလေးအတွက် အားအကိုးဆုံးက မေမေဖေဖေတို့ပါ။ ဒီတော့ ကလေးကို သေချာလေး အားပေးဖို့ လိုပါမယ်။ အနီးကပ်မရှိနေနိုင်ရင်တောင် ကလေး မြင်သာမယ့်နေရာမျိုးမှာ ထိုင်စောင့်နေပေးတာ၊ ရပ်ကြည့်နေပေးတာမျိုး လုပ်ပေးပါ။ မေမေဖေဖေက သူတို့လေးတွေနဲ့ အနီးဆုံးမှာ ရှိနေပေးတာက ကလေးတွေအတွက် စိတ်ခွန်အားပါပဲ။

    ဆေးစစ်မှု ခံယူဖို့ စောင့်ဆိုင်းနေတဲ့ ကာလမှာ ကလေးကို ပျော်စရာဖြစ်မယ့်အရာလေးတွေ၊ ဟာသလေးတွေ ပြောပြပေးတာ၊ ပုံပြင်ပြောပြပေးတာ၊ ပျော်စရာကောင်းတဲ့ ဂိမ်းလေးတွေ ဆော့ပေးတာမျိုး လုပ်ပြီး အာရုံပြောငးထားပါ။ ကလေးက အခြားသူတွေ စစ်ဆေးတာကို အာရုံ မရောက်စေဖို့ပေါ့။ ဒီလို လုပ်ပေးတာက ကလေးကို ကြောက်စိတ် နည်းစေပြီး စစ်ဆေးမှုကို အကောင်းဆုံး ပါဝင်စေနိုင်မှာပါ။

    သက်သောင့်သက်သာ အနေအထား ရှိစေဖို့ ဂရုပြုပါ။

    ကလေးကို တို့ဖတ်ယူစစ်ဆေးတဲ့အခါ အနေအထားကို သက်သောင့်သက်သာဖြစ်အောင် ဂရုစိုက်ပေးပါ။ ကလေးက ပွေ့ချီလို့ ရမယ့် အရွယ်မျိုးဆိုရင် မေမေက ပွေ့ချီထားပေးတာ ၊ ပေါင်ပေါ်မှာ ထိုင်စေတာနဲ့ ရင်ခွင်ပိုက်လေးဆိုရင် ရင်ခွင်ထဲမှာ သက်သောင့်သက်သာ ဖြစ်စေမယ့် အနေအထားမျိုး ထားပေးပါ။

    ကလေးကို မျက်စိမှိတ်ထားရင်း အသက်ရှူဖို့ သတိပေးပါ။

    ဘေဘီလေးက စကားကို သေချာနားလည်မယ့် အရွယ်ဆိုရင်တော့ စစ်ဆေးနေစဉ်မှာ မျက်လုံးကို မှိတ်ထားရင်း အသက် မှန်မှန် ရှူလို့ စိတ်ထဲကနေ ကိန်းဂဏန်းတွေ ရေတွက်နေတာမျိုး လုပ်ခိုင်းပေးပါ။ ဒါက စစ်ဆေးမှုအပေါ် အာရုံရောက်နေတာ နည်းစေပြီး နာကျင်မှု၊ စိုးထိတ်မှုတွေ ခံစားရတာကို သက်သာစေမှာပါ။

    တော်ကြောင်း ချီးကျူးပေးပါ

    စစ်ဆေးမှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် တော်တယ်ဆိုတာကို အရင်ဆုံး ချီးကျူးပေးပါ။ ပြီးရင် အခုလို စစ်ဆေးတာက ကျန်းမာရေးအတွက် အရေးပါတဲ့ လုပ်ဆောင်မှု တစ်ရပ်ကို လုပ်ဆောင်တာဖြစ်​ကြောင်း သေချာလေး ပြောပြပေးပါ။

    ကဲ……………..မတော်တဆဆိုတဲ့ အခြေအနေဖြစ်လာခဲ့ရင် ဘေဘီလေးကို အကောင်းဆုံး ကျော်ဖြတ်နိုင်စေဖို့ ဒီနည်းလမ်းလေးတွေနဲ့ အားပေး ဂရုစိုက်ပေးပါ မေမေ…………

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement