ခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံဆီကို Covid-19 ကူးစက်ဝင်ရောက်လာတာ တစ်လတောင် ကျော်ပြီနော်။ ခုနောက်ပိုင်းတော့ တချို့ရုံးတွေ ပြန်ဖွင့်ပြီမို့ မဖြစ်မနေ အလုပ်သွားရတာမျိုးတွေ ရှိပေမယ့် လူစုလူဝေးတွေကို တတ်နိုင်သလောက် ရှောင်ရှားဖို့တော့ လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ကိုရိုနာဗိုင်းရပ်စ်ကို ဆက်ပြီး မပြန့်အောင် ထိန်းထားနိုင်တဲ့ အခြေအနေမှာ မရှိသေးလို့ပါ။