COVID-19 ကူးစက်ပြန့်ပွားမှု ဘယ်လောက် မြန်ဆန်သလဲ၊ ကူးစက်လွယ်သလဲ ဆိုတာ သိထားပြီးသား ဆိုတော့ သူသူကိုယ်ကိုယ် စိုးရိမ်နေကြမှာပဲ။ ကိုယ့်အတွက်၊ ကိုယ် ချစ်ခင်ရသူတွေ၊ အိမ်က လူကြီးမိဘတွေ၊ ကိုယ့်ရဲ့ ရင်သွေးလေးတွေ အတွက် စိတ်မအေးနိုင်ဘူးပေါ့။
ထွက်မှာ သေချာပြီလား။
COVID-19 ကူးစက်ပြန့်ပွားမှု ဘယ်လောက် မြန်ဆန်သလဲ၊ ကူးစက်လွယ်သလဲ ဆိုတာ သိထားပြီးသား ဆိုတော့ သူသူကိုယ်ကိုယ် စိုးရိမ်နေကြမှာပဲ။ ကိုယ့်အတွက်၊ ကိုယ် ချစ်ခင်ရသူတွေ၊ အိမ်က လူကြီးမိဘတွေ၊ ကိုယ့်ရဲ့ ရင်သွေးလေးတွေ အတွက် စိတ်မအေးနိုင်ဘူးပေါ့။
အားလုံးထဲမှာ ဒီဗိုင်းရပ်စ်ကို ကူးစက်ခံနိုင်ရခြေ ပိုများတဲ့ ဒါမှမဟုတ် ကူးစက်ခံရရင်လည်း ဝေဒနာ ပိုပြင်းထန်နိုင်ခြေ ပိုများတဲ့ သူတွေ ရှိနေပါတယ်။ အသက်ကြီးသူတွေနဲ့ ရောဂါအခံ ရှိသူတွေမှာ အန္တရာယ်ပိုများတယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကလည်း ပြောထားပြီးသား မဟုတ်လား။
ဒီလို ကူးစက်နိုင်ခြေ များတဲ့သူတွေ ထဲမှာမှ အစိုးရိမ်ရဆုံး လူအုပ်စုတွေ ကို အခုဖော်ပြပေးမှာပါ။ ဘယ်သူတွေမှာ အန္တရာယ် အများဆုံးလဲ ဆိုတာ သိထားပြီးရင် ပိုသတိထားလို့ ရတာပေါ့။
COVID-19 ဗိုင်းရပ်စ် ကို ကလေးတွေ အပါအဝင် အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ပါတယ်။ ဒါပေမယ့် အများဆုံး ထိခိုက်တာက သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေပါ။ အသက် ၆၅ နှစ်နဲ့ အထက် အရွယ်တွေ ကူးစက်ခံရတဲ့အခါ အန္တရာယ်များတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ခြေ ပိုများပါတယ်။
သူတို့မှာ ရောဂါအခံ ရှိနေတဲ့အခါ ပိုလို့တောင် အန္တရာယ်များပါတယ်။ ကူးစက်နိုင်ခြေ များတယ်၊ ကူးစက်ခံရရင်လည်း သူများထက် လက္ခဏာ ပိုပြင်းထန်တယ်၊ အသက်အန္တရာယ် ရှိနိုင်တယ်။
ပန်းနာရင်ကျပ်ရောဂါ ရှိသူတွေက COVID-19 ကူးစက်ခံရနိုင်ခြေ ပိုများနိုင်ပါတယ်။ COVID-19 က အဆုတ်ကို ပစ်မှတ်ထားတာမို့ ကူးစက်ခံရချိန်မှာ ကိုယ့်မှာ အဆုတ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာ ရှိနေရင် လက္ခဏာ ပိုပြင်းထန်နိုင်ပါတယ်။
COVID-19 က အသက်ရှူလမ်းကြောင်း (နှာခေါင်း၊ လည်ချောင်း၊ အဆုတ်) ကို ထိခိုက်စေနိုင်တယ်၊ ပန်းနာရောဂါထခြင်း (asthma attack) ဖြစ်စေနိုင်တယ်၊ အဆုတ်ရောင်ခြင်း နဲ့ ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်လာစေနိုင်တယ်။
နေထိုင်စားသောက်မှုပုံစံကြောင့် ကိုယ်ခံအားမကောင်းသူတွေ၊ ကင်ဆာကုထုံး ခံယူနေသူတွေ၊ HIV/AIDS ရောဂါ ရှိသူတွေ၊ ဆေးလိပ်သောက်သူတွေ ၊ ဆေးဝါးအပြင်းစားတွေ စွဲသောက်နေရတဲ့ ဝေဒနာရှင်တွေ အပါအဝင် ကိုယ်ခံအားမကောင်းသူတွေ စိတ်ပူရပါတယ်။
အကြောင်းကြောင်းကြောင့် ကိုယ့်မှာ ကိုယ်ခံအားစနစ် အားမကောင်းဘူးဆိုရင် COVID-19ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ သူများထက် ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။
အသည်းရောင် ဘီရောဂါ၊ စီရောဂါ ရှိသူတွေ၊ ကျောက်ကပ် မကောင်းတဲ့ သူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေ အပါအဝင် နာတာရှည်အသည်းနဲ့ ကျောက်ကပ်ရောဂါ ရှိသူတွေမှာ COVID-19ကူးစက်ခံခဲ့ရရင် လက္ခဏာဆိုးရွားနိုင်ပါတယ်။
နှလုံးရောဂါ ရှိနေတဲ့ COVID-19လူနာတွေမှာ ၁၀ ရာခိုင်နှုန်းလောက် သေဆုံးကြရတယ်လို့ တရုတ်သုတေသန တစ်ခုက ဖော်ပြခဲ့ပါတယ်။ ဒီရောဂါက အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်ပျက်စီးစေပြီး နှလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းမှာ အခက်အခဲ ဖြစ်စေပါတယ်။ ဒါ့ကြောင့် လက္ခဏာ ပိုဆိုးပြီး အန္တရာယ်ရှိနိုင်ပါတယ်။
အမျိုးအစား ၁ ဖြစ်ဖြစ်၊ အမျိုးအစား ၂ ဖြစ်ဖြစ် ဆီးချိုသွေးချိုရောဂါ ရှိတဲ့သူတွေမှာ COVID-19အန္တရာယ် ပိုစိတ်ပူရပါတယ်။ သွေးတိုးနဲ့ ဆီးချိုရှိသူတွေမှာ သူတို့ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကြောင့် COVID-19ကို ကျော်လွှားနိုင်ဖို့ ပိုခက်ခဲရတာ ဖြစ်ပါတယ်။ ရောဂါအခံ ကြောင့် လက္ခဏာတွေ ပိုပြင်းထန်ရတာမို့ ဆေးဒဏ်၊ ရောဂါဒဏ် ကို ခံနိုင်ရည် မရှိကြပါဘူး။
အဝလွန်ခြင်း နဲ့ ဆီးချိုရောဂါတို့က ကိုယ်ခံအားစနစ်ရဲ့ ကာကွယ်နိုင်စွမ်းကို ထိရောက်မှု အားနည်းစေပါတယ်။ အဝလွန်ရင် သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့ တခြားရောဂါတွေလည်း တစ်ဆက်တည်း ပါလာမှာ မလွဲပါဘူး။
အဝလွန်သူတွေမှာ COVID-19ကူးစက်နိုင်ခြေ များသလို ဖြစ်လာခဲ့ရင်လည်း ခံစားရတဲ့ လက္ခဏာ ပြင်းထန်နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။