backup og meta

ရေဝါးရွက် ဆေးဖက်ဝင်သလား

ရေဝါးရွက် ဆေးဖက်ဝင်သလား

ရေဝါးရွက် ဆိုတာကို သိသူတွေလည်း ရှိသလို အပင်ကို မြင်ဖူးပြီး အမည်နဲ့ မတွဲမိတာ၊ လုံးဝ မသိတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အပင်လေးလည်း လှသလို အရွက်လေးရဲ့ အရောင်လေးပါ ချစ်စရာကောင်းတဲ့ ရေဝါးရွက်လေးက ဘယ်လို ဆေးဖက်ဝင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ရေဝါးရွက် ဆေးဖက်ဝင်သလား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ရေဝါးရွက် ဆိုတာ

ရေဝါးရွက် ဆိုတာက ရေဝါးပင်ရဲ့ အရွက်ပါ။ ရေဝါးပင်ဆိုတာက နွယ်ပင်တစ်မျိုးပါ။ အပင်က အပေါ်ကို နွယ်တက်တာမျိုး မဟုတ်ဘဲ လိုက်ကာလေးလိုမျိုး အောက်ဘက်ကို နွယ်ဆင်းတာပါ။ အရွက်က ခရမ်းရောင်ကနေ အနီရောင်ရှိပါတယ်။ အရွက်လေးတွေက ထိပ်ပိုင်းမှာ ချွန်ချွန်လေးပါ။ ရိုးတံနဲ့ အရွက်လေးတွေမှာ အမွေးပါးလေးတွေ ဖုံးနေပါတယ်။

ရေဝါးရွက် ဆေးဖက်ဝင်သလား

ရေဝါးရွက် ဆေးဖက်ဝင်သလား ဆိုတော့ လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ရေဝါးရွက်ကို ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြတာပါ။ အကြောင်းကတော့ ရေဝါးရွက်က ဆေးဖက်ဝင် အပင် တစ်မျိုး ဖြစ်တာကြောင့်ပါ။ ရေဝါးရွက်က အလှစိုက်ကြတာ များပေမယ့် တကယ်ကတော့ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။

ရေဝါးရွက်ကို အသုံးများတဲ့ ကျန်းမာရေး ပြဿနာကတော့ နာတာရှည် ရောဂါတစ်မျိုး ဖြစ်တဲ့ ဆီးချိုရောဂါပါ။ ဆီးချိုရောဂါ ရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့အတွက် ရေဝါးရွက်ကို အသုံးပြုကြပါတယ်။

  • ဆီးချိုရောဂါ

ဆီးချိုရောဂါက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဆီးချိုရောဂါက အချိန်ကြာလာတဲ့အခါ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သလို ကျောက်ကပ် ထိခိုက်တာ အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အသုံးပြုပေးလို့ ရပါတယ်။

ဆီးချိုရှိသူတွေ အနေနဲ့ ရေဝါးရွက်ကို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့နဲ့ ဆီးချိုနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့ အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက် အဆီအနှစ်တွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။

  • သွေးတိုးရောဂါ

ရေဝါးရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ သွေးပေါင်ကို ထိန်းညှိပေးတာပါ။ သွေးတိုးတာကို သက်သာစေဖို့အတွက် ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက်က သွေးပေါင်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးရှိသူတွေအတွက် သဘာဝ ဆေးဖက်ဝင် အပင်တစ်မျိုးပါ။

ရေဝါးရွက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

  • အသားအရေ ကျန်းမာစေတယ်

မျက်နှာပေါ်က အမည်းစက်တွေ၊ ဝက်ခြံ နဲ့ ဆားဝက်ခြံတွေ သက်သာစေဖို့ဆိုရင် ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက်ကို ကြိတ်ပြီး မျက်နှာပေါ်က ဝက်ခြံတွေမှာ အသုံးပြုပေးလို့ ရပါတယ်။

  • အရေပြား ပြဿနာ ကင်းစေတယ်

အရေပြားမှာ ဖြစ်တတ်တဲ့ ပွေး၊ ဝဲ၊ ညှင်းတို့လိုမျိုး အရေပြားပြဿနာတွေ ကင်းစေဖို့နဲ့ သက်သာစေဖို့ဆိုရင်လည်း ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရပြားပြဿနာ အမျိုးမျိုးကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ရတဲ့ သဘာဝ အပင်တစ်မျိုးပါ။

  • အရောင်ကျစေနိုင်တယ်

ရေဝါးရွက်က အဆစ်တွေ ရောင်တာ၊ အရေပြား ရောင်တာ၊ ဝက်ခြံကြောင့် အရေပြားတွေကို ရောင်ရမ်းတာကို သက်သာစေဖို့အတွက်လည်း ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ဘေးထွက်ဆိုးကျိုး

ရေဝါးရွက်က ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ တန်ဆေး လွန်ဘေး ဆိုသလို အများကြီး စားမိရင် သွေးပေါင်ကျတာ၊ သွေးတွင်းသကြားဓာတ် ကျဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

သတိထားရမယ့် အချက်တွေ

ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။

သွေးတိုးရှိသူတွေအနေနဲ့တော့ သွေးကျဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးပေါင်ကျဆင်းတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။

အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။

ရေဝါးရွက်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

RED WATER GRASS (ZEBRINA PENDULA ) FOR DIABETES https://www.islandherbsandspices.com/red-water-grass-zebrina-pendula-for-diabetes/#:~:text=Red%20Water%20Grass%20is%20fast,time%20may%20even%20reverse%20diabetes. Accessed Date 31 October 2022

Exotic List of Jamaican Herbs and Spices and Health Benefits https://drhealthbenefits.com/herbal/herbal-plant/list-of-jamaican-herbs-and-spices-and-health-benefits Accessed Date 31 October 2022

Commelina diffusa also called ‘red water grass’ is used in the treatment of Diabetes. https://1touchglobaltrading.com/products/jamaican-red-water-grass Accessed Date 31 October 2022

Bothriochloa macra (Red grass) https://www.dpi.nsw.gov.au/agriculture/pastures-and-rangelands/rangelands/publications-and-information/grassedup/species/red-grass Accessed Date 31 October 2022

What Are the Medical Uses of Tradescantia Zebrina? https://www.thehealthboard.com/what-are-the-medical-uses-of-tradescantia-zebrina.htm Accessed Date 31 October 2022

ယခုပုံစံ

16/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Royal Jelly (ရွိုင်ရယ် ဂျယ်လီ) ဆေးဖက်ဝင်သလား

ကြိတ်မှန်ရွက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement