backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သော်ကပင် ဆေးဖက်ဝင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သော်ကပင် ဆေးဖက်ဝင်သလား

သော်ကပင်ကို သိသူတွေလည်း ရှိသလို မသိသူတွေလည်း ရှိနိုင်ပါတယ်။ သော်ကပင်တွေက အတွေ့ရများပေမယ့် နာမည်နဲ့ အပင်ကို တွဲမသိကြတာက ပိုများပါတယ်။ မျက်လုံးထဲ မြင်သာအောင် ပြောပြရရင် သော်ကပင်က အလှစိုက် အပင်တစ်မျိုးနဲ့ တူပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး အရွက်ရှည်ရှည်လေးတွေ ပိုင်ဆိုင်ထားတဲ့ အပင် တစ်မျိုးပါ။ ဒီတစ်ခေါက်တော့ သော်ကပင် ဆေးဖက်ဝင်သလား ။ ဘယ်လိုတွေ ဆေးဖက်ဝင်သလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

သော်ကပင် ဆိုတာ

သော်ကပင် ဆိုတာက မိုးသစ်တောအပင် တစ်မျိုးပါ။ အိန္ဒိယတိုက်ထဲမှာ တွေ့ရနိုင်ပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး အစိမ်းရင့်ရောင် အရွက်ရှည်ရှည်လေးတွေပိုင်ဆိုင်ထားပါတယ်။ အပင်ရဲ့ ပုံပန်းသဏ္ဍာန်က ကတော့ မှောက်ရက်အနေအထားနဲ့ တူပါတယ်။ လိမ္မော်ရောင် နဲ့ အဝါရောင် ပန်းလေးတွေ အခိုင်လိုက် ပွင့်တတ်ပြီး မကြွေခင်မှာ အနီရောင် ပြောင်းသွားတတ်ပါတယ်။ အိန္ဒိယလူမျိုးတွေ အမြတ်တနိုးထားကြတဲ့ အပင်တစ်မျိုးပါ။

သော်ကပင်မှာပါတဲ့ အာဟာရဓာတ်တွေ

သော်ကပင်မှာ များစွာသော အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • tannin
  • glycoside
  • essential oils
  • ကယ်လ်ဆီယမ်
  • သံဓာတ်
  • ကာဗွန်ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

သော်ကပင် ဆေးဖက်ဝင်သလား

သော်ကပင် ဆေးဖက်ဝင်သလား ဆိုတော့ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။ သော်ကပင်က အရွက်၊ အခေါက်၊ အစေ့ အားလုံးက ဆေးဖက်ဝင်ပါတယ်။

  • ဝက်ခြံ သက်သာစေတယ်

သော်ကပင်အခေါက်ကို ပြုတ်ပြီး အနှစ်တိုက်လိုက်ပါ။ ပြီးရင် မုန်ညှင်းဆီထည့်ပြီး အအေးခံလို့ အရေပြားပေါ်မှာ လိမ်းပေးတာက ဝက်ခြံ သက်သာစေနိုင်ပါတယ်။

  • ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်

သော်ကပင်ရဲ့ ကျန်းမာရေး အာနိသင် တစ်ခုက သားအိမ်ကြွက်သားတွေကို ကျန်းမာစေပြီး ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာ၊ သားအိမ်ထဲမှာ သွေးကျန်တာ၊ ရာသီသွေး မမှန်တာ၊ သားအိမ်ထဲမှာ ရေအိတ်တည်တာတွေ မဖြစ်အောင် ကာကွယ်ပေးတာပါ။ အမျိုးသမီး ကျန်းမာရေးအတွက် အသုံးတည့်တဲ့ အပင် တစ်မျိုးပါ။

  • မှတ်ဉာဏ်ကောင်းစေတယ်

သော်ကပင်ရဲ့ အခေါက်ကို အမှုန့်ကြိတ်ပြီး နွားနို့နဲ့ သောက်ပေးတာက ဦးနှောက်နဲ့ အာရုံကြောကို ကျန်းမာစေပြီး မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • သွေးသန့်စေတယ်

သော်ကပင်ရဲ့ နောက်ထပ် ကျန်းမာရေးအာနိသင် တစ်ရပ်က သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာပါ။ ဓာတ်မတည့်မှုတွေ မဖြစ်အောင် ကာကွယ်ပေးသလို အရေပြားမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

  • အစာအိမ်ရောင်တာကို သက်သာစေတယ်

အစာအိမ်ရောင်တာတွေကို သက်သာချင်တယ်ဆိုရင် သော်ကပင်ရဲ့ အရွက်နဲ့ အခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။ မှိုပိုးတွေကို ဖယ်ရှားပေးနိုင်သလို ဘက်တီးရီးယားတွေနဲ့ အစာခြေစနစ်တွင်းက သန်ကောင်တွေကို ဖယ်ရှားပေးပါတယ်။ ရင်ပူတာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • ဆီးချို သက်သာစေတယ်

သော်ကပင်ရဲ့ အပွင့်လေးတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးချိုထိန်းပေးပါတယ်။ ဆီးချိုရှိသူတွေ အနေနဲ့ အသုံးပြုပေးလို့ ရပါတယ်။

  • လိပ်ခေါင်း သက်သာစေတယ်

အတွင်းလိပ်ခေါင်းရော အပြင်လိပ်ခေါင်းပါ သက်သာစေဖို့အတွက် သော်ကပင်ရဲ့ အခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။

  • ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေတယ်

ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေဖို့အတွက် သော်ကပင်ရဲ့ အပွင့်၊ အရွက်၊ အခေါက် အာလုံးတို့ကို အသုံးပြုပေးလို့ ရပါတယ်။ ဗိုက်ထဲက ရစ်နာတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • ပန်းနာရင်ကျပ် သက်သာစေတယ်

သော်ကပင်ရဲ့ အရွက်ကို ပန်းနာရင်ကျပ် သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။ သော်ကပင်ရဲ့ အရွက်ကို နေပြအခြောက်ခံ အမှုန့်လုပ်ပြီး ကွမ်းရွက်နဲ့ တွဲစားပေးရမှာပါ။

  • ကျောက်ကပ် ကျောက်တည်တာကို သက်သာစေတယ်

သော်ကပင်ရဲ့ အစေ့ကို အမှုန့်လုပ်ပြီး အသုံးပြုပေးတာကလည်း ကျောက်ကပ်ကျောက်တည်တာကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။

  • အကိုက်အခဲပျောက်စေတယ်

နာကျင်ကိုက်ခဲမှုတွေ သက်သာစေဖို့အတွက်လည်း သော်ကပင်ရဲ့ အဆီအနှစ်ကို အသုံးပြုပေးလို့ ရပါတယ်။ အဆစ်တွေနာကျင်တာကို သက်သာစေဖို့ဆိုရင် သော်ကပင်ခေါက်ကို သွေးလိမ်းပေးလို့လည်း ရပါတယ်။

ဘေးထွက်ဆိုးကျိုး

သော်ကပင်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် တစ်ခု သတိထားရမှာကတော့ အလွန်အကျွံ မသုံးဖို့ပါ။ အရင်က သုံးဖူးပြီး ဓာတ်မတည့်ပြဿနာဖြစ်ဖူးရင်လည်း ထပ်မသုံးသင့်ပါ။ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုရင် အသုံးပြုတာကို ချက်ချင်းရပ်ပြီး နီးစပ်ရာဆေးခန်းကို အလျင်အမြန် သွားရောက်ဖို့ လိုပါမယ်။

သတိပြုရန် အချက်များ

သော်ကပင်ကို အရေပြားပေါ်မှာ တိုက်ရိုက်အသုံးပြုတာက ပြဿနာ မရှိပေမယ့် သောက်မယ်ဆိုရင်တော့ ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရမယ်။ ကိုယ်ဝန်ဆောင်ဖြစ်မယ်။ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။ ဆီးချိုဆေးတွေ၊ သွေးကျဆေး၊ သွေးမခဲဆေးတွေနဲ့လည်း ဓာတ်ပြုနိုင်တာကြောင့် ဒီဆေးတွေ သောက်နေမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်။

သော်ကပင်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ဆက်ပြီး လေ့လာဖို့ လိုပါသေးတယ်။ မိမိမှာ အထက်ပါရောဂါတွေ ခံစားနေရမယ်ဆိုရင် တတ်ကျွမ်းနားလည်သူနဲ့ ပြသပြီး ကုသတာက အကောင်းဆုံး ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement