သင့်ကျန်းမာရေးအတွက် ရေကူးပါ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

စာဖတ် ပရိသတ်ကြီးထဲမှာ ရေကူးဝါသနာပါတဲ့သူတွေ ရှိပါသလား။ လူဆိုတာ ရေဆို အင်မတန်မှ ကြိုက်တဲ့အတွက် ရေကူးတတ်သွားရင် ရေထဲကနေတောင် မထွက်ချင်ကြဘူးမလား ။ ဒါ့အပြင် ရေလမ်းခရီးတွေ သွားရင် ကြိုမပြောနိုင်တဲ့ အန္တရာယ်တွေ ရှိတဲ့အတွက် ရေကူးတတ်ထားဖို့ ဆိုတာ လိုအပ်တဲ့ အရာတစ်ခုပါ။ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပေး၊ ကိုယ့်အသက်ကိုလည်း ကယ်တင်ပေးတတ်တဲ့ ရေကူးခြင်း အားကစားဆိုတာ လူတိုင်းလိုက်စားသင့်တဲ့ အရာတစ်ခုပါ။ ။

ကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့ ရေကူးခြင်း။ ။

  • ၁ ။ ရေကူးရင် တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေကို အားပြု ရပါတယ်။ ။

အခြား အားကစားတွေလို တစ်နေရာတည်းအားပြုတာ မဟုတ်ဘဲ ရေကူးရင် တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားတွေ အားလုံးကို အသုံးပြုရတာ သင်သတိထားမိပါသလား။ တစ်ကိုယ်လုံးကို လှုပ်ရှားရတဲ့အတွက် cardio workout ကိုပါ လုပ်ပြီးသားဖြစ်သလို ရေထဲမှာ မိနစ် ၃၀ လောက်ရေကူးရင် gym မှာ ၄၅ မိနစ်လောက် လေ့ကျင့်ခန်းလုပ်တာနဲ့ ညီမျှတဲ့ ကယ်လိုရီလောင်ကျွမ်းပါတယ်။ ဒါကြောင့် ဝိတ်ချချင်တဲ့သူတွေ အတွက်လည်း ရေကူးခြင်း အားကစားက လုပ်သင့်တဲ့ အားကစားတစ်ခုပါ။ ။

  • သင့်နှလုံး အတွက် ရေကူးခြင်းဟာ အရမ်းကို အထောက်အကူပြုတဲ့ အရာတစ်ခုပါ။ ။

လှုပ်လှုပ်ရှားရှားလုပ်ရလေ နှလုံးကပိုညှစ်ရလေ ဖြစ်တဲ့အတွက် ရေကူးခြင်း အားကစားက နှလုံးကြွက်သားတွေရဲ့ ညှစ်အားကိုကောင်းစေပါတယ်။လေ့လာချက်တွေအရရေကူးတတ်တဲ့သူတွေ မှာ နှလုံးရောဂါဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းတောင်လျော့ကျတယ်လို့ ဆိုပါတယ်။

  • အဆုတ်ကိုလည်း အားကောင်းစေပါတယ်။ ။

ရေထဲက အပေါ်ပြန်တက်ပြီး အသက်ရှူရတဲ့အချိန်ဆို အဆုတ်က ေအာက်ဆီဂျင်ရအောင် အစွမ်းကုန် အလုပ်လုပ်တဲ့အတွက်ကြောင့် အဆုတ်ကြွက်သားတွေ အားကောင်းလာပါတယ်။ ဒါ့အပြင် လေတစ်ခါ ရှူထုတ်တိုင်း ကာဘွန်ဒိုင်အောက်ဆိုဒ် တွေ အများကြီးပါသွားပြီး ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်အတွက် နေရာလွတ်တွေ အများကြီးရှိသွားလို့ ကိုယ်တွင်းက မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ပိုပြီး ချေဖျက်အားကောင်းလာပါတယ်။

  • သက်လုံကောင်းစေတယ်။ ။

မြေပြင်ပေါ်မှာ အားကစားလုပ်မှ သက်လုံ ကောင်းစေတာ မဟုတ်ပါဘူး။ ရေကူးတယ်ဆိုတာကလည်း သက်လုံကောင်းအောင် လုပ်ပေးနိုင်တဲ့ အရာတစ်ခုပါ။ အပြင်မှာ ပြေးရင်တောင် ေချွးတွေထွက်ြပီး လူက နုန်းတတ်ပါသေးတယ်။ ရေထဲမှာဆို ချွေးမထွက်တဲ့အပြင် လူကလည်း ရေနဲ့ထိနေရတော့ နုန်းတယ်ဆိုတာ ဘာမှန်းတောင် မသိလောက်အောင် ရေကူးနည်း အားကစားက ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အရာတစ်ခုပါ။

  • စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ အပန်းဖြေနည်းတစ်ခုပါ။ ။

ရေထဲမှာဆို ပျော်တတ်ကြတာ လူတွေရဲ့ သဘာဝပဲမို့ ရေကူးခြင်း အားကစားဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဓါတ်ကျတာတွေ ကို လျော့ပါးစေပါတယ်။ လေ့လာချက်တွေ သေချာ မထွက်သေးပေမယ့်လည်း ကိုယ်စိတ်ညစ်နေတဲ့အချိန် ရေသွားကူးလိုက်ရင် ဖိစီးနေတဲ့ စိတ်တွေ ပြေလျော့ပြီး စိတ်လန်းဆန်းသွားတတ်ကြတာ လူတိုင်းပဲလေ။

  • ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

တစ်ကိုယ်လုံးကို အားသုံးပြီး လုပ်ရတဲ့ ကစားနည်းဖြစ်တာကြောင့် ဝိတ်ချချင်တဲ့သူတွေ အတွက် ရေကူးခြင်း အားကစားက ချွေးလည်းမထွက်၊ မောပန်းတာလည်း သိပ်မရှိစေဘဲ ကယ်လိုရီတွေကို အများကြီးလောင်ကျွမ်းစေတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုပါ။ တစ်နာရီလောက် ရေထဲမှာ ကူးခတ်လိုက်ရင် ကယ်လိုရီ ၂၀၀ လောက် လောင်ကျွမ်းသွားတဲ့အတွက် တစ်နာရီလမ်းလျှောက်လိုက်လို့ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီရဲ့ နှစ်ဆပါ။

  • စားဝင် အိပ်ပျော်စေတဲ့ အားကစားနည်းတစ်ခုပါ။

ရေကူးပြီး ရေထဲက တက်လာရင် သုံးလိုက်တဲ့ energy တွေ ပြန်ပြည့်ဖို့ အတွက် ကိုယ်ခန္ဓါက အစားတွေ ပိုတောင့်တနေတတ်တာကြောင့် ပိုပြီး စားဝင်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်လုံး အားသုံးထားတဲ့အတွက် ညဆို ပိုပြီး အိပ်ကောင်းတတ်ပါတယ်။

  • ကလေးတွေ ဖွံ့ဖြိုးဖို့ အတွက်လည်း အထောက်အကူပြုတဲ့ ကစားနည်းတစ်ခုပါ။

ဖုန်းတွေ ၊ အင်တာနက်တွေ ပေါ်လာတဲ့အတွက် ကလေးတွေ တစ်နေကုန် အိမ်တွင်းပဲအောင်နေလို့ သူတို့ရဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ဖွံ့ဖြိုးမှု နှောင့်နှေးနေတတ်ပါတယ်။ ဒီလို ဂိမ်းတွေပဲဆော့နေတဲ့ ကိုယ့်ကလေးကို ထွားစေချုင်တယ်၊ ကိုယ်လက်လှုပ်ရှားမှုလည်း ရှိစေချင်တယ်ဆိုရင်တော့ အားကစားနည်းတစ်ခုခု သင်ပေးလိုက်ပါ။ သက်လုံကိုလည်းကောင်းစေတယ် ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အရာတွေ အများကြီးရှိတယ်၊ ရေလမ်းခရီးသွားရင်လည်း ကိုယ့်အသက်ကို ကာကွယ်ပေးနိုင်တဲ့ ရေကူးနည်း သင်ပေးရင် အကောင်းဆုံးပေ့ါ။ ။

ကဲ ဒီလောက်ဆို ရေကူးခြင်း အားကစားဟာ လူတိုင်းအတွက် သင့်တော် ကောင်းမွန်ပြီး ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ကစားနည်းတစ်ခုဆိုတာ ယုံမှားဖွယ်မရှိပါဘူးနော်။ တစ်ခြား လေ့ကျင့်ခန်းတွေလို စက်ကိရိယာတွေ ဈေးကြီးပေးမဝယ်ရတဲ့အတွက် လူတိုင်းလည်း တတ်နိုင် ၊ ကျန်းမာရေးအတွက်လည်း အကျိုးရှိတဲ့ အားကစားတစ်မျိုးပါ။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့

စိတ်ထောင်းလို့ ကိုယ်ကြေဆိုသလိုပဲ စိတ်ဖိစီးတွေကြောင့် ခန္ဓာကိုယ်မှာ ဝန်ပိပြီး ပင်ပန်းနွမ်းနယ်တာတွေ၊ စိတ်ရှုပ်ထွေးတာ၊ အာရုံမစူးစိုက်နိုင်တာတွေ ဖြစ်လာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ကိုဗစ်ကြောင့် အနံ့ပျောက်တယ်လို့ ယူဆရင် ဆေးအရင်စစ်ပါ။ အနံ့ပြန်ရဖို့ အရင်မကြိုးစားပါနဲ့။ အနံ့ပျောက်တာက ယာယီပါ။ ဆေးစစ်ပြီး သူများကို မကူးအောင် အရင်ကာကွယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 12, 2020 . 3 mins read

ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် ရောဂါက ညဘက်မှာလည်း အမောထဖောက်တတ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို လေ့လာထားပြီး ကာကွယ်နည်းတွေကိုပါ သိထားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှုများတာမကောင်းပါဘူး။ ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် ဆိုးဆိုးရွားရွား လွန်ကဲနေပြီလို့ ပြောနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 3 mins read
ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 3 mins read
မကြာခဏဆီးသွား နေတတ်သူများအတွက်

မကြာခဏဆီးသွား နေတတ်သူများအတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read