မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ဖက်ယားရွက်ရဲ့ နောက်ထပ် အာနိသင်တစ်ခုက သွေးတိုးကျစေနိုင်တာပါ။ သွေးတိုးရောဂါကို သက်သာစေဖို့ အတွက်လည်း ဖက်ယားရွက်ကို အရင်ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဖက်ယားရွက်ကို ချက်ပြုတ်ပြီး စားသုံးလို့လည်း ရပါတယ်။
လေးဖက်နာရောဂါ ရှိသူတွေအနေနဲ့လည်း လေးဖက်နာကြောင့် ဖြစ်တဲ့ အဆစ်နာတာတွေကို သက်သာစေဖို့ ဖက်ယားရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ဖက်ယားရွက်မှာ ဓါတ်တိုးဆန့်ကျင် အာနိသင် ရှိတာကြောင့် အဆစ်အမြစ်တွေ နာကျင်ရောင်ရမ်းတာကို သိသိသာသာ သက်သာစေမှာပါ။
ဖက်ယားရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုက အစာခြေစနစ်ကို ကျန်းမာစေနိုင်တာပါ။ ဒါကြောင့် အစာအိမ် ရောဂါရှိတာ၊ အူလမ်းကြောင်းပြဿနာ ရှိသူတွေအနေနဲ့ ဖက်ယားရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
လေ့လာချက်တွေ အရ ဖက်ယားရွက်မှာ ပါဝင်နေတဲ့ အပင် ဒြပ်ပေါင်းတစ်ခုက ဆီးချိုသွေးချိုရှိသူတွေမှာ သွေးတွင်းသကြားဓါတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေ အနေနဲ့ ဖက်ယားရွက်ကို သဘာဝဆေးဖက်ဝင် အပင် တစ်ခု အနေနဲ့ အသုံးပြုပေးလို့ ရပါတယ်။
ဒါတွေပြင် ဖက်ယားရွက်က အနာသက်သာစေနိုင်သလို ဆီးရွှင်စေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ နာကျင်မှုကို သက်သာစေပြီး ခန္ဓါကိုယ်ကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ဖက်ယားရွက်က ဆေးဖက်ဝင်တာ မှန်ပေမယ့် ဒီအခြေအနေမျိုးမှာတော့ သတိထားဖို့ လိုမှာပါ။
ဖက်ယားရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့ရဲ့ အာနိသင်နဲ့ ပတ်သက်ပြီး ဆက်လက်လေ့လာမှုတွေ လုပ်ဖို့ လိုပါသေးတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ သစ်ဥသစ်ဖုတွေကို ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိတဲ့အခါ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးပြဿနာတစ်ခုခု ရှိတယ်ဆိုရင် မိမိသဘောနဲ့ မိမိ အသုံးမပြုဘဲ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။