backup og meta

ယားယံတဲ့ ဝက်ခြံတွေကို သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယားယံတဲ့ ဝက်ခြံတွေကို သက်သာစေဖို့

    ဝက်ခြံ ဆိုတာက အဖြစ်များတဲ့ အရေပြား ပြဿနာ ဖြစ်သလို ဝက်ခြံ မဖြစ်ဖူးသူကလည်း မရှိသလောက်ပါ။ ဆယ်ကျော်သက်တွေမှာဆိုရင်တော့ အပျိုဖော်ဝင်ချိန်မှာ ဝက်ခြံဖြစ်တာကို ကြုံဖူးကြပါတယ်။ အပျိုဖော် လူပျိုဖော် ဝင်ချိန်မှာ ဝက်ခြံ ပြဿနာနဲ့ တော်တော်လေး လုံးပန်းရတဲ့ ကာလပါ။ ဒီတစ်ခေါက်တော့ ယားယံတဲ့ ဝက်ခြံတွေကို သက်သာစေဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

    ဝက်ခြံ ဆိုတာ

    ဝက်ခြံ ဆိုတာက အရေပြား ပြဿနာ တစ်ခုပါ။ အရေပြားက ဂလင်းတွေ နဲ့ မွေးညင်းအိတ်တွေကို ရောင်ရမ်းစေပြီး အရေပြားမှာ အဖုအပိမ့်တွေ ထွက်စေတာပါ။ ဝက်ခြံက အခုလို အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။

    • အဆီပြန်လွန်းတာ၊ အရေပြားပေါ်မှာ ရှိတဲ့ အဆီဂလင်းတွေက အဆီတွေ ထွက်ရှိမှု များနေတာ
    • အရေပြားပေါ်က ချွေးပေါက်တွေမှာ အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေနဲ့ ဆဲလ်သေတွေကြောင့် ပိတ်ဆို့နေတာ
    • အဆီဂလင်းတွေထဲမှာ ဘက်တီးရီးယား ကူးစက်မှု ရှိနေတာ
    • ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝက်ခြံ ဖြစ်ရတာပါ။ 

    ဝက်ခြံတွေက ယားယံစေနိုင်လား!

    ဝက်ခြံတွေက ယားယံစေနိုင်ပါတယ်။ ဝက်ခြံတွေကို ယားယံစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ အပေါ်ယံ အရေပြား ပေါက်ပြဲတာ၊ အရေပြားဆဲလ်တွေ ခြောက်သွေ့တာ၊ ချွေးပေါက်တွေ ပိတ်ဆို့တာတွေက ဝက်ခြံ တွေကို ယားယံစေနိုင်ပါတယ်။ အသားအရေက ခြောက်လာလေလေ အသားက ယားလေလေက ပုံမှန် အခြေအနေပါပဲ။ 

    ဝက်ခြံတွေကို ယားယံစေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေကတော့ 

    • ဓာတ်မတည့်တာ
    • ဝက်ခြံအတွက်သုံးတဲ့ benzoyl peroxide ဆေးနဲ့ ဓာတ်ပြုမှု ဖြစ်တာ
    • အပူရှိန်ကြောင့် အရေပြား ယားယံတာ
    • နေရောင်၊ ခရမ်းလွန်ရောင်ခြည်ကြောင့်
    • ချွေးတွေကြောင့်လည်း ဝက်ခြံတွေ ယားယံနိုင်ပါတယ်။

     အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ ဝက်ခြံတွေ ယားယံလာတာက ဝက်ခြံတွေ သက်သာလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝက်ခြံက အနာကျက်လာချိန်မှာ ယားယံလာသလို အရေပြား နီမြန်းတာ နဲ့ ပြည်ဖုလိုမျိုး အရည်ကြည်ဖုတွေနေရာမှာ အစားထိုးနိုင်မယ့် အရေပြား အသစ်တွေ ဖြစ်ပေါ်လာပါတယ်။ ဒီဖြစ်စဉ် ဖြစ်ပေါ်နေချိန်မှာ ခန္ဓာကိုယ်က ဆဲလ်သေတွေကို ဖယ်ရှားပြီး အရေပြား အလွှာသစ်တွေ ဖြစ်ပေါ်စေပါတယ်။ အရေပြားခြောက်သွေ့တာ၊ အရေပြား အဖက်လန်တာ၊ ဆဲလ်သေတွေ ကွာကျတာက နေရခက်တဲ့ ယားယံမှုကို ဖြစ်စေနိုင်ပေမယ့် ဒါက အနာကျက်မှု ဖြစ်စဉ်ပါ။ 

    ယားယံတဲ့ ဝက်ခြံတွေကို သက်သာစေဖို့ 

    ယားယံတဲ့ ဝက်ခြံတွေကို သက်သာစေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ပေးလို့ ရပါတယ်။

    • ဝက်ခြံဖုလေး ဖြစ်လာပြီဆိုရင် ဝက်ခြံကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ ဆပ်ပြာပျော့ပျော့လေးနဲ့ သန့်စင်ပေးပါ
    • လက်တွေကို သန့်ရှင်းအောင် ထားပါ
    • ဝက်ခြံတွေကို ခဏခဏ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့
    • နေရောင်နဲ့ ထိတွေ့မှုကို ရှောင်ပါ
    • အရေပြား ခြောက်သွေ့ နီမြန်း ယားယံတာကို သက်သာစေဖို့ အစိုဓာတ်ထိန်း ခရင်မ် တစ်မျိုးမျိုးကို လိမ်းပါ
    • အဆီထွက်တာကို သက်သာစေဖို့ ဝက်ခြံအတွက် ထုတ်ထားတဲ့ ဆေးတွေကို သုံးပါ။ ဥပမာ salicylic acid ဖြစ်ဖြစ် သုံးလို့ရပါတယ်။ 
    • လိုအပ်ရင် ဆရာဝန်နဲ့ ပြသပါ။ 

    ဒီနည်းလမ်းလေးတွေက ဝက်ခြံ တွေကြောင့် ယားယံတာကို သက်သာစေဖို့ လုပ်ဆောင်ပေးနိုင်မှာပါ။ အကောင်းဆုံးကတော့ အရေပြားကို အစိုဓာတ်ထိန်းပေးပြီး သန့်စင်အောင် ထားပေးပါ။ ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့။ 

    # အမှာစကား

    ယားယံတဲ့ ဝက်ခြံ တွေက တော်တော်လေး ခံရခက်သလို ပြင်းပြင်းထန်ထန် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ချွေးပေါက်တွေ ပိတ်ဆို့တာက ဝက်ခြံကို ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်း တစ်ခုပါ။ ဝက်ခြံကြောင့် ယားယံတဲ့အခါ ကုတ်ဖဲ့တာက ခဏတာပဲ သက်သာစေတာ ဖြစ်ပြီး ရေရှည်မှာ ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံတွေ ယားယံတဲ့အခါ ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement