backup og meta

မြက်ချို ဆေးဖက်ဝင်သလား

မြက်ချို ဆေးဖက်ဝင်သလား

မြက်ချို ဆေးဖက်ဝင်သလား ဆိုတာ မပြောခင် မြက်ချိုကို သိတဲ့သူတွေ ရှိသလို မသိသူတွေလည်း ရှိနိုင်ပါတယ်။ မြက်ချိုဆိုတာက မြက်တစ်မျိုး ဖြစ်ပြီး အရွက်ရှည်ရှည် အစိမ်းဖန့်ဖန့်လေးပါ။ စားလို့ရသလို ဆေးဖက်လည်း ဝင်ပါတယ်။ ဒီတစ်ခေါက်တော့ ချောင်းဆိုးပျောက်အောင် သောက်လေ့ရှိကြတဲ့ မြက်ချိုက ဘယ်လို ဆေးဖက်ဝင်သလဲ …. ဆိုတာကို ပြောပြပေးချင်ပါတယ်။

မြက်ချို ဆိုတာ

မြက်ချိုဆိုတာက မြက်မျိုးရင်းဝင် တစ်မျိုးပါ။ မြက်ဆိုတဲ့အတိုင်း အရွက်စိမ်းစိမ်း ရှည်ရှည်လေးပါ။ အရွက်က အခြားမြက်တွေလို မမာဘဲ ပျော့ပျော့ဖားဖားလေးပါ။ အရိုးတံမာမာလေးနဲ့ အဖူးလေးတွေ ဖူးတတ်ပြီး အသီးလေးတွေလည်း သီးတတ်ပါတယ်။ အမြင့်က ၁ ပေ ကနေ ၃ ​ပေအထိ ရှည်လျားပါတယ်။ ဆေးဖက်ဝင်တဲ့ အပင်အနေနဲ့ အသုံးပြုကြသလို ဘာသာရေးအခမ်းအနားတွေမှာ အထွဋ်အမြတ် ပူဇော်စရာအဖြစ်လည်း အသုံးပြုကြပါတယ်။

နွေလတွေမှာ ခူးဆွတ်အခြောက်ခံပြီး အသုံးပြုရတာပါ။ မြက်ချိုက ဗင်နီလာနံ့ မွေးပါတယ်။ ဥရောပမှာတော့ မြက်ချိုကို ဆေးရွက်ကြီး အရသာ တိုးစေဖို့ အသုံးပြုကြသလို ဗော့ကာလိုမျိုး သောက်စရာတွေမှာ အရသာကောင်းစေဖို့ အသုံးပြုကြပါတယ်။

မြက်ချိုကို နေလှမ်း အခြောက်ခံပြီး တောင်းလေးတွေ ခြင်းလေးတွေ ယက်လုပ်တာမျိုးလည်း ရှိပါတယ်။

မြက်ချို ဆေးဖက်ဝင်သလား!

မြက်ချို ဆေးဖက်ဝင်သလား

မြက်ချိုက အခုလို ဆေးဖက်ဝင်ပါတယ်။

  • အအေးမိ သက်သာစေတယ်

မြက်ချိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရသလို တုပ်ကွေးကြောင့် ဖြစ်တဲ့ အဖျားတွေကိုလည်း ကျစေပါတယ်။ ရေနွေးဆူဆူထဲကို အခြောက်လှန်းထားတဲ့ မြက်ချိုကို ထည့်ပြီး သောက်ပေးလို့ ရပါတယ်။ မြက်ချိုခြောက်ကို မီးရှို့ပြီး အငွေ့ကို ရှူလို့ ရပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။

  • ချောင်းဆိုး သက်သာစေတယ်

ချောင်းဆိုးတာ သက်သာစေဖို့ မြက်ချိုကို ရေစင်အောင်ဆေးပြီး ကြိတ်လို့ သတ္တုရည်ကို သောက်ပေးလို့ ရသလို မြက်ချိုကို ရေနွေးဆူဆူထဲ ထည့်ပြီး သောက်ပေးလို့လည်း ရပါတယ်။ ချွဲတွေ ပျော်စေပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။

  • မျိုးပွားစနစ် ကျန်းမာစေတယ်

မြောက်အမေရိက ဒေသခံတွေက သားအိမ်ကနေ သွေးဆင်းတာ၊ ကလေးမွေးဖွားပြီးချိန်မှာ အချင်းကျစေဖို့ အသုံးပြုကြသလို ကိုယ်ဝန်ပျက်ကျထားတဲ့ အမျိုးသမီးတွေကို ကျန်းမာစေဖို့ဆိုပြီးလည်း သုံးကြပါတယ်။

  • မျက်လုံး ကျန်းမာစေတယ်

မျက်စိနာတာ၊ မျက်စိပိုးဝင်တာတွေကို သက်သာစေဖို့ဆိုရင်လည်း မြက်ချိုကို အသုံးပြုပေးလို့ ရပါတယ်။ မျက်စိနာတာကို သက်သာစေဖို့ဆိုရင် မြက်ချို ကို ရေစင်အောင် ဆေးကြောပြီး ကြိတ်ခြေလို့ သတ္တုရည်ကို အသုံးပြုပေးလို့ ရသလို မြက်ချိုစိမ်ထားတဲ့ ရေနွေးကို အအေးခံပြီးတော့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • အရောင်ကျစေနိုင်တယ်

မြက်ချိုက coumarin  ပါဝင်နေတာကြောင့် မွေးချိုချို အနံ့ထွက်နေတာပါ။ သွေးကျဲစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ မြက်ချိုက ဖောရောင်တာကို သက်သာစေနိုင်သလို အရောင်ကျစေဖို့လည်း ထောက်ကူပေးပါတယ်။ အရေပြားရောင်ရမ်းတာ၊ အဆစ်ရောင်တာတွေကို သက်သာစေဖို့အတွက်လည်း မြက်ချိုကို အသုံးပြုပေးလို့ ရပါတယ်။

ဘေးထွက်ဆိုးကျိုး

မြက်ချိုက ဆေးဖက်ဝင်တယ်ဆိုပေမယ့် တစ်ခု သတိထားရမှာကတော့ အလွန်အကျွံ မသုံးဖို့ပါ။ မြက်ချိုမှာပါတဲ့ Coumarinက အဆိပ်အတောက် ဖြစ်စေနိုင်တာကြောင့် အသည်းမှာ ထိခိုက်မိတာ၊ လိပ်ခေါင်းဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ အရင်က သုံးဖူးပြီး ဓာတ်မတည့်ပြဿနာဖြစ်ဖူးရင်လည်း ထပ်မသုံးသင့်ပါ။ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုရင် အသုံးပြုတာကို ချက်ချင်းရပ်ပြီး နီးစပ်ရာဆေးခန်းကို အလျင်အမြန် သွားရောက်ဖို့ လိုပါမယ်။

သတိပြုရန် အချက်များ

မြက်ချိုကို အရေပြားပေါ်မှာ တိုက်ရိုက်အသုံးပြုတာက ပြဿနာ မရှိပေမယ့် သောက်မယ်ဆိုရင်တော့ ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရမယ်။ ကိုယ်ဝန်ဆောင်ဖြစ်မယ်။ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။ သွေးကျဆေး၊ သွေးမခဲဆေးတွေနဲ့လည်း ဓာတ်ပြုနိုင်တာကြောင့် ဒီဆေးတွေ သောက်နေမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်။

မြက်ချိုက ဆေးဖက်ဝင်တယ် ဆိုပေမယ့် သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ဆက်ပြီး လေ့လာဖို့ လိုပါသေးတယ်။ မိမိမှာ အထက်ပါရောဂါတွေ ခံစားနေရမယ်ဆိုရင် တတ်ကျွမ်းနားလည်သူနဲ့ ပြသပြီး ကုသတာက အကောင်းဆုံး ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Health Benefits of Sweet Grass https://www.healthbenefitstimes.com/sweet-grass/ Accessed Date 6 October 2022

TRADITIONAL MEDICINE: SWEETGRASS https://www.creehealth.org/health-tips/traditional-medicine-sweetgrass Accessed Date 6 October 2022

Sweet Grass – Benefits, Uses and Side Effects https://www.herbal-supplement-resource.com/sweet-grass.html Accessed Date 6 October 2022

SWEET VERNAL GRASS https://www.rxlist.com/sweet_vernal_grass/supplements.htm Accessed Date 6 October 2022

Sweet Grass https://www.onlyfoods.net/sweet-grass.html Accessed Date 6 October 2022

ယခုပုံစံ

11/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Royal Jelly (ရွိုင်ရယ် ဂျယ်လီ) ဆေးဖက်ဝင်သလား

ကြောင်လျှာပွင့်လေးတွေ ကဆေးဖက်ဝင်လား .....


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement