backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Coronary Artery Disease (နှလုံးသွေးကြောဆိုင်ရာရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Coronary Artery Disease (နှလုံးသွေးကြောဆိုင်ရာရောဂါ) ကဘာလဲ။

သင့်၏နှလုံးအား သွေး အောက်စီဂျင် အာဟာရဓါတ်များထောက်ပံ့နေသော နှလုံးသွေးကြောများပျက်စီးသည့်အခါတွင်ဖြစ်သည်။ သင်၏သွေးကြောများတွင် အဆီများစုပြုံမိခြင်း(အဆီလွာ) ယောင်ယမ်းခြင်းတို့ကြောင့်ဖြစ်တတ်သည်။

ထိုအဆီလွာများမှသွေးကြောအားကျဉ်းစေပြီး နှလုံးသို့သွေးရောက်ရှိမှုကိုနည်းစေသည်။ ထိုသို့သွေးရောက်ရှိမှုနည်းခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း အသက်ရူကြပ်ခြင်းစသည့် နှလုံးသွေးကြောနှင့်ဆိုင်သောရောလက္ခဏာများပေါ်လာလိမ့်မည်။ သွေးကြောလုံးဝပိတ်သွားပါက နှလုံးကြွက်သားသေဆုံးခြင်းများဖြစ်နိုင်သည်။

နှလုံးသွေးကြော ဆိုင်ရာရောဂါများသည် နှစ်ပေါင်းအတန်ကြာရှိနေနိုင်သည့်အတွက် သွေးကြောလုံးဝပိတ်သွားခြင်း နှလုံးကြွက်သားသေဆုံးသွားသည့်အခါမှသတိထားမိတတ်သည်။ သို့သော် ထိုရောဂါမဖြစ်အောင်ကာကွယ်နည်းများစွာရှိပါသည်။ ကျန်းမာစေသည့် ဘဝနေနိုင်မှုများဖြင့် နေထိုင်ပါက များစွာကာကွယ်နိုင်သည်။

Coronary Artery Disease (နှလုံးသွေးကြောဆိုင်ရာရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

နှလုံးသွေးကြောဆိုင်ရာရောဂါသည်အဖြစ်များပါသည်။ ယောက်ျားလေးများတွင်ပိုဖြစ်တတ်သည်။ မိန်းကလေးများသွေးဆုံးပြီးပါကဖြစ်နှုန်းပိုများတတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Coronary Artery Disease (နှလုံးသွေးကြောဆိုင်ရာရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

သင့်နှလုံးသွေးကြောအတွင်း အဆီလွှာဖြစ်လာပါကနှလုံးသွေးကြောဆိုင်ရာရောဂါ၏ရောဂါလက္ခဏာများကိုစတင်ခံစားလာရလိမ့်မည်။

ရင်ဘတ်အောင့်ခြင်

ရင်ဘတ်ပေါ်တွင်ကြပ်နေခြင်း ဖိထားခြင်းသို့မဟုတ် တယောက်ယောက်မှ ရင်ဘတ်ပေါ်တက်ရပ်နေသည်ကိုခံစားရလိမ့်မည်။ ထိုအရာကိုရင်ဘတ်အောင့်ခြင်းဟုခေါ်သည်။ ရင်ဘတ်အလယ်နှင့်ဘယ်ဘက်တွင်ခံစားရလေ့ရှိသည်။ ရုပ်သို့မဟုတ် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများခြင်းကြောင့်ဖြစ်သည်။ ဖိအားများသောအရာအားရပ်တန့်ပြီး မိနစ်အနည်းငယ်တွင်ပြန်ကောင်းတတ်သည်။ သို့သော် အချို့ကိစ္စ များသောအားဖြင့်မိန်းကလေးများတွင် စူး၍နာခြင်းဖြစ်ပြီး လည်ပင်း လက်နှင့် ကျောနောက်ပိုင်းတွင်ခံစားရတတ်သည်။

