backup og meta

နှလုံးသွေးကြောကျဉ်း ရောဂါအကြောင်း သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးသွေးကြောကျဉ်း ရောဂါအကြောင်း သိကောင်းစရာ

    နှလုံးသွေးကြောကျဉ်းရောဂါဆိုတာဘာလဲ

    နှလုံးသွေးကြောကျဉ်းရောဂါဆိုသည်မှာနှလုံးကိုသွေးပို့နေသောသွေးကြောများ၏နံရံတွင် သွေးအနည်များတဖြည်းဖြည်းစုပုံလာခြင်းကြောင့် ဖြစ်သည်။ ကြာလာလျှင် ထိုအနည်ခဲများ ရုတ်တရက်ပေါက်ထွက်ပြီးနှလုံးသွေးကြောပိတ်ခြင်း ဖြစ်စေနိုင်သည်။ ထိုသို့ဖြစ်လျှင် နှလုံးကြွက်သားသည် လိုအပ်သောအောက်ဆီဂျင်နှင့်သွေးကိုမရရှိတော့ဘဲဆိုးကျိုးများ ဖြစ်ပေါ်စေသည်။

    ဘာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ရသလဲ

    နှလုံးသွေးကြောကျဉ်းရောဂါသည် သွေးကြောနံရံမာကြောလာခြင်းကြောင့် ဖြစ်သည်။ ကိုလက်စထရော၊ ကယ်လ်ဆီယံနှင့် ဆဲလ်အနည်များသည် နှလုံးသွေးကြော၏အတွင်းနံရံတွင် တဖြည်းဖြည်းစုပုံလာကာသွေးကြောနံရံမာကြောလာခြင်း ဖြစ်သည်။ ထိုအခါ သွေးကြောတဖြည်းဖြည်းကျဉ်းလာပြီးနှလုံးကြွက်သားသို့ သွေးရောက်ရှိမှုနည်းလာသည်။ ကြာလာလျှင် သွေးကြောပိတ်ကာလူနာသည် ရုတ်တရက်ရင်ဘတ်အောင့်ခြင်း(Angina) ဖြစ်လာနိုင်သည်။

    ရုတ်တရက်ရင်ဘတ်အောင့်ခြင်း(Angina) ၏လက္ခဏာများ

    Angina သည် နှလုံးကြွက်သားဆီသွေးလုံလောက်စွာမရောက်ရှိခြင်းကြောင့် ခံစားရသောလက္ခဏာတမျိုးဖြစ်သည်။ လူနာသည်ရင်ဘတ်ကိုဖိထားသကဲ့သို့ ခံစားရခြင်း၊ရင်ဘတ်အောင့်ခြင်း၊ ဘယ်ဘက်လက်၊ပခုံးနှင့် လည်ပင်းတို့အထိနာကျဉ်ခြင်းတို့ခံစားရနိုင်ပါသည်။

    မူမှန်သော Angina ပုံစံ

    လူနာသည် လှုပ်ရှားပြီးချိန်၊ အစာစားပြီးချိန်များတွင် ရင်ဘတ်အောင့်လာလျှင် မူမှန်သော Angina ပုံစံမျိုး ဖြစ်သည်။ နှလုံးသွေးကြောကျဉ်းနေပြီးသော (သွေးကြောမပိတ်သေးသော) သူများတွင်တွေ့ရသောပုံစံဖြစ်သည်။ ဖြစ်စဉ်မှာအားကစားသို့မဟုတ် လှုပ်ရှားမှု ပြုလုပ်ပြီးချိန်တွင်ကျဉ်းနေသောသွေးကြောများကနှလုံးကြွက်သားမှပုံမှန်ထက်ပိုလိုအပ်နေသောသွေးပမာဏကိုလုံလောက်စွာမပို့ပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ နားနေချိန်တွင်မူနှလုံးကြွက်သားများပုံမှန်အတိုင်းအလုပ်လုပ်နေသည့်အတွက် ရင်ဘတ်မအောင့်ပါ။ ထို့ကြောင့် မူမှန်သော Angina ပုံစံသည် နှလုံးသွေးကြောကျဉ်းနေသောသူများတွင်ဖြစ်သောပုံစံမျိုးဖြစ်သည်။

    ထိုသို့ သွေးကြောကျဉ်းရာမှ တဖြည်းဖြည်း ကြာလာလျှင် သွေးကြောနံရံရှိသွေးအနည်ခဲပေါက်ထွက်ပြီးရုတ်တရက်သွေးကြောပိတ်သွားနိုင်ပါသည်။ ထိုဖြစ်စဉ်သည် နှလုံးရောဂါလက္ခဏာစုထဲတွင်ပါဝင်ပြီးအရေးပေါ်ကုသမှုခံယူရမည် ဖြစ်သည်။

    မူမမှန်သော Angina ပုံစံ

    မူမမှန်သော Angina ပုံစံသည်လည်း နှလုံးရောဂါလက္ခဏာစုထဲတွင်ပါဝင်သည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းသွေးကြောနံရံရှိသွေးဆဲလ်အနည်ခဲပေါက်ထွက်ပြီးရုတ်တရက်သွေးကြောပိတ်သွားခြင်းဖြစ်သည်။ ထိုလူနာများသည် လှုပ်ရှားမှုပြုလုပ်မှရင်ဘတ်အောင့်ခြင်းမျိုးမဟုတ်ပါ။ နားနေချိန်တွင်လည်းရုတ်တရက်အောင့်ခြင်း ဖြစ်နိုင်သည်။ ထိုလူနာများသည် နှလုံးသွေးကြောလုံးဝပိတ်သွားပြီးနှလုံးကြွက်သားပုပ်သွားသည်အထိဖြစ်နိုင်သည်။

    ရုတ်တရက် နှလုံးထိခိုက်ခြင်းဆိုတာဘာလဲ

    နှလုံးကြွက်သားပုပ်ခြင်းသို့မဟုတ် ရုတ်တရက် နှလုံးထိခိုက်ခြင်းဆိုသည်မှာ နှလုံးရောဂါလက္ခဏာစုထဲတွင်ပါဝင်သောပိုပြင်းထန်သောပုံစံမျိုးဖြစ်သည်။ တနည်းပြောရလျှင် heart attack ဆိုသည်မှာနှလုံးသွေးကြောပိတ်ခြင်းကြောင့် နှလုံးကြွက်သားဆီသွေးမရောက်တော့သဖြင့်နှလုံးကြွက်သားအလုပ်မလုပ်တော့ခြင်းဖြစ်သည်။ ထိခိုက်သွားသော ကြွက်သားထုထည်အပေါ်မူတည်ပြီးရောဂါပြင်းထန်မှုအခြေအနေကွာခြားနိုင်သည်။

    နှလုံးထိခိုက်ပြီးတစ်နာရီအတွင်းအချိန်မီဆေးကုမှုခံယူလျှင် သွေးခဲပျော်ဆေးသို့မဟုတ် သွေးကြောချဲ့ခြင်းဖြင့် နှလုံးကြွက်သားပျက်စီးမှုဧရိယာကိုလျှော့ချနိုင်သည်။

    ထိုသို့ အချိန်မီကုသမှုခံယူပြီးစေကာမှု သွေးကြောထဲတွင်ကျန်ရှိနေသေးသောသွေးအနည်ခဲအရေအတွက်နှင့် ပျက်စီးသွားသောကြွက်သားပမာဏအပေါ်မူတည်ပြီးလူနာသည်နောက်တခါ နှလုံးထိခိုက်နိုင်ခြေရှိသေးသည်။ ထို့အပြင် နှလုံး၏လျှပ်စီးမှုများမူမမှန်ဖြစ်ကာနှလုံးရပ်သွားသည်အထိ ဖြစ်နိုင်သည်။

    ထို့ကြောင့် ရုတ်တရက် နှလုံးထိခိုက်ခြင်း(heart attack) ဖြစ်ပြီးလျှင် အထက်ပါနောက်ဆက်တွဲ ဖြစ်နိုင်ခြေများကိုတတ်နိုင်သမျှလျှော့ချသင့်သည်။

    သင့်အနေဖြင့်မည်သို့ လျှော့ချသင့်သလဲ။

    အထက်ပါနောက်ဆက်တွဲ ဖြစ်နိုင်ခြေများလျော့ကျရန်၊ထပ်မဖြစ်လာရန် ကာကွယ်ရမည်ဖြစ်သည်။ နှလုံးရောဂါရှိနေပြီးသောသူများကလည်းရောဂါပိုမဆိုးလာအောင် ကာကွယ်သင့်သည်။

    ဆရာဝန်နှင့်တိုင်ပင်ပါ။ စစ်ဆေးမှုများပြုလုပ်ပါ။ မိမိ၏နှလုံးရောဂါ အတိမ်အနက်အပေါ်မူတည်ပြီးဆေးဖြင့်ကုသခြင်း၊ခွဲစိတ်ကုသခြင်း၊ သွေးကြောချဲ့ခြင်း၊သွေးကြောထဲပြွန်ထဲ့ခြင်းစသည့်ကုသမှုများဖြင့် နှလုံးထိခိုက်နိုင်ခြေကိုလျှော့ချနိုင်ပါသည်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement