နှလုံးသွေးကြောကျဉ်းနဲ့ပတ်သက်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 18, 2020 . 3 mins read
Share now

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ တကမ္ဘာလုံးမှာ လူတွေသေဆုံးရခြင်းအကြောင်းအရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းတစ်ခုြဖစ်ပါတယ်။ နှလုံးဟာ ခန္ဒာကိုယ်တစ်ခုလုံးကို လိုအပ်တဲ့သွေးတွေရရှိအောင် ပို့ဆောင်ပေးနေတာမှန်ပေမယ့် နှလုံးကိုယ်တိုင်ကလည်း သွေးထောက်ပံ့မှုရရှိဖို့လိုပါတယ်။ နှလုံးကိုထောက်ပံ့နေတဲ့ အဓိကသွေးလွှတ်ကြောတွေထဲက တစ်ခုခု ရောဂါဖြစ်တာ ဒါမှမဟုတ်ပျက်ဆီးတဲ့အခါ နှလုံးစွမ်းဆောင်ရည်ကျဆင်းလာပြီး နောက်ဆက်တွဲဆိုးကျိူးတွေအများကြီးဖြစ်စေပါတယ်။ ကိုလက်စထရော (အဆီ) ပါဝင်တဲ့ အနည်တွေသွေးကြောမှာစုံပုံလာရာက သွေးကြောတွေ ရောင်ယမ်းလာပါတယ်။ အဲဒီနောက် သွေးကြောကို ကျဉ်းစေပါတယ်။ ဒီအခါ နှလုံးကိုထောက်ပံ့ပေးနေတဲ့သွေးလွှတ်ကြောတွေဟာ နှလုံးဆီကိုသွေးလုံလုံလောက်လောက်မပို့ပေးနိုင်တော့ပါဘူး။ အဲဒီအခါ ရင်ပတ်အောင့်ခြင်း၊ မောခြင်း၊ အသက်ရှူကြပ်ခြင်းနဲ့ တခြားလက္ခဏာတွေအပြင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဟာ ရုတ်တရက်ဝုန်းကနဲထဖြစ်တဲ့ ရောဂါမျိူးမဟုတ်ဘဲ ဖြည်းဖြည်းခြင်းတည်ဆောက်ပြီးမြှဖစ်တဲ့ရောဂါမို့ ရောဂါတော်တော်ရင့်မှ ဒါမှမဟုတ် သွေးကြောလုံးလုံးပိတ်မှ သတိထားမိတာမျိူးဖြစ်တတ်ပါတယ်။ ဒါပေမယ့်လဲ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေအများကြီးလဲရှိနေပါသေးတယ်။

 ရောဂါလက္ခဏာတွေ

နှလုံးကိုသွေးပို့ပေးနေတဲ့ သွေးလွှတ်ကြောတွေ ကျဉ်းသွားတဲ့အခါ နှလုံးဆီကို အောက်ဆီဂျင်ကြွယ်ဝတဲ့သွေးတွေ အလုံအလောက်မပို့ပေးနိုင်တော့ပါဘူး။ အထူးသဖြင့် ပုံမှန်ထက်အောက်ဆီဂျင်ပိုလိုတဲ့ အခြေအနေမျိူး ဥပမာ လေ့ကျင့်ခန်းလုပ်နေချိန်မျိူးမှာ ပိုပြီးသိသာပါတယ်။ အဲဒီအခါ ဒီလိုလက္ခဏာတွေပေါ်တတ်ပါတယ်။

 (၁) ရင်ဘတ်အောင့်ခြင်း 

နှလုံးသွေးကြောကျဉ်းကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တဲ့ပုံစံဟာ များသောအားဖြင့် တုံးလေးလေးကြီးနဲ့ဖိခံထားရသလို တင်းတင်းကြပ်ကြပ်အောင့်တဲ့ပုံစံမျိူးဖြစ်တတ်ပါတယ်။ ရင်ဘတ်အလယ် ဒါမှမဟုတ် ဘယ်ဖက်ခြမ်းမှာအောင့်တတ်ပါတယ်။ ခန္ဓာကိုယ်ဖိအား ဒါမှမဟုတ် စိတ်ဖိအားများတဲ့အချိန်မျိုးမှာ ပိုဖြစ်တတ်ပါတယ်။

(၂) မောခြင်း၊ အသက်ရှူမဝခြင်း 

နှလုံးဟာ သင့်ခန္ဒာကိုယ်က လိုအပ်တဲ့ သွေးကို လုံလုံလောက်လောက်မထောက်ပံ့နိုင်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ကျလာပြီး မောတာ၊ ကြပ်တာ၊ အသက်ရှူမဝသလိုခံစားရတာအပြင် လှုပ်လှုပ်ရှားလုပ်ရင် အားစိုက်အလုပ်လုပ်ရင် အရမ်းအားကုန်သလိုခံစားရနိုင်ပါတယ်။

