backup og meta

HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 16/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား

    ကာကွယ်ဆေးတွေ ထိုးလို့ရနေပြီဆိုတော့ ကာကွယ်ဆေး ထိုးဖို့နဲ့ ပတ်သက်ပြီး အားလုံးက စိတ်ဝင်စားနေမှာပါ။ ပုံမှန် ရောဂါ အခံမရှိသူက ဘာမှ သိပ်တွေးဖို့ မလိုပေမယ့် ရောဂါ အခံရှိသူတွေကျ ရောဂါရှိလို့ ဖြစ်ပါ့မလားဆိုပြီး တွေးနေရပါတယ်။ ဒီတစ်ခေါက်တော့ HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား ….ဆိုပြီးဆုံးဖြတ်ရခက်နေတဲ့ မေးခွန်းလေးအတွက် အဖြေထုတ်ပေးပါရစေ။

    HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား ……

    HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား ဆိုတော့ ကာကွယ်ဆေး ထိုးလို့ ရပါတယ်။ ကိုဗစ်ကာကွယ်ဆေးက HIV ပိုးရှိသူတွေအတွက်လည်း စိတ်ချရပြီး ထိရောက်တဲ့ ကာကွယ်မှုကို ပေးပါတယ်။

    ဒီလိုပြောရတာက ကိုဗစ် ကာကွယ်ဆေးကို ထုတ်လုပ်စဉ်ကတည်းက ရောဂါ ပြင်းထန်မှုနဲ့ သေဆုံးမှုတွေကနေ ကာကွယ်ဖို့ဆိုပြီး ရည်ရွယ်ထုတ်လုပ်ထားတာပါ။ နောက်တစ်ချက်က ကာကွယ်ဆေးကို ထုတ်လုပ်စဉ်မှာလည်း HIV ပိုးရှိသူတွေအတွက်ပါ ထည့်သွင်းစဉ်းစားမှုတွေ လုပ်ဆောင်ထားပါတယ်။

    ကမ္ဘာ အနှံ့အပြားမှာ ကာကွယ်ဆေးတွေကို ထိုးနှံနေကြပြီ ဖြစ်သလို HIV ပိုး ရှိသူတွေလည်း အခြားသူတွေ နည်းတူ ကာကွယ်ဆေးတွေ ထိုးနှံနေကြပါတယ်။ လက်ရှိကာလအထိ ထိခိုက်မှု တစ်စုံတရာ ဖြစ်တာမျိုး မရှိသေးပါဘူး။

    ကိုဗစ် ကာကွယ်ဆေးကို ဘယ်လိုထုတ်ထားသလဲ………

    ကိုဗစ် ကာကွယ်ဆေး အများစုမှာ COVID-19 ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် ဖြစ်တဲ့ SARS-CoV-2 ရဲ့ မျိုးဗီဇ တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ သေဆုံးပြီးသား ပိုးရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ ဒီအရာက ကိုယ်တွင်းကို ဗိုင်းရပ်စ်ရောက်တဲ့အခါ ထုတ်လုပ်တဲ့ ပရိုတင်း ပမာဏကို မြင့်တက်အောင် လုပ်ပြီး ကိုယ်ခံအားကို antibody ထွက်ရှိအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။

    ဒီလိုနဲ့ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့ အသင့်အနေအထား ဖြစ်နေပါလိမ့်မယ်။ ကာကွယ်ဆေးတွေမှာ ပိုးအရှင်ကို အသုံးပြုထားတာ မဟုတ်တဲ့အတွက် ကိုယ်ခံအား နည်းတတ်တဲ့သူတွေနဲ့ ရောဂါအခံရှိတာကြောင့် ကိုယ်ခံအား နည်းတတ်သူတွေမှာလည်း ထိခိုက်မှု မရှိဘဲ ရောဂါပိုးဒဏ်ကနေ ကာကွယ်ပေးမှာပါ။

    HIV ပိုးရှိသူတွေအနေနဲ့ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးရင်ရော ဆေးဆက်သောက်လို့ ရပါ့မလား……

    HIV ပိုးရှိသူတွေက ပုံမှန် antiretroviral therapy (ART) ဆေးတွေကို သောက်သုံးနေရတာပါ။ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးချိန်မှာလည်း ART ဆေးကို ပုံမှန် အတိုင်း ဆက်သောက်သွားလို့ ရပါတယ်။ ဒီဆေးသောက်တာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှု တစ်စုံတရာ ဖြစ်တာမျိုးလည်း မရှိနိုင်ပါဘူး။  အချို့သော ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ HIV ပိုးရှိသူတွေပါ ဝင်ရောက် စမ်းသပ်ခဲ့မှု အရကတော့ ကိုဗစ်ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုး တစ်ခုခု ခံစားရတာမျိုး မရှိဘူးဆိုတာပါ။

    ကာကွယ်ဆေး ထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ…….

    HIV ပိုးရှိသူတွေအနေနဲ့ ကာကွယ်ဆေး ထိုးပြီးချိန်မှာ ခံစားရမယ့် လက္ခဏာတွေက အခြားသာမန်လူတွေနဲ့ အတူတူပါပဲ။ ကာကွယ်ဆေး ထိုးပြီး တစ်ရက်ကနေ ၂ ရက် အတွင်းမှာ အပျော့စား လက္ခဏာလေးတွေ ဖြစ်ကြတဲ့

    • ဖျားတာ၊
    • ကိုယ်နွေးတာ၊
    • ခေါင်းကိုက်တာ
    • ခြေလက်တွေ ကိုက်တာ၊
    • ဆေးထိုးတဲ့ နေရာက နာတာ၊
    • ဆေးထိုးထားတဲ့နေရာမှာ နီတာ၊
    • လက်မောင်းအောင့်တာလိုမျိုးတွေပဲ ခံစားရနိုင်ပါတယ်။

    ကာကွယ်ဆေး ထိုးပြီးရင် ဘယ်လိုနေရမလဲ……

    ကာကွယ်ဆေး ထိုးပြီးချိန်မှာလည်း အခြားသူတွေလိုပဲ

  • ရေများများ သောက်ပါ
  • သက်သောင့်သက်သာ နားပါ
  • အသီးအရွက် များများစားပါ
  • လေဝင်လေထွက်ကောင်းတဲ့ နေရာမှာနေပါ
  • ဆေးထိုးထားတဲ့နေရာကို ရေအေးဝတ်ကပ်ပါ
  • အိပ်ရေး ဝဝအိပ်ပါ
  • လိုအပ်မယ်ဆိုရင် ပါရာစီတမော သောက်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။
  • HIV ပိုးရှိသူတွေက CD4 count ဘယ်လောက်ပဲ ဖြစ်ဖြစ် ပြင်းထန်တဲ့ ကိုဗစ်ကို ကာကွယ်ဖို့ဆိုရင် ကိုဗစ်ကာကွယ်ဆေး ထိုးတာက အထိရောက်ဆုံး နည်းလမ်းပါ။ ကာကွယ်ဆေး ထိုးတဲ့အခါမှာလည်း ၂ ကြိမ်လုံး ပြည့်အောင် ထိုးဖို့ လိုပါမယ်။ ၆ လ တိုင်းမှာ booster ထပ်ထိုးဖို့လည်း လိုပါမယ်။

    နောက်ထပ် အရေးကြီးတာ တစ်ခုက ကိုဗစ် ကာကွယ်ရေး နည်းလမ်းတွေဖြစ်ကြတဲ့

    ကဲ….. HIV ပိုးရှိလို့ ကာကွယ်ဆေး ထိုးလို့ရပါ့မလားဆိုပြီး ဝေခွဲရခက်မနေဘဲ မြန်မြန်လေး သွားထိုးလိုက်ဖို့ အကြံပြုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 16/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement