backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဗောဓိညောင် ဆေးဖက်ဝင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဗောဓိညောင် ဆေးဖက်ဝင်ပါတယ်

ဗောဓိညောင်ဆိုတာက ဗုဒ္ဓဘာသာဝင်တိုင်း အထွဋ်အမြတ်ထားကြတဲ့ အပင် တစ်မျိုးပါ။ ဗုဒ္ဓဂါယာမှာဆိုရင် ဘုရားရှင်ပွင့်တော်မူရာ ဗောဓိညောင်ပင်ကြီး ရှိပါတယ်။ ဒီအပင်ကြီးက ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ဖွားဖက်တော်ဆိုလည်း ဟုတ်ပါတယ်။ ဒီဗောဓိညောင်ပင်က အထွဋ်အမြတ် ကိုးကွယ်ရာတင် မဟုတ်ပါဘူး။ ဆေးဖက်လည်း ဝင်ပါသတဲ့။ ဘာကြောင့် ဗောဓိညောင် ဆေးဖက်ဝင်ပါတယ် လို့ ပြောရသလဲ ဆိုတာကို ကိုယ်တိုင် ဖတ်ကြည့်လိုက်တော့နော်။

ဗောဓိညောင် ဆိုတာ

ဗောဓိညောင်ဆိုတာက ညောင်ပင်နဲ့ ခပ်ဆင်ဆင် အပင် တစ်မျိုးပါ။ ဒီအပင်က သဖန်းပင်နဲ့ မျိုးရင်းတူပြီး mulberry မျိုးရင်းပင်ဆိုလည်း ဟုတ်ပါတယ်။ အရွက်က ဝိုင်းဝိုင်း ကြီးကြီးနဲ့ ထိပ်ဖျားမှာ ရှည်မြောမြောလေး ရှိပါတယ်။ အရွက်မှာ ရွက်ကြောတွေ ဖြာနေပြီး နုစဉ်မှာ ညီုတိုတို ရှိပြီး ရင့်လာချိန်မှာ အစိမ်းရောင်လေးပါ။

ဗောဓိညောင်က အရွက်တင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အခေါက်၊ ပင်စည်၊ အမြစ် စတာတွေကပါ ဆေးဖက်ဝင်ပါတယ်။

ဗောဓိညောင်မှာပါတဲ့ အာဟာရ

ဗောဓိညောင်က ဆေးဖက်ဝင်သလို အခုလို အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။

  • ဖလေဗာနွိုက်
  • တန်းနစ် အက်ဆစ်
  • aspartic acid
  • စတီးရွိုက်
  • methionine
  • ဗီတာမင်တွေနဲ့
  •  glycine တို့ ပါဝင်နေပါတယ်။

ဗောဓိညောင် ဆေးဖက်ဝင်ပါတယ်

ဗောဓိညောင်က အခုလို ဆေးဖက်ဝင်ပါတယ်။

  • အဖျားကျစေတယ်

ဗောဓိညောင်ပင်က အဖျားကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဗောဓိညောင်ရွက်ကို ရေဆူဆူမှာ ထည့်ပြုတ်ပြီး ပြုတ်ရည်ကို အသုံးပြုပေးလို့ ရသလို နွားနို့ထဲမှာ ထည့်ပြုတ်ပြီး သုံးဆောင်ပေးလို့ ရပါတယ်။ အအေးမိတာကို သက်သာစေနိုင်ပါတယ်။

  • ပန်းနာရင်ကျပ် သက်သာစေတယ်

ပန်းနာရင်ကျပ်က အတော်လေး နေရထိုင်ရ ခက်စေနိုင်ပါတယ်။ ညစ်ညမ်းမှုတွေကြောင့် ပိုဆိုးနိုင်သလို ကိုယ်တွင်းမှာလည်း အောက်ဆီဂျင် ရရှိမှု နည်းအောင် လုပ်ဆောင်နေပါတယ်။ ဗောဓိညောင်ရွက်ကို ပန်းနာရင်ကျပ် သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

  • မျက်စိနာတာ သက်သာစေတယ်

အကြောင်းအမျိုးမျိုးကြောင့် မျက်စိနာနိုင်သလို မျက်စိနာတာက အတော်လေး နေရထိုင်ရ ခက်စေသလို အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို ခံရခက်တဲ့ မျက်စိနာတာကို သက်သာစေဖို့အတွက်ဆိုရင်လည်း ဗောဓိညောင်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

  • ခံတွင်း ကျန်းမာစေတယ်

ညောင်ရွက်က ပါးစပ်ထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး သွားနဲ့ ခံတွင်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ သွားက အစွန်းအထင်းတွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးတာကိုလည်း သက်သာစေပါတယ်။

  • နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်တယ်

မကြာခဏ နှာခေါင်းသွေးလျှံလာပြီဆိုရင် ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ အရွက်ရဲ့ သတ္တုရည်ကို အသုံးပြုပေးလို့ ရပါတယ်။

  • အသည်း ကျန်းမာစေတယ်

ဗောဓိညောင်က အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အသည်း ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဗောဓိညောင်ရွက်ကို အသုံးပြုပေးတာက အသည်းကို သက်သာစေဖို့ ထောက်ကူပေးမှာပါ။

  • ဝမ်းမှန်စေတယ်

ဝမ်းချုပ်တာက တော်တော်လေး ကသိကအောက် ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ဝမ်းမှန်စေဖို့ဆိုရင် လုပ်ပေးလို့ ရတဲ့အရာ တစ်ခု ရှိပါတယ်။ ဒါကတော့ ဗောဓိညောင်ရွက်ပါ။ အစာခြေစနစ် ကျန်းမာစေပြီး အူတွေကို လှုပ်ရှားမှု ကောင်းစေသလို ဝမ်းမှန်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။

  • နှလုံးကျန်းမာစေတယ်

နှလုံးကျန်းမာစေဖို့က အတော်လေး အရေးကြီးပါတယ်။ ဒါကြောင့် နှလုံး ကျန်းမာစေဖို့ဆိုရင် ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်သလို နှလုံးရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

  • ဝမ်းပျက်တာကို သက်သာစေတယ်

ဝမ်းပျက်ဝမ်းလျှောတာကို ကာကွယ်ဖို့ဖြစ်ဖြစ် ကုသဖို့ဖြစ်ဖြစ် ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ ဝမ်းပျက်တာက ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးစေနိုင်သလို ကိုယ်တွင်းက ဓာတ်ဆားဓာတ်တွေကို လျော့ကျစေပြီး အဆိုးဆုံးအနေနဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။

  • သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်

ဗောဓိညောင်ရွက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရွက်သတ္တုရည်ကို သုံးပေးလို့ ရသလို အရွက်ကို အခြောက်ခံပြီး အမှုန့်ကိုလည်း အသုံးပြုပေးလို့ ရပါတယ်။

  • အသားအရေ ကျန်းမာစေတယ်
  • အသားအရေတွေ ယားယံတာ၊ အရေပြား ပိုးဝင်ကူးစက်တာတွေကို သက်သာစေဖို့အတွက် ဗောဓိညောင်ကို အနှစ်ကြိတ်ပြီး အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။ အခေါက်ကို သွေးပြီး သံပုရာရည်နဲ့ အရေပြားပေါ်မှာ လိမ်းပေးရင်လည်း ရပါတယ်။ ဖနောင့်ကွဲတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

     ဘေးထွက်ဆိုးကျိုး

    ဗောဓိညောင်က ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ တန်ဆေး လွန်ဘေး ဆိုသလို အများကြီး စားမိရင် သွေးပေါင်ကျတာ၊ သွေးတွင်းသကြားဓာတ် ကျဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

    သတိထားရမယ့် အချက်တွေ

    ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။

    သွေးတိုးရှိသူတွေအနေနဲ့တော့ သွေးကျဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးပေါင်ကျဆင်းတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။

    အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။

    ဗောဓိညောင်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement