backup og meta

Omicronရဲ့ ရောဂါအစပျိုး ကာလ ဘယ်လောက်ကြာသလဲ။

Omicronရဲ့ ရောဂါအစပျိုး ကာလ ဘယ်လောက်ကြာသလဲ။

လက်ရှိ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကူးစက်မှုနှုန်း မြင့်နေပါတယ်။ ကူးစက်မှုနှုန်းက မြင့်နေပေမယ့် သေဆုံးမှုနှုန်းကတော့ အရင်လှိုင်းတွေလောက် မများတာကြောင့် Omicronကို သိပ်မပြင်းထန်ပါဘူး။ သေဆုံးနိုင်ခြေမရှိဘူးလို့ ယူဆကောင်း ယူဆနေနိုင်ပါတယ်။ တကယ်ပဲ Omicronက ထိန်းချုပ်ရလွယ်သလား…… ရောဂါ မပြင်းထန်ဘူးလား …… Omicronရဲ့ ရောဂါအစပျိုး ကာလ ဘယ်လောက်ကြာသလဲ။ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

Omicronက ကူးစက်မှု မြန်လို့လား …….

Omicron က Covid-19 ရဲ့ ဗီဇပြောင်းမျိုးစိတ် တစ်ခုဖြစ်တာကြောင့် ကူးစက်မှုက မြန်ပါတယ်။ အရင် ဗီဇပြောင်းမျိုးစိတ်တွေထက် ပိုမြန်ပါတယ်။ လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ ကိုဗစ်ကူးစက်မှုတွေရဲ့ 99.5 % က omicron ကူးစက်မှုဖြစ်ပါတယ်။ ဒီဗီဇပြောင်းလဲမှုက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အစောပိုင်းက စတင် ဖြစ်ပွားခဲ့တာပါ။

Omicronရဲ့ ရောဂါအစပျိုး ကာလ ဘယ်လောက်ကြာသလဲ။

Omicronရဲ့ ရောဂါအစပျိုး ကာလ ဘယ်လောက်ကြာသလဲ။

မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု တစ်ရပ်ရဲ့ ရလဒ်အရ Omicronက ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး ၇၃ နာရီ (ဒါမှမဟုတ် ၃ ရက်) အတွင်းမှာ လက္ခဏာတွေ စပြပါတယ်။ အချို့မှာတော့ ကူးစက်ပြီး ၃၃ နာရီ မတိုင်ခင်မှာ လက္ခဏာပြတာ ရှိသလို အချို့မှာလည်း ခန္ဓာကိုယ်ထဲ ရောဂါပိုး ဝင်ရောက်ပြီး ၇၅ နာရီကြာမှ လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။

မြင်သာတဲ့ Omicronရဲ့ လက္ခဏာတွေက

Omicronရဲ့ ရောဂါ အစပျိုးကာလ က SARS-CoV-2 ထက် ပိုပြီး မြန်ပါတယ်။ အကြောင်းကတော့ SARS-CoV-2က ရောဂါပိုးနဲ့ ထိတွေ့မိပြီး ၅ ရက်ကနေ ၇ ရက်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။ Delta မျိုးစိတ်ကတော့ ရောဂါပိုးနဲ့ ထိတွေ့မိပြီး ၄ ရက်အတွင်းမှာ လက္ခဏာ ပြပါတယ်။ Omicron ကတော့ ၃ ရက်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။

 Omicronပိုးရှိနေရင် အခြားသူကို မကူးအောင် ဘယ်လို ကာကွယ်မလဲ။

Omicronပိုးရှိနေမယ်ဆိုရင် ကိုယ့်ဆီကနေ မိသားစုဝင်တွေ အပါအဝင် အခြားသူတွေကို မကူးစက်စေဖို့အတွက် ရောဂါပိုးရှိနေပြီလို့ စစ်ဆးသိရှိပြီးရင်ပဲ ဖြစ်ဖြစ်၊ သံသယရှိရင်ပဲဖြစ်ဖြစ် ၅-၇ ရက် သီးခြား ခွဲနေရပါမယ်။ ဒီခွဲနေတဲ့ ရက်အတွင်းမှာ ပါးစပ်နဲ့နှာခေါင်းစည်းကို သေချာ တပ်ဆင်ထားဖို့ လိုပါမယ်။

လက္ခဏာတွေ သက်သာလာပြီဆိုရင်လည်း နောက်ထပ် ၅ ရက် ပါးစပ်နဲ့နှာခေါင်းစည်းကို တပ်ထားဖို့ လိုပါမယ်။ အရင်တုန်းက ပိုးတွေက လက္ခဏာ မပြခင် ၁ ရက်ကနေ ၂ ရက်အတွင်း၊ လက္ခဏာပြပြီး ၂ ရက်ကနေ ၃ ရက်အတွင်းမှာ အခြားသူတွေဆီကို ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် Omicron ကတော့ ရောဂါလက္ခဏာပြပြီးချိန်ကနေ ၅ ရက်လောက်အထိ အခြားသူတွေဆီကို ကူးစက်နိုင်ခြေ ရှိနေပါတယ်။

အဖျားသက်သာစေဖို့ ခေါင်းကိုက်တာတွေကို သက်သာစေဖို့အတွက် ဆေးညွှန်းမလိုဘဲ ဝယ်ယူလို့ရတဲ့ ပါရာစီမောလိုမျိုး ဆေးတွေကို ဆေးညွှန်းမှန်မှန် သောက်သုံးပေးလို့ ရပါတယ်။ ရောဂါလက္ခဏာ ပြတာနဲ့ မြန်နိုင်သမျှ မြန်မြန် သောက်တာက ရောဂါဖြစ်ပွားမှုကာလ တိုစေနိုင်ပါတယ်။

Omicronက ရက်တိုတိုနဲ့ အမြန်ပျောက်သလား။

ဒီနေရာမှာ တစ်ခု သတိပေးချင်တာက Omicronကလည်း Covid-19 မျိုးဗီဇပြောင်းပိုး တစ်ခုပါပဲ။ ဒါကြောင့် ရက်တိုတိုနဲ့ ပျောက်ဖို့ကတော့ မလွယ်ပါဘူး။ ဒီမျိုးစိတ်က ကူးစက်မှု ပိုမြန်သလို ရောဂါကလည်း ပိုပြင်းထန်ပါတယ်။

ကာကွယ်ဆေးထိုးထားတာ၊ ထပ်ဆောင်းကာကွယ်ဆေး ထိုးထားတာတွေကြောင့် ရောဂါကို ပြင်းပြင်းထန်ထန် မခံစားရတာ၊ အချိန်အတိုင်းအတာ သိပ်ကြာကြာ မခံစားရတာပါ။ ရက်တိုတိုနဲ့ သက်သာတယ်တော့ မဟုတ်ပါဘူး။ ၇ ရက်ကနေ ၅ ရက်လောက်အထိတော့ ရောဂါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

ရောဂါအခံရှိတဲ့သူတွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ ရက်ကြာကြာ ခံစားရနိုင်သလို ပိုပြီးလည်း ပြင်းထန်နိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Omicron’s Incubation Period Is Really Short: Here’s Why That Matters https://www.prevention.com/health/a38868608/omicron-incubation-period/ Accessed Date 14 February 2022

Episode #64 – Why are experts concerned about Omicron? https://www.who.int/emergencies/diseases/novel-coronavirus-2019/media-resources/science-in-5/episode-64—why-are-experts-concerned-about-omicron?gclid=CjwKCAiA9aKQBhBREiwAyGP5lbgda2PTmCOOVAixJBGTIaJPDZ9DzuYuh8a-9uHoslo6Nmd21ejr8xoCMEEQAvD_BwE Accessed Date 14 February 2022

What is the Incubation Period for the Omicron Variant and How Long Are You Contagious? https://www.nbcchicago.com/news/coronavirus/what-is-the-incubation-period-for-the-omicron-variant-and-how-long-are-you-contagious/2732429/?amp Accessed Date 14 February 2022

ယခုပုံစံ

04/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Omicronကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါ

ကလေးတွေမှာ အဖြစ်များတဲ့ Omicron


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement