ဒါကတော့ မျိုးစိတ်မတူတဲ့ ကိုဗစ် မျိုးစိတ် ကူးစက်ခံရသူတွေမှာ Omicron ကူးစက်နိုင်တဲ့ အခြေအနေပါ။
Omicron ဖြစ်ဖူးတဲ့သူတွေမှာ နောက်တစ်ကြိမ် ဖြစ်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေက အနည်းငယ်တော့ ရှိပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့ မျိုးစိတ်ချင်းတော့ မတူဘူးပေါ့။ အရင်တစ်ခေါက်က Omicron မျိုးစိတ်ဖြစ်တဲ့ BA.1 ကူးစက်ခံရတာဖြစ်မယ်။ နောက်တစ်ကြိမ်က BA.2 ကူးစက်ခံရတာမျိုးပေါ့။ ဖြစ်နိုင်ခြေရှိပေမယ့် တော်တော်လေးတော့ ဖြစ်ခဲပါတယ်။
ဒီလို ကူးစက်မှုက အချိန်တိုအတွင်းမှာ ဗီဇတစ်မျိုးကနေ တစ်မျိုးကို ပြောင်းလဲသွားတာက ပိုပြီးဖြစ်နိုင်ခြေ များတယ်လို့ သုတေသီတွေက သုံးသပ်ထားပါတယ်။ ပထမအကြိမ် Omicron ကူးစက်ခံရချိန်မှာ ရောဂါလက္ခဏာတွေ သိပ်မပြင်းထန်ပေမယ့် နောက်တစ်ကြိမ် ကူးစက်ခံရချိန်မှာတော့ ရောဂါလက္ခဏာတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်တယ်လို့လည်း သုတေသီတွေက သုံးသပ်ထားကြပါတယ်။
ဒါကြောင့် အကောင်းဆုံးက ရောဂါ ကူးစက်ခံရပြီးသည် ဖြစ်စေ၊ အကူးစက်ခံရသေးဘူးဖြစ်စေ ကာကွယ်ရေး နည်းလမ်းတွေကို သေချာ လိုက်နာဖို့ပါ။
နောက်တစ်ချက်က Omicronက ဗီဇပြောင်းလဲမှု များစွာ လုပ်ဆောင်ထားတဲ့အတွက် ကိုယ်ခံအားဆဲလ်တွေကို ရှောင်တိမ်းနိုင်ပြီး ကိုယ်ခံအားက ခုခံနိုင်ဖို့ အတော်လေး ခက်ခဲတာပါ။ ဒါကြောင့် မဖြစ်ခင်က ကာကွယ်တာက အထိရောက်ဆုံး နည်းလမ်းတစ်ခုပါ။
ကာကွယ်ဆေးရော၊ ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီးသူတွေမှာပါ Omicron ကို ခံစားရတာတွေ ရှိလာနေတာကြောင့်
ကာကွယ်ဆေး ထိုးပြီးသူတွေမှာ ကူးစက်တာတွေ ရှိပေမယ့် ရောဂါရဲ့ ပြင်းထန်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်တာကြောင့် ကာကွယ်ဆေးတွေကို သေသေချာချာ ထိုးနှံတာကလည်း ထိရောက်တဲ့ ကာကွယ်နည်းတစ်ရပ်လို့ ဆိုရတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။