အသက်ရူကြပ်ခြင်း

သင့်နှလုံးမှ ခန္ဓါကိုယ်လုံလောက်မှုရရန်သွေးမထုတ်နိုင်တော့သည့်အတွက် အသက်ရူကြပ်ခြင်း သို့မဟုတ် အလွန်နှုန်းခြင်း ပင်ပန်းခြင်းများဖြစ်တတ်သည်။

နှလုံးကြွက်သားရုတ်တရက်သေဆုံးခြင်း

အဆီလွာများ နှလုံးသွေးကြောအတွင်းလုံးဝပိတ်သွားပါက နှလုံးကြွက်သားများသေဆုံးသွားစေတတ်သည်။ တိကျသောလက္ခဏာများမှာ ရင်ဘတ်အတွင်းဆုတ်ချေလိုက်သကဲ့သို့ခံစားရခြင်း ပုခုံး လက်တွင်နာခြင်း နှင့် တခါတရံတွင် အသက်ရူကြပ်ခြင်းချွေးပြန်ခြင်းများဖြစ်တတ်သည်။

နှလုံးသွေးကြောအတွင်းအများအားဖြင့်ပြတတ်သောရောဂါလက္ခဏာမှာအောက်ပါအတိုင်းဖြစ်သည်။

မိန်းမများတွင်ယောက်ျားလေးများထက်ရောဂါလက္ခဏာတိတိကျကျမပေါ်တတ်ပါ ဥပမာ လည်ပင်း မေးရိုးနာခြင်း

ကံမကောင်းသည်မှာအချို့သော နှလုံးကြွက်သားသေဆုံးခြင်းသည် ရောဂါလက္ခဏာမပြတတ်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

နှလုံးကြွက်သားသေဆုံးသည်ဟု ကိုယ့်ကိုကိုသံသယဖြစ်ပါက သင့်နိုင်ငံ၏အရေးပေါ်ဖုန်းနံပါတ်ကိုဆက်ပါ။ အရေးပေါ်ဖုန်းနံပါတ်မရှိက အနီးဆုံးဆေးရုံသို့သင့်အားကားမောင်းပို့နိုင်သူကိုဆက်ပါ။ မတတ်နိုင်သည့်အခြေအနေမှကိုယ်တိုင်ကားမောင်းပါ။

နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားမှုမြင့်စေသောအကြောင်းများ ဥပမာ သွေးတိုး သွေးတွင်းအဆီဓါတ်များခြင်း ဆေးလိပ်သောက်ခြင်း ဆီးချို နှလုံးရောဂါမိသားစုမျိုးရိုးရှိခြင်း သို့မဟုတ်ဝခြင်း များရှိပါကဆရာဝန်နှင့်တိုင်ပင်ပါ။ ရောဂါလက္ခဏာများရှိပါကဆရာဝန်မှ အခြေအနေအားစမ်းသပ်လိမ့်မည်။

အကြောင်းရင်းများ

Coronary Artery Disease (နှလုံးသွေးကြောဆိုင်ရာရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

နှလုံးသွေးကြောဆိုင်ရာရောဂါသည် နှလုံးသွေးကြောအတွင်းပိုင်းစတင်ပျက်ဆီးခြင်းကြောင့်ဖြစ်သည်။ တခါတရံကလေးဘဝမှစ၍ဖြစ်တတ်သည်။ အကြောင်းအရာမျိုးစုံကြောင့်ဖြစ်နိုင်သည်။

  • ဆေးလိပ်သောက်ခြင်း
  • သွေးတိုးရှိခြင်း
  • သွေးတွင်းအဆီဓါတ်များခြင်း
  • ဆီးချိုရှိခြင်း
  • အထိုင်အထနည်းသောအလုပ်များလုပ်ခြင်း

