brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုဗစ်ဖြစ်ဖူးတဲ့သူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ 63% ပိုများ နေပါတယ်။

ကိုဗစ်ဖြစ်ဖူးတဲ့သူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ 63% ပိုများ နေပါတယ်။

ကိုဗစ်ဖြစ်ဖူးတဲ့သူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ 63% ပိုများ နေပါတယ်။
Covid_19 ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူတွေ၊ ရှင်ကျန်ရစ်ခဲ့သူတွေမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ နှလုံးထိခိုက်မှု အခြေအနေတွေကို ခံစားရနိုင်တယ်လို့ သုတေသီတွေက သတိပေး ပြောကြားလိုက်ပါတယ်။

လေ့လာမှု အသစ်အရ Covid_19 ကူးစက်ခံရပြီး အသက်ရှင်ကျန်ရစ်သူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ 63% ပိုများ နေပါတယ်။ ဒီလို ဖြစ်နိုင်ခြေက အသက်အရွယ်၊ ရောဂါအခံရှိတာတွေနဲ့ သက်ဆိုင်မှု မရှိပါဘူး။ ကိုဗစ်က ပြန်သက်သာလာပြီး ၁ နှစ်တာကာလအတွင်းမှာ ဖြစ်နိုင်ခြေ အများဆုံးပါ။

သုတေသနရလဒ် # ရုတ်တရက် နှလုံးရပ်နိုင်ခြေ 63% ပိုများ

လေ့လာမှု ရလဒ်တွေအရ ကိုဗစ်ဖြစ်ဖူးပြီး ပြန်သက်သာလာတဲ့သူတွေမှာ ရုတ်တရက် နှလုံးရပ်တာ၊ နှလုံးထိခိုက်တာနဲ့၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ခံစားရနိုင်ခြေက အခြားသူတွေထက် ပိုများနေပါတယ်။

ဒီလေ့လာမှုကို St Louis မှာရှိတဲ့ ဝါရှင်တန် တက္ကသိုလ်က သုတေသီတွေက

ကိုဗစ်ခံစားဖူးသူ ၁၅၀၀၀၀ကို လေ့လာခဲ့လုပ်ဆောင်ခဲ့တာပါ။ ဒီလေ့လာမှုရဲ့ ရလဒ်အနေနဲ့ ကိုဗစ် ကူးစက်ခံရဖူးသူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ 63% ၊နှလုံးသွေးကြောဆိုင်ရာ ရောဂါ ခံစားရနိုင်ခြေ 72%၊ လေဖြတ်နိုင်ခြေ 52% ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒီခံစားရနိုင်ခြေတွေက အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ လူမျိုး၊ ရောဂါအခံရှိတာတွေနဲ့ သက်ဆိုင်မှု မရှိဘဲ ကိုဗစ်ကူးစက်ခံရဖူးတဲ့ ကျန်းမာတဲ့သူတွေမှာပါ ဖြစ်နိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ကိုဗစ်ဖြစ်စဉ်က ရောဂါ ပြင်းပြင်းထန်ထန် မခံစားခဲ့ရသူတွေမှာပါ ဖြစ်နိုင်ခြေ ရှိနေတာပါ။ ဒါကြောင့် အကောင်းဆုံး ကာကွယ်နည်းကတော့ ကိုဗစ် မဖြစ်အောင် ကာကွယ်ဆေးထိုးပြီး ကာကွယ်တာပါ။

ဆေးလိပ်သောက်တာက ရုတ်တရက် နှလုံးရပ်နိုင်ခြေကို တိုးစေနိုင်သလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ အခု နောက်ထပ် တိုးလာတဲ့ ရုတ်တရက် နှလုံးရပ်နိုင်ခြေကို ခံစားရနိုင်ခြေ တိုးစေတဲ့ အကြောင်းအရင်းတစ်ရပ်က ကိုဗစ် ကူးစက်ခံရတာပါ။

ကိုဗစ်မျိုးစိတ် ဘယ်မျိုးစိတ်ပဲ ကူးစက်ခံရသည်ဖြစ်စေ၊ ရောဂါ လက္ခဏာ ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ ရောဂါကနေ သက်သာလာပြီး ၁ နှစ်အတွင်း ဒါမှမဟုတ် ၁ နှစ်ကျော်ကာလအတွင်းမှာ ရုတ်တရက် နှလုံးရပ်တာကို ခံစားရနိုင်ခြေက အခြား ကိုဗစ် မကူးစက်ဖူးသူတွေထက် 63% ပိုများနေတာပါ။

ဒါတွေအပြင်

  • ကိုဗစ်ဖြစ်ဖူးသူတွေမှာ အခုလို ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။

ကာကွယ်လို့ ရလား။

ကိုဗစ်ကြောင့် ရုတ်တရက် နှလုံးရပ်တာကို ကာကွယ်ချင်တယ်ဆိုရင် အကောင်းဆုံးကတော့ ကိုဗစ် မဖြစ်အောင် ကာကွယ်တာပါ။ ဒီတော့ ကိုဗစ် မကူးစက်စေဖို့

  • ကာကွယ်ဆေး ထိုးပါ။
  • ထပ်ဆောင်း ကာကွယ်ဆေး ထိုးပါ။
  • အပြင်ထွက်တိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ပါ။
  • တစ်ခုခုကို ကိုယ်တွယ်ထိတွေ့ပြီးတိုင်း ရေနဲ့ ဆပ်ပြာသုံးပြီး လက်ကို သန့်စင်ဆေးကြောပါ။
  • လူစုလူဝေးရှောင်ပါ။
  • တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ။
  • အာဟာရပြည့်ဝအောင် စားပါ။
  • သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • ရေများများ သောက်ပါ။

ကိုဗစ် ဖြစ်ခဲ့ဖူးတယ်ဆိုရင်လည်း နှလုံး ထိခိုက်စေမယ့် ဆေးလိပ်သောက်တာ၊ အယ်လ်ကိုဟော သောက်တာမျိုးတွေကို ရှောင်ကြဉ်ပြီး နှလုံး ကျန်းမာစေမယ့် အလေ့အထတွေကို လိုက်နာပေးတာက နည်းလမ်းကောင်း တစ်ရပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/02/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။