(၃) နှလုံးတိုက်ခိုက်ခံရခြင်း သို့မဟုတ် နှလုံးအလုပ်မလုပ်နိုင်တော့ခြင်း 

နှလုံးသွေးကြောဟာ ကျဉ်းရုံမက လုံးလုံးပိတ်သွားပြီဆိုရင် နှလုံးတိုက်ခိုက်ခံရခြင်း ဒါမှမဟုတ် နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းြဖစ်ပါတယ်။အဲဒီအခါ ပုံမှန်ထက်ပိုပြီးအလွန်အမင်းရင်ပတ်အောင့်ခြင်း၊ ပခုံးဒါမှမဟုတ် လက်မောင်းနာကျင်ခြင်း၊ မေးရိုးနာကျင်ခြင်းတွေဖြစ်နိုင်သလို တခါတရံမှာတော့ ဘာလက္ခဏာမှမပြတာမျိူးကလဲ ရှိနိုင်ပါတယ်။

ဘာကြောင့်နှလုံးသွေးကြောကျဉ်းဖြစ်ရသလဲ

နှလုံးသွေးကြောရဲ့ အတွင်းဆုံးအလွှာကို ထိခိုက်မှုကနေစပြီးဖြစ်တာပါ။ တခါတရံမှာတော့ ကလေးဘဝကတည်းကတောင် စပြီး သွေးကြောအတွင်းဆုံးအလွှာ ထိခိုက်တာမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအချက်တွေကတော့ နှလုံးသွေးကြောကျဉ်းရဲ့ အဓိက တရားခံပါ။

  •  ဆေးလိပ်သောက်ခြင်း
  •  သွေးတိုးရောဂါရှိခြင်း
  •  သွေးတွင်းကိုလက်စထရောများခြင်း
  • ဆီးချိုသွေးချိုရောဂါရှိခြင်း
  • လှုပ်ရှားမှုနည်းပါးသော ဘဝနေထိုင်မှုပုံစံရှိခြင်း။
  •  နှလုံးသွေးကြောကျဉ်းရောဂါဟာ ဒီလိုအခြေအနေမျိူးတွေမှာလဲ ပိုပြီးးဖြစ်နိုင်ချေများပါတယ်။
  •  အသက်ကြီးခြင်း
  • အသက်အရွယ်ကြီးတဲ့အခါ ပျက်စီးမှုတွေထဲမှာ နှလုံးသွေးကြောတွေဟာလဲ ထိပ်ဆုံးကပါပါတယ်။

အမျိုးသားဖြစ်ခြင်း 

အမျိုးသားတွေဟာ အမျိူးသမီးတွေထက် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများပါတယ်။ဒါပေမယ့် သွေးဆုံးပြီးရင်တော့ အမျိုးသမီးတွေလဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေများပါတယ်။

မျိူးရိုးရှိခြင်း 

ကိုယ့်မျိူးရိုးထဲမှာ နှလုံးရောဂါဖြစ်တဲ့သူရှိရင် ကိုယ်တိုင်မှာလဲ ဖြစ်နိုင်ခြေရှိပါတယ်။ အထူးသဖြင့် ဆွေမျိူးအရင်းအချာမှာ ငယ်ငယ်ကတည်းကဖြစ်တဲ့နှလုံးရောဂါရှိရင် ပိုဆိုးပါတယ်။ဖြစ်နိုင်ချေအမြင့်ဆုံးအခြေအနေတွေကတော့ သင့်အဖေ ဒါမှမဟုတ် အကိုဟာ အသက်ငါးဆယ့်ငါးမတိုင်ခင် ဒါမှမဟုတ် သင့်အမေ ဒါမှမဟုတ် အမဟာ အသက် ခြောက်ဆယ့်ငါးမတိုင်ခင်နှလုံးရောဂါရှိရင် သင့်မှာလဲ နှလုံးသွေးကြောကျဉ်းဖြစ်တန်စွမ်းအရမ်းမြင့်သွားပါပြီ။

အဝလွန်ခြင်း 

အဝလွန်ခြင်းဟာ နှလုံးသွေးကြောကျဉ်းဖြစ်နိုင်ေချကိုများစေသလို ရောဂါဖြစ်နေရင်လဲ ပိုဆိုးစေပါတယ်။

 စိတ်ဖိစီးမှုများခြင်း 

လွှတ်ချမထားနိုင်တဲ့ဖိအားတွေများနေတာဟာ နှလုံးသွေးကြောကျဉ်းသာမက တခြားနှလုံးရောဂါတွေကို ဖိတ်ခေါ်နေတာနဲ့အတူတူပါပဲ။

မကျန်းမာစေတဲ့ စားသောက်မှုပုံစံ

 ပြည့်ဝဆီတွေ၊ ဆီတွေ၊ အငံ၊ ပြန်ကြော်ဆီတွေ၊ အချိူမှုန့် ကြက်သားမှုန့်လို ဟင်းခတ်မှုန့်တွေများများသုံးစွဲခြင်းဟာ နှလုံးသွေးကြောကျဉ်းကို ဖြစ်စေပါတယ်။

 အိပ်စက်ချိန်ဟောက်ပြီးအသက်ရှူရပ်ခြင်း 

အရင်တုန်းကတော့ ဒါကို သိပ်ဂရုမပြုကြပေမယ့် ဒီအခြေအနေဟာ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းအပြင် လေဖြတ်လေဖြန်းတွေနဲ့ အများကြီးဆက်စပ်နေတာမို့ အိပ်စက်စဉ်ဟောက်ပြီးအသက်ရှူနေတာရှိရင် ရောဂါအဖြစ်သတ်မှတ်ကုသဖို့လိုလာပါပြီ။

 အရက်သောက်ခြင်း 

အရက်ကို နေ့စဉ်သောက်သင့်တာထက်လွန်ကဲစွာသောက်ရင် နှလုံးကြွက်သားတွေကိုထိခိုက်ေစပါတယ်။

 နှလုံးသွေးကြောကျဉ်းမဖြစ်အောင် 

ဘဝနေထိုင်မှုပုံစံဟာ နှလုံးသွေးကြောကျဉ်းရောဂါမှာ အသက်တမျှအရေးကြီးပါတယ်။life style ပြောင်းလိုက်ရုံနဲ့  ဖြစ်နေတဲ့ရောဂါကို အများကြီးသက်သာအောင်လုပ်လို့ရသလို ရောဂါမဖြစ်အောင်လဲကာကွယ်နိုင်ပါတယ်။

 ဆေးလိပ်ဖြတ်ပါ။ သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီဓာတ်မြင့်တဲ့ အခြေအနေတွေရှိရင် စနစ်တကျ ကုပါ။ လှုပ်လှုပ်ရှားရှားနေပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ ဆီလျှော့ အငံ အချိူလျှော့ပြီး အသီးအရွက်များများစားပါ။ ကိုယ်အလေးချိန်ပုံမှန်အတွင်းဝင်ေအာင် ထိန်းသိမ်းပါ။ စိတ်ဖိစီးမှုကို ကောင်းကာင်းကိုင်တွယ်စီမံတတ်သူဖြစ်ပါစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရက်သောက်ခြင်းဟာ သင့်လိင်မှုဘဝအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသလဲ

အရက်သောက်ခြင်း လိင်မှုဘဝ လိင်ဆက်ဆံလိုစိတ် လိင်မှုစွမ်းဆောင်ရည် စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှုတွေ ဦးနှောက် တန်ဆေး လွန်ဘေး ဆုံးဖြတ်ချက်အမှားတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ဆေးလိပ်သောက်ခြင်းကို ကျောခိုင်းပြီးသည့်အခါ

ဆေးလိပ်သောက်ခြင်း၊ နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သွေးတိုး၊ တီဘီ၊ အမြင်အာရုံချို့ယွင်း၊ လေဖြတ်တာ၊ ကိုယ်ခံအားစနစ်၊ သားအိမ်ခေါင်းကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

COVID-19 ရောဂါဆိုင်ရာ အယူအဆအမှားများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောပြထားတဲ့ အဖြေမှန်များ(၂)

အရက်သောက်ခြင်း ဗိုင်းရပ်စ်ပိုး COVID-19 ကိုရိုနာဗိုင်းရပ်စ် ကြက်သွန်ဖြူ စိုထိုင်းဆမြင့် နှာခေါင်း အဆုတ်ရောင်ရောဂါကာကွယ်ဆေး အရက်ပြန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

အစားရွေးတဲ့ သားသားမီးမီး… အစားစားစေဖို့

စားသောက်မှုပုံစံ အစားရွေး သားသားမီးမီး အချိုစာတွေ ကြီးထွားဖွံ့ဖြိုးမှုနှေးမယ် ကိုယ်ခံအားနည်း အာရုံစူးစိုက်နိုင်စွမ်းသင်ယူနိုင်စွမ်း စားချင်စိတ် အားရပါးရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကျောက်ကပ် လေးကို ညှာတာပါ

ကျောက်ကပ် လေးကို ညှာတာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
သွေးကျဲဆေးသောက်နေရသူတွေ ဂရုစိုက်သင့်တဲ့ နေထိုင်မှုပုံစံ

သွေးကျဲဆေးသောက်နေရသူတွေ ဂရုစိုက်သင့်တဲ့ နေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2020
ဖောလိတ်ချို့တဲ့ခြင်းအကြောင်း

ဖောလိတ် ချို့တဲ့ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် မေ 13, 2020
သိုင်းရွိုက်အလုပ်လုပ်နည်းခြင်း (Hypothyridism) အတွက် စားသောက်မှုပုံစံ

သိုင်းရွိုက်အလုပ်လုပ်နည်းခြင်း (Hypothyridism) အတွက် စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် မေ 11, 2020