သွေးကြောအတွင်းစတင်ပျက်ဆီးပါက အဆီများနှင့် အခြား ဆဲလ်အမှိုက်များက ထိုနေရာတွင်စုပြုံလာမည်။ ထိုအခြေအနေကို နှလုံးသွေးကြောကျဉ်းသည်ဟုခေါ်သည်။ အဆီလွာပေါက်ထွက်သွားပါက ပလိပ်လက်ဟုခေါ်သောသွေးဆဲလ်များကထိုနေရာတွင်စုပြုံလာပြီးသွေးကြောအားပြင်ရန်ကြိုစားလိမ့်မည်။ ထိုသို့ကြိုးစားမှုကြောင့်သွေးကြောပိတ်သွားနိုင်ပြီးနှလုံးကြွက်သားသေဆု့းခြင်းကိုဖြစ်စေသည်။

ထိုနှလုံးသွေးကြောခြင်းအပြင် အခြားနှလုံးသွေးကြောကို ပိတ်စေပျက်ဆီးစေသောရှားပါးသည့်အကြောင်းအရာများလည်းရှိသေးသည်။ သွေးကြောကျဉ်းခြင်းနှင့်ဆက်စပ်နေသော အခြားအကြောင်းအရာများမှာ

  • သွေးခဲခြင်း သို့မဟုတ် သွေးကြောသွင်းပိတ်ခြင်း
  • သွေးကြောဖောင်းနေခြင်းသို့မဟုတ် နှလုံးသွေးကြောယောင်ခြင်း
  • သွေးကြောယောင်ခြင်း သို့မဟုတ် သွေးကြောနံရံများထူခြင်း
  • သွေးကြောနံရံနှစ်ခုကြားသွေးစုပုံလာခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Coronary Artery Disease (နှလုံးသွေးကြောဆိုင်ရာရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားမှုနှုန်းကိုများစေသောအကြောင်းအရာအများကြီးရှိသည်ဟု ယုံကြည်ကြသည်။ ထိုအရာများမှာ

အသက်

အသက်ကြီးလျှင် သွေးကြောများကျဉ်းခြင်း ပျက်စီးခြင်းများပိုဖြစ်နိုင်သည်။

လိင်

ယောက်ျားလေးများတွင်ပိုဖြစ်နိုင်သည်။ သွေးဆုံးပြီးပါက မိန်းကလေးများတွင်ပိုဖြစ်နိုင်သည်။

မိသားစုမျိုးရိုးလိုက်ခြင်း

နီးစပ်သောမိသားစုမှဖြစ်လျင်ပိုဖြစ်တတ်သည်။ သငိအဖေသို့မဟုတ် အကို သည် အသက် ၅၅ မတိုင်မီ သို့မဟုတ် သင့်အမေသို့မဟုတ် အမသည် အသက် ၆၅မတိုင်မီဖြစ်ပါက သင့်တွင် ပိုဖြစ်နိုင်သည်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်သူများတွင် နှလုံးရောဂါပိုဖြစ်နိုင်သည်။ ထိုအပြင် အခြားသူ၏အငွေ့ကိုရူရှိုက်နေရသူတွင်လည်းဖြစ်နိုင်သည်။

သွေးတိုးရှိခြင်း

သွေးတိုးကိုမထိန်းပါက သွေးကြောများထူ၍မာခြင်းများဖြစ်လာနီုင်သည်။

သွေးတွင်းအဆီဓါတ်များခြင်း

သွေးတွင်းအဆီဓါတ်များခြင်းကြောင့် သွေးကြောတွင်းအဆီလွာများဖြစ်လာပြီး သွေးကြောကျဉ်းခြင်းကိုဖြစ်စေတတ်သည်။ အဆီဓါတ်မျာသည်ဆိုသည် မကောင်းသောအဆီဓါတ် အယ်ဒီအယ်များပြီးကောင်းသောအဆီဓါတ်အိပ်ဒီအယ်နည်းသောကြောင့် သွေးကြောကျဉ်းခြင်းများဖြစ်လာနိုင်သည်။

ဆီးချို

ဆီးချိုသည်လဲနှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနှုန်းကိုတက်စေသည်။ သွေးတိုးရှိခြင်း ဝခြင်းတို့က အမျိုးအစားနှစ် ဆီးချိုနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါတို့ကိုဖြစ်စေတတ်သည်။

အဝလွန်ခြင်း

အဝလွန်ခြင်းဖြင့်ဖြစ်ပွားနှုန်းကိုတက်စေသည်။

လှုပ်ရှားမှုမရှိခြင်း

လေ့ကျင့်ခန်းမလုပ်ပါက နှလုံးသွေးကြောဆိုင်ရာရောဂနှင့် အခြားအရာဖြစ်နှုန်းများကိုတတ်စေသည်။

စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများခြင်းသည် သင့် သွေးကြောသာမက အခြားရောဂါများလဲဖြစ်လာစေနိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Coronary Artery Disease (နှလုံးသွေးကြောဆိုင်ရာရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် နှလုံးသွေးကြောကျဉ်းလက္ခဏာများတူသောကြောင့် ရောဂါသေချာစေရန်အောက်ပါစမ်းသက်ချက်များပြုလုပ်လိမ်မည်။

နှလုံး၏လျှပ်စစ်စွမ်းရည်ပြဂရပ်။

သင့်နှလုံးခုန်နှုန်းနှင့် အခြားပုံမှန်မဟုတ်သည်များကိုတွေ့နိုင်သည်။

နှလုံးအား အာစရာဆောင်းရိုက်၍စစ်ဆေးခြင်း

နှလုံးပုံအားဓါတ်ပုံရယူနိုင်သည်။

လေ့ကျင့်ခန်းဖိစီးမှုအားစမ်းသက်ခြင်း။

သင့်နှလုံးအလုပ်လုပ်နေချိန်တွင်ရှိသော နှလုံးခုန်နှုန်းနှင့် လုပ်ကိုင်နိုင်သောစွမ်းရည်တို့ကိုဖော်ပြသည်။

ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း

သင့်နှလုံး အဆုတ်နှင့် အခြားရင်ဘတ်ထဲရှိ အဂါၤများအားသိနိုင်သည်။

နှလုံးအားပြွန်ထည့်စစ်ဆေးခြင်း

သွေးကြောများပိတ်မပိတ်ကိုကြည့်နိုင်သည်။

နှလုံးသွေးကြောအားဓါတ်မှန်ရိုက်ခြင်း

သွေးကြောပိတ်မပိတ်နှင့် သွေးစီးဆင်းနှုန်းကိုတိုင်းတာနိုင်သည်။

Coronary Artery Disease (နှလုံးသွေးကြောဆိုင်ရာရောဂါ) ကို ဘယ်လိုကုသပါသလဲ

ရောဂါအတည်ပြုပြီးပါက ကုသမှုနည်းလမ်းမျိုးစုံအားဆရာဝန်မှညွှန်ပြပေးလိမ့်မည်။

လူနေမှုပုံစံပြောင်းလဲခြင်း

အောက်ပါအချက်များက သွေးကြောအားပိုကျန်းမာလာစေသည်။

  • ဆေးလိပ်ဖြတ်ပါ။
  • အာဟာရှိသောအစာများစားပါ။
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
  • ဝိတ်ချပါ။
  • စိတ်ဖိစီးမှုလျော့ချပါ။

ဆေးဝါးကုထုံးများ

နှလုံးသွေးကြောဆိုင်ရာရောဂါအတွက်ကုသသောဆေးကုထုံးများစွာရှိပါသည်။

အဆီဓါတ်ပြောင်းလဲပေးသောဆေးများ

မကောင်းသောအဆီ (အယ်ဒီအယ် )နည်စေခြင်းဖြင့် သွေးကြောများတွင် ပထမစုပုံသောအရာအားကျစေသည်။

အက်ပလင် နေ့စဉ် အက်စလင် သို့မဟုတ် အခြားသွေးကြဲဆေးသောက်ရန်ညွန်ကြားလိမ့်မည်။ သွေးခဲမှုကိုလျော့ချစေခြင်းဖြင့် သွေးကြောပိတ်ခြင်းကိုကာကွယ်ပေးသည်။

ဘီတာပိတ်သောဆေး

နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကိုကျစေခြင်းဖြင့် သွေးလိုအပ်ချက်ကိုချပေးသည်။ နှလုံးကြွက်သားသေဆုံခြင်းရှိပါက ဤဆေးသည် နောက်တခါထပ်ဖြစ်နှုန်းကိုလျော့ချပေးနိုင်သည်။

နိုင်ထရို၈လိုင်စာရင်

ဆေးလုံး ဖြန်းဆေး ဆေးကပ်ပြားပုံစံမျိုးဖြင့်ရနိုင်ပြီး နှလု့းသွေးကြောအားခဏတာပြန်ချဲ့ပေးခြင် နှလုံးသွေးလိုအပ်မှုကိုလျော့ပေးခြင်းဖြင့် ရင်ဘတ်အောင့်ခြင်းကိုသက်သာစေသည်။

အန်ဂျီအိုတန်ဆင် ပြောင်းလဲပေးသောအင်ဇိုင်းအားပိတ်ဆေး (အေစီအီးအိုင်) နှင့် အန်ဂျီအိုတန်ဆင် ၂ အားပိတ်သောဆေး(အေအာဘီ)

ဤဆေးများသည် သွေးပေါင်ချိန်ကိုကျစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နှုန်းကိုကျစေသည်။

သွေးစီးဆင်းမှုကို ကောင်းစေသောနည်းလမ်းများ

တခါတရံတွင် ပြင်းထန်သောကုသမှုများလိုတတ်သည်။

အောက်ပါနည်းလမ်းများရှိသည်။

သွေးကြောအားပြုပြင်ခြင်းနှင့် အချောင်းထည့်ခြင်း(အရေပြာပေါ်မှ နှလုံးသွေးကြောပြန်စီးစေသောနည်း)

ဆရာဝန်မှ ရှည်ပြီးပါးသော ပြွန်အား ကျဉ်းနေသောသွေးကြောအတွင်းသို့ထည့်မည်။ ထိုပြွန်မှ ပြားနေသောဘောလုံးနှင့်ဝါယာတခုသည် သွေးကြောကျဉ်းနေသောနေရာသို့သွားမည်။ ဘောလုံးအားဖောင်းလိုက်လျင် သွေးကြောနံရံအတွင်းအနည်များအားဖိစေသည်။

နှလုံးသွေးကြောအားဖြတ်ဆက်သောခွဲစိတ်ခြင်း

အခြားသွေးကြောမှ အပိုင်းစအား ပိတ်နေသောသွေးကြောနေရာကို အစားထိုးမှုလုပ်မည်။ ထိုသို့လုပ်ခြင်းဖြင့် ကျဉ်းနေသောသို့မဟုတ် ပိတ်နေသော်သွေးကြောအား သွေးစီးဆင်းမှုများစေသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နှလုံးသွေးကြောဆိုင်ရာရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများအားကာကွယ်နိုင်ရန် အောက်ပါတို့ကိုလုပ်နိုင်သည်။

ကျန်းမာစေသောအစာအားစားခြင်း နှင့် ဆားလျော့စားခြင်း

သည် ရောဂါကာကွယ်ရန်အကောင်းဆုံးနည်းဖြစ်သည်။

အဝလွန်နေပါကဝိတ်ချပါ။

လေကျင့်ခန်းလုပ်ကါ။

သွေးတိုးထိန်းပါ။

ဆေးချိုထိန်းပါ။

သွေးတွင်းအဆီဓါတ်အားကောင်းစွာထိန်းသိမ်းပါ။

ဆေးလိပ်ဖြတ်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement