ပူပြင်းလှတဲ့နွေမှာ ကျန်းမာရေးကိုဂရုစိုက်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020 . 2 mins read
Share now

မနက်ခင်း အိပ်ရာထစ ၆ နာရီအလင်းလေးပျို့ချိန်ကနေစပြီး စခံစားမိတာက ပူလိုက်တာဆိုတာပါ။ အဲယားကွန်းနဲ့ အိပ်ရင် မပြောတတ်ပေမယ့် အဲယားကွန်းမဖွင့်ဘဲ အိပ်တယ်၊၊ အဲယားကွန်းမရှိသူတွေအတွက်တော့ချွေးစို့ရင်းနဲ့ အိပ်ရာကထလာရတာ အမှန်ပဲနော်။ တစ်နေ့တာဘာမှမလုပ်ရသေးခင်ကတည်းက ပူလိုက်တာဆိုတာကို ခံစားမိပေမယ့် ရာသီဥတု ပူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်မလုပ်လို့က မဖြစ်ပြန်၊ သွားစရာရှိတာက မသွားလို့ မဖြစ်ပြန်သူတွေအတွက်ကတော့နေထွက်ချိန်ကတည်းကစလို့ လုပ်ငန်းခွင်ဝင်ဖို့ပြင်ရပြီလေ။

တစ်နေ့တာမှာနေမြင့်လေလေအပူပြင်းလေလေကို ရင်ဆိုင်ရမှာက အသေအချာပါ။ ရုံးထိုင်နေသူတွေအဖို့ သိပ်မသိသာလှပေမယ့် အပြင်မှာ သွားလာနေရတဲ့သူတွေအဖို့ကတော့ အပူဒဏ်ကိုပြင်ပြင်းထန်ထန်ခံစားရနိုင်ပါတယ်။ ဒီအပူဒဏ်ကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကလည်း အများကြီးနော်။ ဒီတော့ ပူပြင်းတဲ့နွေရာသီမှာ ကိုယ်တိုင်ရော ချစ်ရသူတွေပါ ကျန်းမာရေးမထိခိုက်စေဖို့ လိုက်နာသင့်တာလေးတွေ သိထားရအောင် Hello ဆရာဝန်ပရိသတ်ကြီးအတွက် ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေနာ်။

ပြင်းထန်တဲ့အပူချိန်ကြောင့် ဘာတွေဖြစ်နိုင်လဲ

သစ်တောတွေပြုန်းတီးမှုနဲ့အတူ တစ်နှစ်ထက်တစ်နှစ်နွေရာသီတွေက ပိုပူလာပါတယ်။ ဒီအပူဒဏ်ကိုရှောင်လွှဲခွင့်မရဘဲ ခံစားရသူတွေအဖို့က ကျန်းမာရေးပြဿနာတွေရှိလာနိုင်ပါတယ်နော်။

အပူဒဏ်ကြောင့် အထိခိုက်နိုင်ဆုံးက ဘယ်သူတွေဖြစ်မလဲ

အပူဒဏ်ကို ခံရတာချင်းအတူတူဆိုပေမယ့် အပူဒဏ်ကြောင့် ထိခိုက်နိုင်တဲ့ အတိုင်းအတာကတော့ ကွာခြားပါတယ်နော်။ အပူဒဏ်ကြောင့် အထိခိုက်နိုင်ဆုံးသူတွေက

  • သက်ကြီးရွယ်အိုတွေ
  • ရောဂါအခံရှိသူတွေ
  • ကလေးငယ်တွေ
  • ကိုယ်ဝန်ဆောင်တွေ
  • ကာယလုပ်သားတွေပါနော်။

အပူဒဏ်ကို ဘယ်လိုအံတုမလဲ

ရေများများသောက်ပါ – အပူဒဏ်ကြောင့်ချွေးထွက်များတဲ့အခါ ခန္ဓါကိုယ်ကရေဓါတ်တွေဆုံးရှုံးသွားတတ်ပါတယ်။ ဒီဆုံးရှုံးသွားတဲ့ရေဓါတ်ကိုပြန်လည်ဖြည့်တင်းဖို့ရေများများသောက်ပေးပါ။ သန့်ရှင်းတဲ့ရေဖြစ်ဖို့တော့ သတိရပါနော်။

အပူအစပ်တွေရှောင်ပါ -အခုလိုပူတဲ့နွေရာသီမှာ စားရသောက်ရခံတွင်းမတွေ့ဖြစ်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဆိုတိုင်း ပူပူစပ်စပ်လေးစားလိုက်ရင် ခ့တွင်းတွေ့မှာဆိုပြီး မစားပါနဲ့နော်။နွေရာသီနဲ့ အပူအစပ်ကမအပ်စပ်ပါဘူး။

လက်လုပ်ချဉ်တွေမစားပါနဲ့ – လက်သုပ်စုံတွေ၊ အချဉ်ပေါင်းတွေကို မစားပါနဲ့။ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တာကြောင့်ပါ။နွေရာသီမှာ အချဉ်ပေါင်းလေးမှခံတွင်းတွေ့တာမျိုးမလုပ်မိပါစေနဲ့နော်။

နေလောင်ကာခရင်မ်လူးပါ -ဘေဘီလေးတွေကစလို့ ဖိုးဖိုးဖွားဖွားတို့အဆုံးအကုန်လုံး အပြင်မထွက်ခင် နာရီဝက်အလိုမှာနေလောင်ကာခရင်မ်လူးပေးပါ။

ချည်သားပွပွချောင်ချောင်လေးတွေဝတ်ပါ -နွေရာသီရဲ့ ဖက်ရှင်ကိုကချည်သားပွပွချောင်ချောင်လေးတွေပါ။ ဒါကြောင့်နွေပူပူမှာ bodyfitတွေအစားလေဝင်လေထွက်ကောင်းတဲ့ ပွပွချောင်ချောင်လေးတွေ ဝတ်ပေးပါ။

ဓါတ်ဆားရည်ေသာက်ပေးပါ -ချွေးထွက်များတဲ့ သူတွေအနေနဲ့ ဆုံးရှုံးသွားတဲ့ရေဓါတ်နဲ့ ဆားဓါတ်တွေကိုပြန်လည်ဖြည့်တင်းဖို့အတွက် ဓါတ်ဆားရည်သောက်ပေးပါနော်။ အုန်းစိမ်းရည်သောက်ပေးလို့လည်းရပါတယ်။

အရောင်နုနုလေးတွေဝတ်ပါ -နွေပူပူမှာ အနက်ရောင်တော့မဝတ်ပါနဲ့ စမတ်ကျတာနဲ့ ပူတာ မကာမိဘူးဖြစ်သွားပါမယ်နော်။ အပူစုပ်နိုင်တဲ့ အရောင်ရင့်ရင့်တွေကိုတတ်နိုင်သမျှရှောင်ပါ။

ထီး၊ ဦးထုပ်ဆောင်းဖို့ မပျင်းပါနဲ့ – အပြင်ထွက်တိုင်း အပူဒဏ်ကို ကာကွယ်တဲ့အနေနဲ့ ထီးဆောင်းသွားဖို့ ဦးထုပ်ဆောင်းသွားဖို့ မမေ့ပါနဲ့။ ဒါကလည်းနွေရာသီမှာမေ့ထားလို့ မဖြစ်တဲ့ နည်းလမ်းတစ်ခုပါ။

သစ်သီးလေးတွေစားပေးပါ – လတ်လတ်ဆတ်ဆတ် သစ်သီးလေးတွေစားပေးပါ။ အရည်ရွှမ်းတဲ့အသီးလေးတွေက အဆင်ပြေဆုံးပါနော်။နွေပူပူမှာ ဖရဲသီ၊ ပန်းသီးနဲ့ စပျစ်သီးတို့လိုမျိုး အသီးတွေစားပေးပါ။

အရိပ်ရပြီးအေးတဲ့နေရာမှာနေပါ -နွေပူရင် သစ်ရိပ်ဝါးရိပ်က အတော်လေးအေးတာပါ။ ရန်ကုန်မြို့ကြီးမှာတော့ သစ်ရိပ်ဝါးရိပ်က ရှားပါးပစ္စည်းပါ။ ဒီတော့လေဝင်လေထွက်ကောင်းတဲ့နေရာလေးမှာနေပါ။ အဲယားကွန်းတပ်ထားတယ်ဆိုရင် အဲယားကွန်းခန်းထဲမှာနေပါ။ တစ်ခုသတိထားရမှာက အပူထဲကပြန်လာလာချင်း အဲယားကွန်းဖွင့်ထားတဲ့အခန်းထဲ မဝင်ဖို့နဲ့ အဲကွန်းခန်းထဲကနေ အပူထဲကိုချက်ချင်းမထွက်လိုက်ဖို့ပါ။

ရေခဲရေမသောက်ပါနဲ့ -နွေပူပူမှာအေးအေးမှသောက်ချင်မှာဆိုပေမယ့်ရေခဲရေကတော့ နိုးပါနော်။ရေခဲရေကနွေရာသီမှာ အဆိပ်အတောက်ပါ။နေပူလည်း သဲအိုးထဲကရေအေးအေးကိုပဲသောက်ပါနော်။

ပင်ပင်ပန်းပန်းလုပ်တာမျိုးကိုရှောင်ပါ -နွေပူပူမှာ မလိုအပ်ဘဲ ပင်ပင်ပန်းပန်းလုပ်တာမျိုးကိုရှောင်ပါ။ချွေးထွက်လွန်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်တာကြောင့်ပါနော်။

အပူဒဏ်ကိုရှောင်လွှဲလို့မရပေမယ့်နေထိုင်မှုပုံစံလေးကို ဂရုစိုက်လို့ ကျန်းမာရေးကို ဂရုစိုက်ပါနော်။နွေရာသီကို ကျန်းမာစွာဖြတ်သန်းနိုင်ကြပါစေကြောင်း….

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေပူထဲသွားပြီး ခေါင်းတွေကိုက် နေပြီလား

နေပူထဲမှာ ခေါင်းတွေကိုက် တာက သာမန်အခြေအနေလည်း ဖြစ်နိုင်သလို အပူဒဏ်ကြောင့် ရေဓာတ်ဆုံးရှုံးပြီး နုံးတာ၊ အပူလျှပ်တာရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကပ်ဘေးရဲ့ မွန်းကျပ်မှုတွေကို Hiking ထွက် ပြီး ဖြေဖျောက်ကြမလား

ခြေလျှင်ခရီးထွက်တာ တနည်း Hiking ထွက် တာဟာ ကျန်းမာရေးကို အကျိုးကျေးဇူး အမြောက်အများပေးစွမ်းနိုင်ပါတယ်။ သင်ထင်မှတ်ထားတာတွေရော မထင်မှတ်ထားတာတွေရောပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ကျီးကန်းပါးစပ်ဝေဒနာကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။

ရေးသားသူ Ye Zon Aung
အခြားခံတွင်းရောဂါ ပြဿနာများ ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read