backup og meta

အဆုတ် အားကောင်းစေဖို့ ဘာတွေ စားလို့ရလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ် အားကောင်းစေဖို့ ဘာတွေ စားလို့ရလဲ

    အဆုတ် ကျန်းမာရေးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရန်က ကာကွယ်နိုင်ဖို့ သိပ်ကို အရေးပါတဲ့ ကိစ္စ ဖြစ်ပါတယ်။ အသက်ကောင်းကောင်း မရှူနိုင်တော့ရင် သေမှာတော့ လူတိုင်း သိကြတာပဲမဟုတ်လား။

    ဒီလို အရေးပါတဲ့ အဆုတ် ကို ကျန်းမာစေမယ့်၊ အားကောင်းစေမယ့် အထောက်အကူပြု အစားအသောက်တွေကို အကြံပြုပေးချင်ပါတယ် –

    ချင်း

    ချင်း(ဂျင်း)ကလည်း ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ကြောင့် အဆုတ်ကို သန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကို နည်းနည်းထည့်ချက်တာ ကောင်းပါတယ်။ သံပရာသီးနဲ့ ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ ရတယ်လေ။ အသက်ရှူလမ်းကြောင်းမှာ အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်း ရှင်းစေနိုင်တယ်။

    နနွင်း

    ချင်းနဲ့ကြက်သွန်ဖြူလိုပဲ ဟင်းချက်ရာမှာထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့အာနိသင်တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူကallicin ပါဝင်မှုမြင့်မားလို့ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အစွမ်းသတ္တိမျိုးစုံပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းကရောဂါပိုးတွေကိုခုခံတိုက်ဖျက်ပေးပြီးရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ ကြက်သွန်ဖြူက ပန်းနာရင်ကျပ်ကိုသက်သာစေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်တယ်လို့ လက်ခံယူဆထားကြပါတယ်။

    ဂေါ်ဖီထုပ်မျိုးနွယ်တွေ

    ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းတို့လို မျိုးနွယ်တူအုပ်စုက ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ အပြည့်အဝပါဝင်တာကြောင့် အဆုတ်အပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို အဆိပ်အတောက်တွေကင်းအောင် သန့်စင်ပေးနိုင်ပါတယ်။

    ပန်းသီး

    ပန်းသီးမှာ ဗီတာမင်ဓါတ်တွေအစုံအလင်ပါတဲ့အပြင် အသက်ရှူလမ်းကြောင်းစနစ်ကို ကျန်းမာစေနိုင်တဲ့flavonoidsတွေပါဝင်ပါတယ်။ သူတို့ကြောင့် အမျိုးမျိုးသောအဆုတ်ရောဂါတွေကိုဖြစ်မလာအောင်ကာကွယ်နိုင်ပါတယ်။

    ဘယ်ရီသီး

    ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီနဲ့ ရက်စဘယ်ရီအသီးတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့် အဆုတ်ကင်ဆာအပြင် တခြားပိုးဝင်ခြင်းနဲ့ရောဂါတွေကိုဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။

    ကမ္ဗလာသီး

    ကမ္ဗလာသီးဟာ အဆုတ်ကိုပံ့ပိုးတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအများကြီးပါဝင်ပါတယ်။ အဆုတ်ကို ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေ ထိတွေ့လာတဲ့အခါကမ္ဗလာသီးက အဆုတ်ကို သန့်စင်ပေးပါလိမ့်မယ်။

    သလဲသီး

    သလဲသီးမှာ သဘာဝအစွမ်းအာနိသင်တွေအများကြီးပါဝင်ပါတယ်။ သလဲသီးက အဆုတ်နဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်ပွားမှုကိုနှေးစေပြီးမြန်မြန်သက်သာစေနိုင်ပါတယ်။

    အခွံမာသီး၊ အစေ့အဆန်တွေ နဲ့ ပဲအမျိုးမျိုး

    သူတို့တွေမှာ ပန်းနာရင်ကျပ်ရှိသူတွေအတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်တွေ အများကြီးပါဝင်ပါတယ်။ သူတို့က အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ပိုကောင်းစေပြီး အသက်ရှူရပိုကောင်းစေပါတယ်။ ဥပမာPistachiosဆိုရင် အဆုတ်ကင်ဆာကာကွယ်နိုင်တယ်၊ ကိုလက်စထရောကျစေတယ်လို့ သုတေသနတွေ့ရှိထားပါတယ်။

    carotenoids ကြွယ်ဝတဲ့အစားအစာ

    carotenoids ဆိုတာ အဆုတ်ကင်ဆာ ကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းကို အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတတ်တယ်။ သူက ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ပန်းနာရင်ကျပ် အတွက် အကျိုးထိရောက်တဲ့ ဗီတာမင်အေ အဖြစ် ပြောင်းလဲသွားပါတယ်။ carotenoids ပါဝင်တဲ့ အစားအစာတွေက မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ဖရုံသီးတို့ ပါဝင်ပါတယ်။

    ရေ

    အဆုတ်အတွက်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းအတွက်ပဲဖြစ်ဖြစ် အဆိပ်အတောက် ဖယ်ရှားသန့်စင်တဲ့ နေရာမှာ ရေက အသုံးဝင်ဆုံး ပါပဲ။ ဖျော်ရည်၊ အချိုရည်တွေ ထက် ရိုးရိုးရေကိုပဲ ရွေးချယ်သင့်ပါတယ်။

    အဆုတ် ကျန်းမာစေဖို့ လေကောင်းလေသန့်ရှူမယ်၊ ဆေးလိပ်ရှောင်မယ်၊ အာဟာရဓာတ်တွေ စုံလင်အောင် စားမယ်၊ ကိုယ်ခံအားကောင်းအောင် နေမယ်၊ ရေများများသောက်မယ် ဆိုရင်ပဲ ကိုယ့်ကိုယ်ကို စောင့်ရှောက်ကာကွယ်တာ အတော် ပြည့်စုံနေပါပြီနော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement