
တကယ်လို့ ကလေးက အခုလို လက္ခဏာတွေ ခံစားရပြီဆိုရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသဖို့ လိုပါမယ်။
- အသက်ရှူသွင်းတဲ့အခါ၊ ရှူထုတ်တဲ့အခါ အသံအရမ်းကျယ်တာ
- ငိုတဲ့အခါ အသက်ရှူသံက ပုံမှန်ထက် ပိုပြင်းတာ
- အစားအစာတွေကို မျိုချရခက်တာ
- စိတ်ရှုပ်ထွေးနေပုံရတာ
- အားမရှိဘဲ နုံးနေတာ
- ပုံမှန်ထက် အသက်ရှူသံ မြန်တာ
- ပင်ပင်ပန်းပန်း အသက်ရှူနေရတာ
- လက်သည်းလေးတွေ ပြာနေတာ
- နှာခေါင်းနဲ့ ပါးစပ်တဝိုက်မှာ ပြာနှမ်းနေတာတွေ ခံစားနေရမယ်ဆိုရင် အရေးပေါ် ကုသမှု ခံယူဖို့ လိုအပ်နေပါပြီ။
များသောအားဖြင့် croup ကို နေအိမ်မှာပဲ သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ ဒါပေမယ့် သေချာ ဂရုစိုက်စောင့်ရှောက်နေပေမယ့် ၃ ရက်ကနေ ၅ ရက်လောက် ကြာတဲ့အထိ တိုးတက်မှု မရှိဘဲ ကလေးက မသက်သာဘူး။ လက္ခဏာတွေက ပိုဆိုးတာမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။
ဘေဘီလေးကို croup ကနေ ဘယ်လို သက်သာအောင် လုပ်ပေးမလဲ။
ဘေဘီလေးကို အသက်ရှူလမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်မှုကြောင့် ချောင်းဆိုးခြင်း (croup) ကို သက်သာစေဖို့ဆိုရင်
- လေထုထဲမှာ အစိုဓာတ် ရှိအောင် ဂရုစိုက်ပါ (အစိုဓာတ်ထိန်းစက် ဖွင့်ပေးပါ)။
- ဘေဘီလေးကို အသက်ရှူရ လွယ်အောင် သက်တောင့်သက်သာဖြစ်မယ့် အနေအထားမျိုးနဲ့ မတ်မတ်လေး ထားပေးပါ။
- ငိုတဲ့အခါ ချောင်းဆိုးတာက ပိုဆိုးနိုင်တာကြောင့် ကလေးကို မငိုအောင် ဂရုစိုက်ပါ။
- အရည်နွေးနွေးလေးတွေ တိုက်ပါ။
- အနားယူစေပါ။
- အဖျားကျအောင် ဂရုစိုက်ပါ။
- အဖျားကျဆေးရည်လိုမျိုး ဆေးတွေ တိုက်ပေးပါ။ ဘေဘီလေးက အသက် ၂ နှစ်အောက်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
Omicronက Deltaထက် ပိုပြင်းသလား။
Omicronက Delta ထက် ပိုပြင်းထန်ပါတယ်။ အထူးသဖြင့် ကလေးလေးတွေမှာပါ။ အရင်မျိုးစိတ်တွေတုန်းက ဘေဘီလေးတွေက သာမန်ဖျားနာမှုလောက်နဲ့ သက်သာလာတတ်ပေမယ့် Omicronကူးစက်ခံရချိန်မှာတော့ မဖြစ်မနေ ဆေးကုသမှု ခံယူရတာတွေ ရှိပါတယ်။ ဒါကြောင့် ဘေဘီလေးကို မလိုအပ်ဘဲ ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်စေဖို့ Omicron ကူးစက်မှု မဖြစ်အောင် သေချာလေး ဂရုစိုက်စေချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။