backup og meta

မအူပင် ဆေးဖက်ဝင် သလား!

မအူပင် ဆေးဖက်ဝင် သလား!

မအူပင်ကို မအူပင်လို့ သိကြသူ နည်းပေမယ့် ဘောလုံးပန်းလို့ ပြောလိုက်ရင်တော့ လူတိုင်းလိုလို သိမယ် ထင်ပါတယ်နော်။ အရွက်စိမ်းစိမ်း ခပ်ဖားဖား ပွင့်တတ်ပြီး အပွင့်လေးတွေကတော့ အဝါရောင် လုံးလုံးလေး ပေါ်မှာ အဖြူရောင် သေးသေးလေးတွေ အများကြီးပါပါတယ်။ ရိုးတံကတော့ စိမ်းစိမ်းလေးပေါ့။ ဒီတစ်ခေါက်တော့ ပြောပြချင်တာက မအူပင် ဆေးဖက်ဝင် သလား! ဆိုတာပါ။

မအူပင် ဆိုတာက

မအူပင်ဆိုတာက အပင်ကြီး တစ်မျိုးပါ။ မအူပင်ရဲ့ သိပ္ပံနာမည်ကတော့ Neolamarckia cadamba ပါ။ အမြဲစိမ်း အပင်တစ်မျိုးပါ။ ဆေးဖက်ဝင်သလို တောင်အာရှ နဲ့ အရှေ့တောင် အာရှဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အထူးသဖြင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာနိုင်ငံ၊ သီရိလင်္ကာနဲ့ ကမ္ဘောဒီယားနိုင်ငံတွေမှာ ပေါက်ရောက် ကြပါတယ်။ လာအို၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ပါပူးဝါး နယူးဂီနီနိုင်ငံတွေအပြင် ဩစတြေးလျနိုင်ငံတို့မှာလည်း ပေါက်ရောက်ကြပါတယ်။

မအူပင် ဆေးဖက်ဝင် သလား!

မအူပင် ဆေးဖက်ဝင် သလား! ဆိုတော့ ဆေးဖက်ဝင်ပါတယ်။ မအူပင်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ကူးစက်ရောဂါတွေကို သက်သာစေဖို့ရော ဆီးချိုရောဂါ သက်သာစေဖို့ပါ အသုံးပြုခဲ့ကြပါတယ်။ ဒီတော့ မအူပင် ဘယ်လို ဆေးဖက်ဝင်လဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

  • သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တယ်

ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်ဖို့အတွက် မအူပင်ရဲ့ အရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ မအူပင်က ဇီဝကမ္မဖြစ်စဉ် ကမောက်ကမ ဖြစ်တာကြောင့် သွေးတွင်းသကြားဓာတ် မတည်မငြိမ်ဖြစ်တာကို ထိထိရောက်ရောက် ထိန်းညှိပေးနိုင်ပါတယ်။

နောက်ထပ် အာနိသင် တစ်ခုက ပန်ခရိယက အင်ဆူလင် ထုတ်လွှတ်မှုကို ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။ ကစီဓာတ်​တွေ စားပြီးချိန်မှာလည်း ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

  • ကင်ဆာဆဲလ်တွေကို ထိန်းချုပ်ပေးတယ်

မအူပင်က ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို အတိုင်းအတာ တစ်ခုအထိ တားဆီးပေးနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာ၊ အူမကြီး ကင်ဆာ၊ ရင်သားကင်ဆာ နဲ့ အစာရေမျို ကင်ဆာ အပါအဝင် အမျိုးမျိုးသော ကင်ဆာတွေကြောင့် ဖြစ်တဲ့ ကင်ဆာကျိတ်တွေမှာရှိနေတဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားတာကို အတိုင်းအတာ တစ်ခုအထိ တားပေးနိုင်ပါတယ်။

  • မှိုပိုး ကူးစက်မှုတွေကို သက်သာစေတယ်

မအူပင်က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ အရေပြား မှိုပိုးဝင်တာ၊ နားမှိုပိုးဝင်တာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေဖို့ဆိုရင်တော့ မအူပင် အရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

  • အရိုးအကြော ပြဿနာတွေကို သက်သာစေတယ်

မအူပင်ရဲ့ နောက်ထပ် ဆေးဖက်ဝင်တဲ့ အချက်တစ်ခုကတော့ အဆစ်တွေ နဲ့ ကြွက်သားတွေမှာ ဖြစ်တဲ့ ထိခိုက်မှုတွေကို သက်သာစေတာပါ။ လေးဖက်နာတာ၊ ကြွက်သားတွေ တောင့်တင်းတာ၊ အဆစ်နာတာတွေကို သက်သာစေဖို့ မအူမြစ်ကို သွေးလိမ်းပေးလို့ ရပါတယ်။ ကြွက်သား ဒဏ်ဖြစ်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

မအူပင်ကို ဘက်တီးရီးယားတွေကြောင့် ဖြစ်တဲ့ ကူးစက်မှုတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ ဘက်တီးရီးယား ကူးစက်တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရသလို အစာခြေစနစ်၊ အာရုံကြောစနစ်၊ အရိုးတွေ၊ မျက်လုံးတွေမှာ ဘက်တီးရီးယားတွေ ဝင်ရောက် ကူးစက်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • သွေးတွင်းကိုလက်စထရော ထိန်းညှိပေးတယ်

မအူပင်ကို သွေးတွင်းအဆီဓာတ်ကို ထိန်းညှိဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ သွေးကြော အတွင်းနံရံတွေက အဆီတွေကို ဖယ်ရှားပေးပြီး သွေးကြောကျဉ်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သွေးထဲမှာ အဆီများပြီး သွေးကြောတွေ ကျဉ်းလာတဲ့အခါ နှလုံး နဲ့ ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု နည်းသွားပြီး လေဖြတ်တာလိုမျိုး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

  • ကပ်ပါးပိုးတွေကို ဖယ်ရှားပေးနိုင်တယ်

မအူပင်က တုတ်ပြားကောင်၊ သံကောင်လိုမျိုး ကပ်ပါးပိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ ကပ်ပါးပိုး ကူးစက်မှုတွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

ဗိုက်အောင့်တာ၊ မအီမသာ ဖြစ်တာ၊ အော့အန်တာ၊ ဝမ်းလျှောတာတွေနဲ့ အစားစားချင်စိတ် မရှိတာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • အစာခြေစနစ် ကျန်းမာစေတယ်

မအူပင်ကို အစာခြေစနစ် ပြဿနာတွေ ဖြစ်ကြတဲ့ ဝမ်းပျက်ဝမ်းလျှောတာ၊ အော့အန်တာတွေကို သက်သာစေဖို့လည်း အသုံးပြုလို့ ရပါတယ်။

သတိထားရမယ့် အချက်တွေ

ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။

ရောဂါအခံ ရှိသူတွေ အနေနဲ့လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။

မအူပင်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 Health benefits of Kadamba Tree (Burflower) https://www.healthbenefitstimes.com/kadamba-tree/ Accessed Date 18 May 2023

Kadam, Kadamba, Cadamba, Common bur-flower, Jabon, Sukhothai, Kalempayan, Bangkal https://davesgarden.com/guides/pf/go/142693/ Accessed Date 18 May 2023

Neolamarckia cadamba (Roxb.) F. Bosser https://plants.usda.gov/home/plantProfile?symbol=neca7 Accessed Date 18 May 2023

Cadamba: A miraculous tree having enormous pharmacological implications https://www.ncbi.nlm.nih.gov/pmc/articles/PMC4557232/ Accessed Date 18 May 2023

कदम्ब  – Anthocephalus cadamba https://indianmedicinalplants.info/herbs/index.php/sanskrit-names-of-plants/44-2012-02-24-07-34-36/285–anthocephalus-cadamba- Accessed Date 18 May 2023

ယခုပုံစံ

02/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရေဝါးရွက် ဆေးဖက်ဝင်သလား

ဗောဓိညောင် ဆေးဖက်ဝင်ပါတယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement